Parasite ရုပ်ရှင်ကဲ့သို့ ဇာတ်ကွက်အချိုးအကွေ့များလှတဲ့ တောင်ကိုရီးယားရုပ်ရှင်များ

instagram/movie_broda instagram/caffe.film

တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေဟာ အဆင့်အတန်းမတူညီမှုတွေကြားက အချစ်ဇာတ်လမ်းနဲ့ လက်စားခြေတဲ့အကြောင်းအရာတွေအပေါ် မူတည်ရိုက်ကူးတာများပါတယ်။ အခုအခါမှာတော့ ထူးခြားတဲ့ဇာတ်ကွက်အလှည့်အပြောင်းကြောင့် နာမည်ကျော်ခဲ့တဲ့ Parasite ကဲ့သို့ အလားတူ ကြည့်ကောင်းတဲ့ တောင်ကိုရီးယားရုပ်ရှင်တွေကို scmp ကတဆင့် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

The Handmaiden (2016)


ဒီဇာတ်ကားကိုတော့ Park Chan-wook က ရိုက်ကူးထားတာပါ။ နွမ်းပါးသူ Sook-hee အဖြစ် သရုပ်ဆောင် Kim Tae-ri နဲ့ ဂျပန်လူမျိုးအမွေဆက်ခံသူ Kim Min-hee တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Sarah Waters ရဲ့ ဝတ္ထု Fingersmith ပေါ်မှာ အခြေခံပြီး အာဏာနဲ့ ကာမရာဂအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ The Handmaiden နဲ့ပတ်သက်ပြီးထူးခြားချက်ကတော့ ဇာတ်လမ်းကိုအလွယ်တကူခန့်မှန်းလို့ရသယောင်နဲ့ မခန့်မှန်းနိုင်တာပဲဖြစ်ပါတယ်။

The Wailing (2016)


အာရှတစ္ဆေသရဲဇာတ်ကားတွေထဲက ကြောက်စရာအကောင်းဆုံးဇာတ်ကားတစ်ကားပါ။ ဒါရိုက်တာ Na Hong-jin ရဲ့တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကျေးရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ရောဂါတစ်ခုဝင်ရောက်လာခဲ့ပါတယ်။ ပြီးတော့ ရွာကိုလူစိမ်းတစ်ယောက် (Chun Woo-hee) ရောက်လာတဲ့အချိန်ကစပြီး ရက်ရက်စက်စက်အသတ်ခံရမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ဒါကို အောက်လမ်းအတတ်ပါဝင်တယ်လို့ ယူဆပြီး အရာရှိ Jong-goo (Kwan Do-won) က စတင်စစ်ဆေးခဲ့ပါတော့တယ်။ ဇာတ်လမ်းရဲ့ကြောက်စရာကောင်းတဲ့အမှန်တရားကိုတော့ ဇာတ်သိမ်းပိုင်းအရောက်မှ တွေ့ရမှာပါ။

READ
Milla Jovovich နဲ့ Tony Jaa နှစ်ယာက်လုံးပါမယ့် Monster Hunter ဇာတ်ကားသစ်

Old Boy (2013)


ဒီရုပ်ရှင်ဟာလည်း ဒါရိုက်တာ Park Chan-wook ရဲ့ လက်ရာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ တွေးရခက်စေတဲ့ ဇာတ်ကွက်တွေအများကြီးပါဝင်ပါတယ်။ ရုပ်ရှင်ဟာ အပြစ်မရှိဘဲထောင်ထဲမှာ ၁၅နှစ်လုံးလုံးနေခဲ့ရတဲ့ Oh Dae-su (Choi Min-sik) ဟာ ရုတ်တရက်ထောင်ထဲက လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ သူ့ကိုထောင်ထဲပို့ခဲ့တဲ့သူ ဘဝပျက်အောင်လုပ်ခဲ့တဲ့သူကို ၅ရက်အတွင်းရှာဖွေခဲ့တာပါ။ တရားမျှတမှုအတွက် လက်စားခြေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

Memoir of a Murderer (2017)


ဒီရုပ်ရှင်ကိုတော့ Won Shin-yun က ရိုက်ကူးခဲ့တာပါ။ ကွင်းဆက်လူသတ်သမားဟောင်းတစ်ဦးဖြစ်တဲ့ Byung-soo (Sol Kyung-gu) ဟာ သမီးဖြစ်သူကို သူမရဲ့ဆိုက်ဒ်ကိုချစ်သူ Tae-joo (Kim Nam-gil) လက်ထဲကနေကာကွယ်ပေးဖို့ပါ။ ဇာတ်ကောင် Byung-soo ဟာ အယ်လ်ဇိုင်းမားဝေဒနာကိုလည်း ခံစားနေရသူဖြစ်ပါတယ်။ ရုပ်ရှင်ဟာ Byung-soo ရဲ့အရင်အတိတ်ဟောင်းနဲ့ အယ်လ်ဇိုင်းမားရနေတဲ့အပြင် သမီးကို Tae-joo ရဲ့ရန်က ကာကွယ်ဖို့ကြိုးစားတဲ့ လက်ရှိ Byung-soo ကိုနှိုင်းယှဉ်ကြည့်ရတဲ့အတွက် စိတ်မသက်မသာဖြစ်ရမယ့်ဇာတ်ကားပါ။

READ
ပရိသတ်တွေရဲ့ အနမ်းတွေကို ရရှိခဲ့တဲ့ မင်းသမီးလေး ရွှေမှုံရတီ

Mother (2009)


ဒီရုပ်ရှင်ဟာ single mother တစ်ဦးဖြစ်တဲ့ Kim Hye-ja က လူသတ်မှုတစ်ခုရဲ့ လူသတ်သမားကိုလိုက်ရှာတာပါ။ အဲ့ဒီလူသတ်သမားဟာ Kim Hye-ja ရဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သားကို တမင်အကွက်ချလုပ်ကြံကာ ထောင်ထဲပို့ပစ်တာဖြစ်ပါတယ်။ Mother ဟာ Boon Jong Ho ရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်ပြီး မိခင်မေတ္တာကိုဖော်ညွှန်းတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။

ShweMom

SHARE