ဘာစီလိုနာရဲ့ သမိုင်းဝင်နိုင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဂန္ထ၀င်များ

တကယ်တော့ ဒီပွဲမကန်ခင်ကတည်းက PSG ဟာ သက်တောင့်သက်သာနဲ့ 16 သင်းအဆင့်ရှုံးထွက်ကနေ တက်နေပါပြီ။ သင်္ချာနည်းအရပဲဖြစ်ဖြစ်၊ လော့ဂျစ်အရပဲဖြစ်ဖြစ် ဘာစီလိုနာကို အိမ်ကွင်းမှာ 4 ဂိုးပြတ်သွင်းထားနိုင်ခဲ့လို့၊ ဒုတိယအကြော့
မှာ ဘာစီအနေနဲ့ PSG လို အသင်းမျိုးကို 4 ဂိုးအထိ သွင်းနိုင်တယ်ထားဦး၊ ကာဗာနီဦးဆောင်တဲ့ PSG ရဲ့ တိုက်စစ်က
လည်း အဝေးကွင်းဂိုး ပြန်ယူနိုင်ဖို့ မခက်ခဲတဲ့အနေအထားပါ။

ဒါကြောင့် PSG ဟာ သေချာပေါက်နီးပါး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ပြီလို့ ပြောလို့ရတဲ့ အနေအထားပါ။ ဘောလုံး ခန့်မှန်းချက်မှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ဆရာကြီးတွေကတောင် ဒုတိယအကြော့မှာ ဘာကာ နိုင်ရင်လည်း အနည်းဆုံး 2 ဂိုးပြတ်သာနိုင်မယ်၊ အများဆုံး 3 ဂိုးပြတ်သာ သွင်းနိုင်မယ်လို့ အမျိုးမျိုးထင်ကြေးပေးကာ ဧည့်သည် PSG အသင်းကို သေချာပေါက် ရွေးချယ်ခဲ့ကြပါတယ်။

READ
Lionel Messi ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ Man Uနဲ့ Man City

ဒါပေမယ့် ဘာကာဟာ လူတွေ တွေးထင်မထားတဲ့ ရလာဒ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာ အကောင်းဆုံးက တော့ နောက်ဆုံး (၇)မိနစ်ပါ။ ပွဲချိန် 87 မိနစ်ရောက်တဲ့အထိ ဘာစီဟာဟာ 3-1 ရလာဒ်နဲ့ပွဲကို ဦးဆောင်နိုင်နေပေမယ့် နှစ်ကျော့ပေါင်းရလာဒ်က 3-5 မို့ အရေးနိမ့်နေခဲ့ပါတယ်။

ဒါပေမယ့် ဘာကာဟာ မထင်မှတ်တာတွေကို 7 မိနစ်အတွင်းမှာ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 88 မိနစ်မှာ ကိုက် 20 အကွာကနေ မထင်မှတ်ပဲ ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် 90+1 မိနစ်မှာ Marcos Aoás Corrêa က ဆွာရက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ ဒီဂိုးကို နေမာကပဲ အမှား
အယွင်းမရှိ ကန်သွင်းပေးခဲ့တာပါ။

ပွဲချိန် 90+ ဖြစ်တဲ့အထိ ဘာကာဟာ 5-5 ရလာဒ်နဲ့ အရေးနိမ့်နေဆဲပါဘဲ။ PSG က အဝေးဂိုးတစ်ဂိုး ရထားတာကြောင့် ပါ။ 90+5 မိနစ်မှာ ဘာကာရဲ့ နောက်ထပ်မထင်မှတ်တဲ့ သွင်းဂိုးကို PSG ခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးကိုတော့ ဘာကာကွင်း
လယ်ကစားသမား ရောဘတ်တိုက သွင်းပေးခဲ့တာဖြစ်ပါတယ်။

READ
ဟယ်ရီကိန်းဟာ အင်္ဂလန်ကို ဆက်လက်သယ်ဆောင်သွားနိုင်ပါဦးမလား…..

ဘာကာဟာ PSG အသင်းကို အိမ်ကွင်းမှာ နောက်ဆုံးအ ချိန်ထိ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ခဲ့လို့ 6-5 ရလာဒ်နဲ့ အစဉ်အလာမပြတ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာကာရဲ့နိုင်ပွဲအတွက် နာမည်ကျော် အားက
စားနဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေသူတွေရဲ့ မှတ်ချက်စကားတွေကိုလည်း ပူးတွဲ ဖော်ပြပေးထားပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

 

SHARE