ရုပ်ရှင်မင်းသားဖြစ်ချင်လွန်းလို့ ဆိတ်သူခိုးတွေလုပ်ပြီး ငွေစုခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်

Pixabay-Couleur

လူတိုင်းမှာ အိမ်မက်ဆိုတာ ငယ်စဉ်အရွယ်ကလေးဘဝကတည်းက ရှိခဲ့ကြပါတယ်။ တစ်ချို့တွေကတော့ ဆရာဝန်ကြီးဖြစ်ချင်ကြသလို တစ်ချို့တွေကတော့ သရုပ်ဆောင် အနုပညာရှင် ဖြစ်ချင်ကြပါတယ်။ အနုပညာရှင် သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာကလည်း ထင်သလောက် မလွယ်ကူပါဘူး။ ဒါပေမယ့် အခုပြောပြချင်တဲ့ ညီအကိုနှစ်ယောက်ကတော့ ဇာတ်ကားတစ်ကားမှာ ခေါင်းဆောင်မင်သားနေရာမှာ သရုပ်ဆောင်ဖို့အတွက် ဖြတ်လမ်းနည်းတစ်ခုကို သုံးခဲ့ပါတယ်။ အဲဒါကတော့ သူများတွေမွေးထားတဲ့ ဆိတ်တွေကို နေ့စဉ်ပိုင်ရှင်မသိအောင် ခိုးယူပြီး ရောင်းစားကာ ငွေစုခဲ့တာပဲဖြစ်ကြောင်း Times Of India သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-KANENORI

အဆိုပါ ညီအကိုနှစ်ယောက်ကတော့ အိန္ဒိယနိုင်ငံ၊ Chennai မြို့ရှိ အသက် ၃၀ အရွယ် Niranjan Kumar နဲ့ အသက် ၃၂ နှစ်အရွယ် Lenin Kumar အမည်ရ ညီအကိုနှစ်ယောက်ပဲ ဖြစ်ပါတယ်။ Kumar ညီအကို နှစ်ယောက်ရဲ့ ဖခင်ကတော့ Vijay Shankar လို့ အမည်ရတဲ့ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးပဲ ဖြစ်ပါတယ်။ Kumar ညီအကိုနှစ်ယောက်ဟာ ရုပ်ရှင်ရိုက်ချင်လွန်းလို့ ဖခင်ဖြစ်သူကို ပူဆာတဲ့အခါမှာ ဖခင်ဖြစ်သူဟာ သူတို့ညီအကိုနှစ်ယောက်အနေနဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့ ပိုက်ဆံလုံလုံလောက်လောက်ရှိရင် ရိုက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Kumar တို့ ညီအကိုနှစ်ဦးဟာ Chengalpet, Madhavaram, Minjur, Ponneri အစရှိတဲ့ မြို့တွေကို ကားတစ်စီးနဲ့ လျှောက်သွားပြီး ဆိတ်တွေကို ခိုးယူပါတော့တယ်။

READ
ခင်ပွန်းအပြင် အခြားမိန်းကလေးတစ်ယောက်ကိုပါယူထားတဲ့ မော်ဒယ်မလေး
Pixabay-Couleur

အိန္ဒိယနိုင်ငံက ဆိတ်မွေးတဲ့လူတော်တော်များများဟာလည်း များသောအားဖြင့် သူတို့ရဲ့ ဆိတ်တွေကို လမ်းမတွေမှာ ဒီအတိုင်းလွှတ်ထားပြီး အစာကျွေးလေ့ ရှိတတ်ပါတယ်။ Kumar တို့ ညီအကိုနှစ်ဦးဟာ ဆိတ်ကျောင်းတဲ့လူမရှိတဲ့ ဆိတ်အုပ်တွေ၊ လမ်းမပေါ်မှာ ဒီအတိုင်းလျှောက်သွားနေတဲ့ ဆိတ်အုပ်တွေကို အဓိကပစ်မှတ်ထားပြီး တစ်နေ့ကို အနည်းဆုံး ၈ ကောင်ကနေ ၁၀ ကောင်ကြား လိုက်လံခိုးယူကာ ရူပီး ၈,၀၀၀ နဲ့ ရောင်းစားခဲ့ပါတယ်။ ဒီလိုနဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဆိတ်ကောင်ရေနည်းတဲ့ ဆိတ်အုပ်ထဲက တစ်ကောင်ကို ခိုးယူပြီးတဲ့အချိန်မှာ ပိုင်ရှင်ဖြစ်သူဟာ သူ့ဆိတ်တစ်ကောင် ပျောက်ဆုံးနေတာ သိသိချင်း ရဲတိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရဲတွေက CCTV တွေကနေတစ်ဆင့် ခြေရာခံရင်းလိုက်ရှာတဲ့အချိန်မှာတော့ Kumar တို့ ညီအကိုနှစ်ယောက်စလုံးကို ဖမ်းမိခဲ့ပါတယ်။

READ
ပိုက်ဆံခိုးတဲ့သားကို ပြင်းထန်စွာရိုက်ပြီး၊ ဆိုင်ကယ်မှာ ကြိုးနဲ့ချည် ဒရွတ်ဆွဲခဲ့သည့်ဖခင်
Pixabay-4711018

“ဒီညီအကိုနှစ်ယောက်က တော်တော်လည်တယ်ဗျ။ ဆိတ်ကောင်ရေများတဲ့ ဆိတ်အုပ်ထဲက ဆိတ်တစ်ကောင်နှစ်ကောင်ကိုပဲ အမြဲခိုးလေ့ရှိတယ်။ အဲဒီလိုဆိုတော့ ပိုင်ရှင်ကလည်း တစ်ကောင်နှစ်ကောင်ပျောက်တယ်ဆိုတော့ ရဲမတိုင်တော့ဘူးလေ။ အခုက ဆိတ် ၆ ကောင်ထဲရှိတဲ့ ဆိတ်အုပ်ထဲက ဆိတ်ကို ခိုးတာဆိုတော့ ပိုင်ရှင်က သူ့ဆိတ်အခိုးခံရမှန်း သိတာနဲ့ ရဲတန်းတိုင်တာပဲပေါ့။ ရုပ်ရှင်ဇာတ်ကားရိုက်ချင်လို့ ဆိတ်ခိုးတယ်ဆိုတာ ဒီတစ်ခါပဲကြားဖူးသေးတယ်ဗျ”လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE