အိုင်စတိုင်းရဲ့ IQ ရမှတ်ကို ကျော်ပြီး (၁၆၂)မှတ်အထိ ရရှိခဲ့တဲ့ မိန်းကလေးနှစ်ယောက်

WA News

အသက်(၁၁)နှစ်နဲ့ (၁၀)နှစ်အသီးသီးသာရှိသေးတဲ့ ကောင်မလေးနှစ်ယောက်ဟာ Mensa IQ Test စစ်ဆေးမှုမှာ ရမှတ် (၁၆၂)မှတ်အထိ ရရှိခဲ့တဲ့အတွက် သတင်းမီဒီယာတွေမှာတော့ သူတို့နှစ်ယောက်ကို အိုင်စတိုင်းထက်တောင် ပိုတော်တယ်-ဆိုပြီး မြှောက်ပင့်ချီးကျူးနေကြပါတယ်။

ကလေးမလေးနှစ်ယောက်ရဲ့ နာမည်ကတော့ Lara Jeetly နဲ့ Frey Mangotra တို့ဖြစ်ကြပါတယ်။ သူတိုနှစ်ယောက်စလုံးဟာ Mensa IQ Test မှာ စံချိန်တင်ရမှတ် (၁၆၂)မှတ်စီအသီးသီး ရခဲ့တာကြောင့် အိုင်စတိုင်းထက် (၂)မှတ်ပိုများနေတဲ့ သဘောဖြစ်ပါတယ်။ ဒီကောင်မလေးနှစ်ယောက်ဟာ ဗြိတိန်မူလတန်ကျောင်းသူတွေ ဖြစ်ပါတယ်။

Lara Jeetly ကတော့ ဘာမင်ဂမ်မြို့အနီး၊ Little Aston မှာ နေထိုင်သူဖြစ်ပြီး၊ Sutton Coldfield မှာတည်ရှိတဲ့ High Clare School မှာ တက်ရောက်သူဖြစ်ပါတယ်။ သူ့ကို ကျောင်းက နောက်ထပ် သင်ကြားရေးနည်းလမ်းအသစ်တွေအတွက် အားပေးထောက်ခံခဲ့ပါတယ်။

WA News

အရမ်းတော်လွန်းတဲ့ Lara အနေနဲ့ High IQ လူမှုပတ်ဝန်းကျင်အဝန်းအဝိုင်းအတွင်း ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီသူဖြစ်ကြောင်း ကလေးမလေးရဲ့မိခင် Jess ကို တိုက်တွန်းခဲ့တာပါ။ Lara ဟာ Cattell III B Scale မှာ ရမှတ် (၁၆၂)မှတ်ထိ ရရှိခဲ့ပြီး၊ ကမ္ဘာကျော် စတီဗင်ဟော့ကင်းထက်တောင် ရမှတ်ပိုများသွားပါတယ်။

အိုင်စတိုင်းနဲ့ ဟော့ကင်းတို့ဟာ ရမှတ် (၁၆၀)အသီးသီးရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ Lara ကတော့ High IQ လူမှုပတ်ဝန်းကျင်ထဲကို အသက်(၁၁)နှစ်ပြည့် မွေးနေ့မတိုင်မီမှာ ဝင်ရောက်နိုင်ခဲ့တာပါ။ ဒီလိုပဲ ဘာမင်ဂမ်တောင်ပိုင်း Moseley မှာနေထိုင်တဲ့ အသက်(၁၀)နှစ်အရွယ်၊ Frey Mangotra ကလည်း ရမှတ် (၁၆၂)မှတ် ရရှိခဲ့ပါတယ်။

WA News

Freya ကတော့ Edgbaston မှာ တည်ရှိတဲ့ Blue Coat School ကျောင်းမှာတက်ရောက်တဲ့ ကျောင်းသူလေးဖြစ်ပြီး၊ အဲဒီကျောင်းမှာတော့ အတော်ဆုံးပါဘဲ။ Freya ရဲ့မိဘတွေကလည်း ဒေါက်တာဘွဲ့ခံ ပညာတတ်အသိုင်းအဝိုင်းဖြစ်ပြီး၊ ဖခင်မှာ Dr Kumar ဖြစ်ပါတယ်။ မိခင်မှာ Dr Gulshan Tajuriahe ဖြစ်ပါတယ်။ သူမကတော့ ကလေးသူငယ် ဖွံ့ဖြိုးရေးဘာသာရပ်မှာ PhD တန်း ဆက်တက်နေသူပါ။

Freya နဲ့ Lara တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် (၇)မိုင်အကွာအဝေးမှာ နေထိုင်ကြသူတွေပါ။ နှစ်ယောက်စလုံးကို Mensa IQ Official က တကယ့်ပါရမီရှင်များအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ဝါသနာကတော့ စာဖတ်ရတာ၊ ဒရာမာဇာတ်ကားတွေကြည့်တာ၊ စစ်တုရင်ကစားတာနဲ့ ရေကူးရတာကို ဝါသနာပါကြပါတယ်။

လင်းသုတ

SHARE