မွေးထုတ်လိုက်တာကို သိတဲ့ပုံမပေါ်ဘဲ ဗိုက်ထဲကလို ကြင်နာစွာဖက်နေကြတဲ့ အမွှာလေးများ

မွေးချင်းမောင်နှမတွေကြားထဲက သံယောဇဉ်ဟာ ကြီးမားပါတယ်။ အမွှာမောင်နှမတွေဆိုရင် သူတို့ကြားထဲက ဆက်နွယ်မှုဟာ သာမန်မောင်နှမတွေထက် အများကြီးပိုပါတယ်။ တစ်ဦးနဲ့တစ်ဦး လုံးဝကြီး ထပ်တူညီတာ မဟုတ်ပေမယ့် အမွှာတွေရဲ့ဒီအန်အေနဲ့ တွေးခေါ်ဖြတ်သန်းပုံ အဆင့်ဆင့်တွေဟာ တူညီကြပါတယ်။ သူတို့တွေက အာရုံတွေကို မျှဝေခံစားနိုင်တဲ့အပြင် စိတ်နဲ့အချင်းချင်းလည်း ဆက်သွယ်နိုင်ကြပါတယ်။

အခုတွေ့ရတဲ့အမွှာလေးတွေကတော့ မြင်တွေ့ရသမျှထဲမှာ စာဖတ်သူတွေတွေ့ဖူးသမျှထဲမှာ ချစ်စရာအကောင်းဆုံး အမွှာလေးတွေဖြစ်နိုင်ပါတယ်။ သူတို့ရဲ့မွေးကင်းစဓာတ်ပုံလေးတွေ အင်တာနက်မှာ အပြန့်နှံ့မြန်ခဲ့ရတဲ့အကြောင်းရင်းကတော့ ရှိပါတယ်။ အမွှာကလေးနှစ်ဦးဟာ ကျန်းကျန်းမာမာနဲ့ မွေးလာခဲ့ကြပါတယ်။ ဒါပေမယ့် တခြားအမွှာတွေနဲ့ ကွာခြားတာတစ်ခုက တခြားကလေးတွေလို မငိုတာဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း လူ့လောကထဲ ရောက်လာတဲ့ချစ်စရာအမွှာလေးတွေကို မြင်ရတာ အံ့အားသင့်စရာပါပဲ။ ကလေးတွေကို ပြင်သစ်သူနာပြုဆရာမတစ်ဦးဖြစ်တဲ့ ဆိုနီယာက ရေနွေးနွေးလေးနဲ့ ရေချိုးသန့်စင်ပေးခဲ့ပါသေးတယ်။ သူနာပြုဟာ ကလေးတွေကို ဘေးချင်းယှဉ်ပြီး ကျောပြင်လေးတွေနှစ်ကာ ရေထဲမှာထားခဲ့ပါတယ်။ သူနာပြုဆရာမရေချိုးပေးနေတဲ့တချိန်လုံး အမွှာလေးနှစ်ယောက်ဟာ ငြိမ်ချက်သားကောင်းကောင်းနဲ့ ရှိနေကြပါတယ်။

READ
လမ်းပျောက်ခဲ့ပြီးနောက် သခင်ကိုပြန်တွေ့တဲ့အခါမျက်ရည်အ၀ိုင်းသားနဲ့ပျော်နေရှာတဲ့ခွေးမလေး

အမွှာလေးတွေကို ရိုက်ပြထားတဲ့ စိတ်နှလုံးဆွတ်ပျံ့ဖွယ်ဗီဒီယိုလေးဟာ လူသန်းပေါင်းများစွာရဲ့ အသည်းနှလုံးကိုဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ရေနွေးနွေးထဲမှာ စိမ်ချိုးနေရင်းနဲ့လည်း အမွှာလေးနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး နီးကပ်စွာပွေ့ဖက်ထားခဲ့ပြန်ပါသေးတယ်။ ရေချိုးပေးနေစဉ်တစ်လျောက်လုံး အမွှာနှစ်ဦးစလုံး လုံးဝမငိုခဲ့သလို မျက်လုံးတွေလည်း မဖွင့်ခဲ့တဲ့အပြင် ရေထဲမှာ တွန်းထိုးရုန်းကန်နေတာလည်း မရှိခဲ့ပါဘူး။

အမွှာလေးတွေက သူတို့မိခင်ဝမ်းထဲကနေအပြင်ရောက်နေပြီဆိုတာကို မသိလေရော့သလား မပြောနိုင်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အမွှာလေးတွေကိုကြည့်ရတာ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်ကြီးတဲ့ပုံ ပေါ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးဟာ မလွှတ်ပဲဖက်ထားတာကြောင့် သူတို့တွေ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ရင်းနှီးတွယ်တာမှုစွမ်းအားက သာမန်လူတွေထက် ပိုကြီးမားလိမ့်မယ်လို့ ယူဆရပါတယ်။ စာဖတ်သူတွေအတွက် ချစ်စရာအမွှာလေးတွေရဲ့ဗီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: shareably

SHARE