Twilight ရဲ့နောက်ဆက်တွဲ ဝတ္ထုသစ် (၂၀၂၀)ခုနှစ်ထဲ ထွက်တော့မယ်လို့ ကြေငြာခဲ့

Imdb/Twilight, Little, Brown and Company.com

Twilight ရဲ့ စာရေးဆရာမ Stephenie Meyer ကတော့ ပရိတ်သတ်တွေအတွက် မေလ ၅ ရက်နေ့တုန်းက သတင်းကောင်းတစ်ပုဒ် ပါးခဲ့ပါတယ်။ အဲဒါကတော့ နောက်ထွက်မယ့် စာအုပ်အသစ်အကြောင်းပါပဲ။

https://www.instagram.com/p/YOe3JHLRjz/

ကျွန်တော်တို့အနေနဲ့ Edward နဲ့ Bella ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန်စုံတွဲလေးကို မမြင်ရတော့တာ ၁၂ နှစ်လောက်ရှိနေပါပြီ။ ၂၀၀၈ ခုနှစ်တုန်းက The Twilight Saga ရုပ်ရှင် ထွက်ရှိလာခဲ့ပြီးနောက် နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ Twilight Breaking Dawn Part 2 ဟာ ၂၀၁၂ ခုနှစ်က ထွက်ထားခဲ့ပြီး မနေ့ကအထိ Twilight နဲ့ ပတ်သက်လို့ ဘာသတင်းမှ မယ်မယ်ရရမကြားရတော့ပါဘူး။ ဖြစ်နိုင်တာကတော့ သရုပ်ဆောင်များဖြစ်ကြတဲ့ Robert Pattinson နဲ့ Kristen Stewart တို့နှစ်ယောက် ချစ်သူတွေအပြင်မှာ တကယ်ဖြစ်ခဲ့ကြပြီးမှ လမ်းခွဲခဲ့ကြလို့ ဖြစ်နိုင်သလို စာရေးဆရာမ Stephenie Meyer ဟာလည်း ဇာတ်လမ်းသစ်ထပ်မရေးတော့လို့လည်း ဖြစ်နိုင်နေပါတယ်။

Amazon.com

ဒါပေမဲ့ အခုတော့ နောက်ထပ်စာအုပ်အသစ် ထွက်ဖို့ သေချာနေပြီလို့ ၁၂ နှစ်ကြာခဲ့ပြီးမှ Stephenie Meyer က ထုတ်ပြောပြလာခဲ့ပါတယ်။ Twilight ဇာတ်လမ်းတွေက ဝတ္ထုက စတင်ပေါက်ဖွားလာခဲ့တာပါ။ အခုနောက်ထွက်မယ့် စာအုပ်မှာတော့ Edward Cullen ရဲ့ ဘဝဇာတ်ကြောင်းကို ဦးစားပေး ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်လို့လည်း Good Morning America ရုပ်သံအစီအစဉ်မှာ ကြေငြာခဲ့ပါတယ်။

READ
နပန်းသတ်ရင်အားပေးမှာလားလို့ ပရိသတ်တွေကို မေးလိုက်တဲ့ မေပန်းချီ

 

စာအုပ်ရဲ့နာမည်ကတော့ Midnight Sun ပါတဲ့။ ယခုနှစ် ၂၀၂၀ ရဲ့ သြဂုတ်လ ၄ ရက်နေ့မှာ ထွက်မယ်လို့လည်း ဆရာမက အသိပေးသွားခဲ့ပါသေးတယ်။ စစချင်းတော့ ဒီစာအုပ်ကို သူမရဲ့ website မှာပဲ တင်ပေးသွားဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း စာရေးရင်း ရေးရင်း ဇာတ်ကောင် Edward Cullen ရဲ့ ရှုထောင့်ဟာ ပိုပြီး စိတ်ဝင်စားစရာကောင်းသလို ဇာတ်ကောင်ရဲ့ဥာဉ်ဟာလည်း အတွေးလွန်တတ်တဲ့အတွက် ဇာတ်လမ်းကလည်း ရှည်သွားမှာဖြစ်တာကြောင့် စာအုပ်ပဲ ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါတဲ့။

READ
အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ နန်းသီရိမောင်ရဲ့ ဓါတ်ပုံလေးတွေ

ဒီစာအုပ်ကိုတော့ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းဦးမလားဆိုတာကတော့ မသိရသေးပါဘူး။ အသက်သွင်းဖြစ်မယ်ဆိုရင်ရော ကျွန်တော်တို့အရင်က ရင်ခုန်ခဲ့ရတဲ့ Edward နဲ့ Bella တို့နေရာမှာ အရင်မင်းသားနဲ့ မင်းသမီးပဲ လာဦးမလားဆိုတာကလည်း တစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားဖွယ်ကောင်းနေပါတော့တယ်။

Littlebrown.com

Penny

SHARE