အမွှာညီအစ်ကိုချင်းမတည့်လို့ နှစ်(၂၀)ကျော်စကားမပြောပေမယ့်၊ သတ်သေပုံချင်းတူညီခဲ့

အသက် (၅၅)နှစ်တိုင်အောင် လူ့လောကမှာ နေထိုင်ခဲ့ကြတဲ့ David Mann နဲ့ Paul Mann တို့ အမွှာညီအစ်ကိုနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်လို့ အနှစ်(၂၀)ကြာ စကားမပြောခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အနှစ် (၂၀)ကျော်က ပီဇာစားသောက်တဲ့ ကိစ္စနဲ့ အချင်းများရန်ဖြစ်ခဲ့ရာမှ စကားမပြောကြတော့တာပါ။

Daily Mail သတင်းမှာတော့ ညီအစ်ကိုနှစ်ယောက်စလုံးဟာ တစ်ယောက်သေကြောင်းကြံစည်ပြီး သုံးလအကြာမှာ အခြားတစ်ယောက်ကလည်း တူညီတဲ့ ပုံစံနဲ့လိုက်ပြီးသတ်သေခဲ့တယ်လို့ ဆိုပါတယ်။ Paul ဟာ ယခုနှစ် သြဂုတ်လမှာ ၎င်းရဲ့နေအိမ်မှာပင် ကြိုးဆွဲချပြီး သေကြောင်းကြံခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ သုံးလအကြာ မေလတုန်းက David ကလည်း အလားတူ သတ်သေခဲ့ဖူးပါတယ်။

ဒါ့အပြင် နှစ်ယောက်စလုံးဟာ မိသားစုပြဿနာတွေနဲ့ ငွေးရေးကြေးရေးဆိုင်ရာ ပြဿနာတွေ ဖိစီးနေကြတာချင်းလည်း တူညီပြီး၊ စိတ်ကျရောဂါ ကိုယ်စီခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ David သေဆုံးပြီးနောက် Paul ဟာ ဈာပနကိုတောင် လာရောက်ခြင်း မရှိသလို၊ သားဖြစ်သူနဲ့လည်း အဆက်အသွယ်မရခဲ့လို့ စိတ်ဓာတ်ပိုကျနေခဲ့ပါတယ်။

READ
စင်္ကာပူမွေထိုင်း လက်ဝှေ့ပြိုင်ပွဲအပြီးမှာ နှလုံးခုန်ရပ်တန့်ပြီး သေဆုံးခဲ့တဲ့ အမျိုးသား

Winchester Coroners’ Court တရားရုံးမှာ သေမှုသေခင်း စစ်ဆေးခဲ့ပြီး၊ နှစ်ဦးစလုံးဟာ စိတ်ကျရောဂါတွေ ကိုယ်စီခံစားခဲ့ရလို့ အခုလို သတ်သေသွားခဲ့ကြတာလို့ ကောက်ချက်ချခဲ့ပါတယ်။ David ဟာ မေလ 14 ရက်နေ့မှာ သေဆုံးခဲ့ပြီး၊ သူ့မှာ အခွန် ပေါင် 80000 ထက်မနည်းတဲ့ ပေးဆောင်ရန်ကိစ္စကို ရင်ဆိုင်ခဲ့ရပါတယ်။

Paul ကတော့ မင်္ဂလာဆောင်ဖို့ ကြိုးစားစဉ်၊ ရက်ပိုင်းအလိုမှာပင် ဒရိုင်ဘာအလုပ်က ဖြုတ်ခံခဲ့ရလို့ အချိန်ကြာမြင့်စွာ စိတ်ကျရောဂါ ခံစားခဲ့ရတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် David သေဆုံးမှုကလည်း သူ့အတွက် နောင်တတွေတစ်သီကြီးနဲ့ ကျန်ရစ်စေခဲ့ပြီး၊ စိတ်ထွက်ပေါက်လည်း လုံးဝ ရခဲ့ပုံမပေါ်ပါဘူး။

သူတို့ညီအစ်ကိုချင်း စကားမပြောပေမယ့် သက်ဆိုင်ရာ မိသားစုဝင်တွေကို အပြန်အလှန် စောင့်ရှောက်ဖို့ မှာကြားလေ့ရှိခဲ့တာကလည်း ညီအစ်ကိုချင်းရဲ့ သံယောဇဉ်ကို မြင်သာစေခဲ့ပါတယ်။ ဒီလို သံယောဇဉ်ရှိနေပါရက်နဲ့ တစ်ယောက်က စောစီးစွာ ထွက်ခွာသွားတော့ အခြားတစ်ယောက်အတွက်လည်း ဒီနည်းကိုပဲ ထပ်ရွေးချယ်ခဲ့တဲ့ သဘောလို့ ဆိုရမှာပါ။

READ
အတွင်းအင်္ဂါတွေနဲ့ လူ(၇)ဦးအသက်ကယ်နိုင်ခဲ့သူ ဆယ်ကျော်သက်လေး

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE