ဝန်ထမ်းတွေ တသက်လုံး Work From Home နိုင်တယ်လို့ Twitter ရဲ့ CEO ခွင့်ပြု

Image:shutterstock /By Dean Drobot

Twitter ရဲ့ ၀န်ထမ်းတွေ ကို သူတို့ ဆန္ဒရှိသ လောက် Work From Home လုပ်ဖို့ ခွင့်ပြု ထား ကြောင်း ပြောခဲ့ပါ တယ်။ဝန်ထ မ်းတွေ အနေနဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွား နေ ချိန် မှာ ၀န်ထမ်းတွေ အ နေနဲ့ အိမ်က နေ အလုပ်လုပ် ချင်ရင် လုပ်နိုင် ကြောင်း ကုမ္ပဏီရဲ့ ပြော ခွင့် ရသူက ပြောခဲ့တယ်လို့ BBC နဲ့ NBC News မှာ ဖော်ပြ ထားပါတယ်။ ရုံး ဖွင့်ဖို့ ကတော့ ကျ တော်တို့ရဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်ပါတယ်။ဝန်ထမ်းတွေ ဘယ် တော့ ရုံး ပြန် တတ် မလဲ ဆိုတာက တော့ သူတို့ အပေါ်မှာ ပဲ မူတည်ပါတယ် တွစ်တာမှာ ပြောခွင့် ရသူ က ဆိုပါတယ်။

Image :twitter/@nypost

‘ဒါပေမယ့်  BuzzFeed News က နေ အစပိုင်းတုန်းက ဖော်ပြတဲ့ CEO ဖြစ်သူ Dorsey ရဲ့ စကား ကတော့ အဲ့ဒါ နဲ့ မတူပါဘူး။ CEO ဖြစ်သူ  ကတော့ ရုံးတွေ ကို စက်တင်ဘာမတိုင်ခင် ပြန်ဖွင့်မှာ ဖြစ် ကြောင်း၊ပွဲ တွေကိုတော့ ဖျက် ထားကြောင်း ပြောခဲ့ပါတယ်။ပြောခွင့်ရသူ ကတော့ lockdown ကာလမှာ Work From Home လုပ်ကြည့်တော့ အောင်မြင် မှု တွေ ရခဲ့ တာ ကြောင့် ၀န်ထမ်းတွေ ဆန္ဒရှိသ လောက် Work From Home  နိုင်ပြီး ရုံး ဖွင့် မဖွင့် ကတော့ ၀န်ထမ်း တွေရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်တယ်လို့ ပြောခဲ့ပါတယ်။ဒီလ အစောပိုင်းမှာတော့ Google  နဲ့ Facebook တို့ က အခု နှစ်ကုန်ပိုင်းအထိ work from home လုပ်ဖို့ ၀န်ထမ်းတွေကို ခွင့်ပြုထားကြောင်း ပြောခဲ့ပါတယ်။

READ
ပင်မအာတိတ်ရေခဲပြင်မှ လန်ဒန်မြို့ထက် 4 ဆ ကြီးမားတဲ့ ရေခဲပြင်ကြီး ကွဲထွက်

တစ်ွတာ က တော့ ကမ္ဘာတစ်ဝန်းမှာ ၀န်ထမ်းေ ပါင်း (၄၀၀၀)ကျော် ရှိပါတယ်။မတ်လတည်းက ၀န်ထမ်း တွေကို အိမ် က နေပဲ အလုပ်လုပ်ခိုင်းထားတာပါ။စက်တင်ဘာ မတိုင်ခင် အထိ တော့ ရုံးတွေ ကို ပြန်ဖွင့် ဖို့ အစီအစဉ် မရှိ သေး ပါဘူး။ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တစ်ချို့ ကုမ္ပဏီတွေ ကတော့ social distancing စည်းမျဉ်းစည်းကမ်းတွေ ကို လိုက် နာပြီး ရုံးတွေ ကို ဘယ်လို ပြန်ဖွင့်မလဲဆိုတာကို စဉ်းစား အ ဖြေရှာ နေကြပါတယ်။ကမ္ဘာကျော် နာမည်ကြီး နည်းပညာ ကုမ္ပဏီတွေ ဖြစ်တဲ့ Facebook, Google  နဲ့ Microsoft တို့ က တော့ ၀န်ထမ်းတွေ ကို work from home  ခိုင်းပါတယ်။Google ကတော့ (၂၀၂၁)အထိ ၀န်ထမ်း တွေကို work from home ပဲ လုပ်ခိုင်း ထားပါတယ်။

READ
အချစ်ဆုံးသူငယ်ချင်းက မျက်နှာ,လည်ပင်းတို့ကို ဓားနဲ့လှီးတာခံလိုက်ရတဲ့ ကောင်မလေး

SHARE