လက်ထပ်ပွဲ အထိမ်းမှတ်အနေနဲ့ (၂၅၃)ပေါင်ရှိတဲ့ အလေးတုံးကိုမပြခဲ့တဲ့ သတို့သမီးနှစ်ဦး

[email protected]

မင်္ဂလာဆောင်တော်တော်များများဟာ သူတို့ရဲ့ ရိုးရာဓလေ့တွေအတိုင်း ပန်းအိုးခွဲတာတို့၊ မင်္ဂလာကားအနောက်မှာ သံဗူးခွံလွတ်တွေ ချိတ်ဆွဲပေးလိုက်တာတို့ စသဖြင့် လုပ်ဆောင်လေ့ရှိကြပါတယ်။ မြန်မှာမှာဆိုရင်တော့ ဆုလျားရစ်ပတ်တာမျိုးပေါ့။ ဒါမှမဟုတ် မင်္ဂလာနေ့ရက်မှာ အမှတ်တရဖြစ်အောင်ဆိုပြီးလည်း သစ်ပင်စိုက်တာတို့၊ မီးပုံးလေးတေတွလွှတ်တာတို့ကိုလည်း လုပ်တတ်ကြပါသေးတယ်။

ဘရွတ်ကလင်းက အမျိုးသမီးငယ်လေးနှစ်ယောက်ကတော့ သူမတို့ရဲ့မင်္ဂလာဆောင်ပွဲမှာ ၂၅၃ ပေါင်အလေးချိန်ရှိတဲ့ အလေးတုံးကြီးကို မပြခဲ့ကြပါတယ်ဆိုပြီး Next Shark မှာ ဖတ်ခဲ့ရပါတယ်။ ဘာကြောင့်များမဖြစ်မလဲ.. ရည်ရွယ်ချက်အကြောင်း မပြောခင် သတို့သမီးလေးနှစ်ယောက် ဘယ်နေရာမှာ ဘယ်လိုစတွေ့ခဲ့ကြတယ်ဆိုတာလေး အရင်ဆုံး ကြည့်လိုက်ရအောင်။

[email protected]

Lisa Yang နဲ့ Wek Hernandez နှစ်ယောက်စလုံးဟာ အိုလံပစ် ဝိတ်မချန်ပီယံတွေဖြစ်ပါတယ်။ နှစ်ယောက်သား ဘရွတ်ကလင်းမှာပဲ တွေ့ခဲ့ကြပေမယ့်လို့ ဖိလစ်ပိုင်အမျိုးသမီးတွေဖြစ်ပါတယ်။ ဝိတ်မလေ့ကျင့်နေတုန်းမှာလည်း ရင်းနှီးကာ အချစ်တွေပိုခဲ့ကြသူလေး နှစ်ဦးပါ။ ဒါနဲ့ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

မင်္ဂလာဆောင်ဖို့ စီစဉ်နေတုန်း နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်တာကိုလည်း မပြတ်စေခဲ့ပါဘူးတဲ့။ ဒါနဲ့ အားကစားရုံမှာရောက်နေတုန်း တို့တွေ မင်္ဂလာဆောင်ကျရင် ဝိတ်မကြမလားဆိုပြီး ရွှတ်နောက်နောက်စကားဆိုခဲ့ကြပါတယ်တဲ့။ နောက်တော့ ဒီအကြံဟာ အဆင်ပြေတယ်၊ အမျိုးသမီးအင်အားကိုလည်း ပြနိုင်တယ်ဆိုကာ ဝိတ်မဖို့ စီစဉ်ခဲ့ကြပေမယ့်လို့ ဝတ်မယ့်ဂါဝန်ကြီးတွေကြောင့် ဝိတ်မဖို့ အဆင်မပြေဖြစ်ခဲ့ကြပါတယ်တဲ့။ ဒါကြောင့် ဝိတ်တုံးတွေကို ပုခုံးထိမမယ့်အစား ပိုလေးတဲ့ဝိတ်တုံးတွေနဲ့ deadlift မဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

Deaflift ဆိုတာ မာဆယ်ကစားတဲ့သူတွေ၊ အလေးအကစားသူတွေနဲ့တော့ ရင်းနှီးထားပြီးသား ဝေါဟာရတစ်ခုပါ။ သံချောင်းတစ်ဖက်ဆီမှာ အလေးတုံးတင်ကာ လက်ကိုပက်လက်အနေအထားနဲ့ကိုင်ပြီး မ ရတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့် လက်မောင်းအရှေ့ကြွက်သားနဲ့ ရင်အုပ်အတွက် လေ့ကျင့်တဲ့လေ့ကျင့်ခန်းနည်းပါပဲ။

[email protected]

Lisa Yang နဲ့ Wek Hernandez တို့နှစ်ယောက်ဟာ မင်္ဂလာပွဲကို ဘရွတ်ကလင်းရဲ့ Propect ပန်းခြံထဲမှာ ပေါ့ပေါ့ပါးပါးပဲ ခင်မင်ရင်းနှီးရသူတချို့ကို ဖိတ်ကြားကာ ကျင်းပခဲ့ပါတယ်။ ဧည့်သည်တွေအရှေ့မှာပဲ ဒေါက်ဖိနပ်လေးတွေချွတ်၊ ၂၅၃ ပေါင်ရှိတဲ့ အလေးတုံးကြီးကို နှစ်ယောက်အတူတူ ၃ ကြိမ်တိတိ မ ခဲ့ကြပြီး လက်ထပ်လက်စွတ်လဲကာ မင်္ဂလာအကြင်နာကို ပေးခဲ့ကြရင်း ပွဲကိုအဆံုးသတ်ခဲ့ပါတော့တယ်။

READ
လည်ပင်းကို ဓားထောက်ခံနေရချိန်မှာတောင် ဆယ်လ်ဖီဆွဲခဲ့တဲ့ အမျိုးသမီးကြီး

မင်္ဂလာဆောင်မှာ ၂၅၃ ပေါင်အလေးချိန်ရှိတဲ့ အလေးတုံးကို နှစ်ယောက်သားအတူတူမခဲ့တဲ့ ရည်ရွယ်ချက်ကတာ့ အမျိုးသမီးတွေရဲ့စည်းလုံးခြင်းအင်အားကို ပြချင်လို့ပါတဲ့။ အမျိုးသမီးတွေဟာ တစ်ယောက်တည်းဆိုလည်း သန်မာကြံ့ခိုင်မှုရှိတာကြောင့် အမျိုးသမီးတွေအချင်းချင်း ညီလွတ်စည်းလုံးခဲ့မယ်ဆိုရင် ပိုပိုပြီးသန်စွမ်းကြံ့ခိုင်လာမှာပါဆိုတဲ့ အချက်ကလေးကို လူတွကို မြင်သာအောင်ဖော်ပြခဲ့ကြတာပါ။

ဖိလစ်ပိုင်သူတွေဖြစ်ပေမယ့်လို့ ဖိလစ်ပိုင်မှာ လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုထားခဲ့တာကြောင့် ဘရွတ်ကလင်းမှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင်တော့ နေမကောင်းလို့ မင်္ဂလာပွဲမတက်နိုင်တဲ့ Wek Hernandez ရဲ့ အဖွားဖြစ်သူရှိတဲ့ ဖိလစ်ပိုင်ကိုပြန်ပြီး ဟန်းနီးမွန်းခရီးထွက်နေခဲ့ပါပြီ။

Penny

SHARE