ခြံထဲခိုးဝင်ပြီး ရေဆင်းကူးခဲ့ကြတဲ့ ဝက်ဝံလေးနှစ်ကောင်

ဝက်ဝံလေးနှစ်ကောင်ဟာ ခြံတစ်ခြံထဲဝင်ပြီး ရေကူးရင်း ကစားနေကြတဲ့ပုံကို အသက် (၃၆) နှစ်အရွယ် Dustin Castor ဆိုသူက ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။ Dustin ဟာ ဝက်ဝံပေါက်လေးတွေကို မြင်ပြီး လန့်ခဲ့တာမျိုးရှိခဲ့ပေမယ့် လူအများကတော့ တစ်သက်မှာ တစ်ခါသာရနိုင်တဲ့ အတွေ့အကြုံလေးတစ်ခုလို့ ထင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဝက်ဝံလေးတွေဟာ ဟာရီကိန်းမုန်တိုင်း Irma ဖြစ်ပွားစဉ်က ပြုတ်သွားတဲ့ ခြံစည်းရိုးအကာကနေ ဝင်လာတာဖြစ်နိုင်ကြောင်း ယူဆရပြီး သူတို့နှစ်ကောင်ဟာ တကယ်ကို ပျော်ရွှင်ပြီး ကစားနေကြပုံပေါ်တယ်လို့ Dustin က ပြောပြခဲ့ပါတယ်။

ဝက်ဝံလေးနှစ်ကောင်က Dustin ကြည့်နေမှန်း မသိခင်အထိ ပျော်ရွှင်စွာ ကစားနေခဲ့ကြပြီး Dustin ကို မြင်မြင်ချင်းပဲ သူတို့ရဲ့ ရေကူးကန်ပါတီပျက်သွားပုံနဲ့ အနှောင့်အယှက်ဖြစ်သွားပုံပေါ်ကာ ထွက်သွားခဲ့ကြပါတယ်။ Dustin က ၄င်းဝက်ဝံလေးနှစ်ကောင်မွေးကတည်းက မြင်ဖူးပြီး သူတို့ဟာ ၄င်းနားတဝိုက်က အိမ်တွေရဲ့ အမှိုက်ပုံတွေထဲလည်း တိုးဖူးကြောင်း ပြောပြပါတယ်။

Dustin နေထိုင်ရာဒေသမှာ ဝက်ဝံတွေ၊ တောင်ခြင်္သေ့တွေနဲ့ သမင်တွေကို တွေ့မြင်နေကျဖြစ်ပြီး များသောအားဖြင့် ဝက်ဝံအမေကြီးတွေကိုပါ မြင်နေကျဖြစ်ပေမယ့် ဒီတစ်ခါတော့ ပါမလာခဲ့ပါဘူး။ ဝက်ဝံလေးတွေကို မြင်ရတာ မကြောက်ဘဲ ပျော်စရာကောင်းကြောင်း Dustin က အတွေ့အကြုံအပေါ် သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။

READ
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အမြင်မှားလောက်မယ့် ချစ်စဖွယ်အိမ်တွင်းစီးဖိနပ်များ

White (Shwemom)

Source: thesun.co.uk

SHARE