တစ်ချိန်တည်းမွေးခဲ့ပေမယ့် ကံချင်းထပ်တူမကျခဲ့တဲ့ အမွှာလေးနှစ်ယောက်ရဲ့အဖြစ်

ဆေးသိပ္ပံနည်းပညာဟာ အခုခေတ်မှာတော့ အများကြီး တိုးတက်လာပါပြီ။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ မမွေးရသေးတဲ့ ဗိုက်ထဲက ကလေးရဲ့ အခြေအနေကိုတောင် နည်းပညာအကူအညီနဲ့ သိနိုင်နေပါပြီ။ ဒါပေမယ့် တစ်ခါတစ်ရံမှာသဘာဝတရားက မထင်မှတ်ပဲ လှည့်စားတတ်တဲ့ အကြောင်းကို အမွှာကလေးတွေဖြစ်တဲ့ ဟာပါနဲ့ ကွင်းန်တို့ရဲ့ ဖြစ်ရပ်က သက်သေခံနေပါတယ်။

PICTURE: SWNS

ဗြိတိန်စုံတွဲတစ်တွဲဖြစ်တဲ့ နီကိုလာနဲ့ တော့ဒ်တို့ဟာ ကောင်လေးလူးကတ်စ်ရဲ့ မိဘတွေဖြစ်ကြပါတယ်။ လူးကတ်စ် အသက်(၄)နှစ်အရောက်မှာတော့ နီကိုလာတို့စုံတွဲဟာ ၀မ်းသာစရာ သတင်းကောင်းတစ်ခုနဲ့ ကြုံခဲ့ပါတယ်။ နီကိုလာ ကိုယ်ဝန်ထပ်ရှိတယ်ဆိုတဲ့ သတင်းပါ။ ရိုးရိုးကိုယ်ဝန်တင်မဟုတ်ပဲ အမွှာလေးဖြစ်နေတာကြောင့် နီကိုလာတို့စုံတွဲအနေနဲ့ ပိုပျော်ရတာဖြစ်ပါတယ်။ ကိုယ်ဝန်ကို စကန်ဖတ်တဲ့အခါမှာတော့ မိန်းကလေးနှစ်ဦးဖြစ်ကြောင်း သိရပြီး ကလေးတွေမှာ ပုံသဏ္ဍာန်မမှန်တဲ့ အနေအထားမျိုး မတွေ့ခဲ့ပါဘူး။

ရက်သတ္တပတ်(၃၂)ပတ်အကြာမှာတော့ နီကိုလာဟာ မွေးချိန်မတန်ပဲ ရေမွှာပေါက်ခဲ့ပါတယ်။ ကျွမ်းကျင်ဆရာဝန်တွေရဲ့ အကူအညီနဲ့ စောမွေးလာခဲ့တဲ့ အမွှာသမီးလေး(၂)ဦးကို ဆရာဝန်တွေက ချက်ခြင်းပဲ အထူးကုသဆောင်ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဟာပါနဲ့ကွင်းန်လို့ အမည်ပေးထားတဲ့ သမီးလေးနှစ်ဦးမှာ ဟာပါက အရင်မွေးလာခဲ့ပြီး (၃၈)မိနစ်အကြာမှာတော့ ကွင်းန်ကိုမွေးဖွားခဲ့ပါတယ်။

READ
အတူနေ ချစ်သူဟာ“Tomboy” မှန်း (၆)လောက်ကြာမှ သိလိုက်ရတဲ့ အမျိုးသမီး

ဒီအခါမှာ သူတို့သိရှိရတာက အမွှာသမီးကြီး ဟာပါမှာ ဒေါင်းရောဂါပါလာတယ်ဆိုတာကိုပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း နီကိုလာမှာ ထူးထူးဆန်းဆန်း ပုံစံမမှန်တာမျိုးတွေ မဖြစ်ခဲ့တဲ့အတွက် ဒေါင်းရောဂါပါလာတဲ့ သမီးကြီးနဲ့ ပတ်သက်လို့ မိဘနှစ်ပါးစလုံးက အလွန်အံ့သြနေခဲ့ပါတယ်။ ဒါပေမယ့်လည်း မိခင်ဖြစ်သူ နီကိုလာက ဘယ်လိုပဲဖြစ်ဖြစ် သမီးကလေးနှစ်ဦးကို ညီတူညီမျှ ချစ်သွားမယ့်အကြောင်းနဲ့ သူမတို့မိသားစုဟာ ထူးခြားတဲ့ မိသားစုလေးပါလို့ ဆိုပါတယ်။ အခုလို အမွှာလေးတွေ မွေးတဲ့အခါ တစ်ဦးက ပုံမှန်လူအနေနဲ့မွေးလာပြီး တစ်ဦးက ဒေါင်းဝေဒနာပါလာတဲ့ ဖြစ်ရပ်မျိုးဟာ လူတစ်သန်းမှာ တစ်ဦးဖြစ်နိုင်ခဲတဲ့ အဖြစ်အပျက်ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: newsner, metro

SHARE