တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းတစ်ခုမှာ ဖိုက်တင်ပလေးနေတဲ့ ကြောင်နှစ်ကောင်

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများ အိမ်မှာပဲ နေနေရသလို ဝန်ထမ်းတော်တော်များများဟာလည်း အိမ်မှာပဲ အလုပ်လုပ်ရင်း အချိန်ကုန်လေ့ရှိပါတယ်။ ကပ်ရောဂါကြီး ဘယ်အချိန်ပြီးနိုင်မှန်း မသိတဲ့ ဒီလိုအချိန်မျိုးမှာ လူတိုင်း အိမ်ထဲက အိမ်အပြင် မထွက်တာကတော့ အကောင်းဆုံးကာကွယ်မှုတစ်ခုပါပဲ။ အခုလည်း အိမ်မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တစ်ယောက်ရဲ့ ဟာသဆန်ဆန်ဖြစ်ရပ်လေးတစ်ခုပါ။

[email protected]

ဖိလစ်ပိုင်က သတင်းထောက်အမျိုးသမီးတစ်ယောက်ဟာ အိမ်ကနေတိုက်ရိုက်အင်တာဗျူးတစ်ခုလုပ်နေတုန်း နောက်မှာ သူမရဲ့ကြောင်ကလေးနှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် အကြီးအကျယ် ဖိုက်တင်ပလေးနေတာဖြစ်ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီကပ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာ သတင်းထောက်တော်တော်များများဟာ သတင်းတွေကို အိမ်ကနေသာ ကြေညာလေ့ရှိပါတယ်။ အခုလည်း ဖိလစ်ပိုင်သတင်းထောက်တစ်ဦးဖြစ်တဲ့ Doris Bigornia ဟာ အိမ်ကနေ မနက်ပိုင်းတိုက်ရိုက်ကြေညာစရာသတင်းအတွက် အိမ်မှာ အလုပ်ရှုပ်နေပုံရပါတယ်။ သတင်းစကြေညာနေတဲ့အချိန် အနောက်က စားပွဲပေါ်မှာ သူမရဲ့ ကြောင်ကလေးနှစ်ကောင်ရောက်နေတာကို သတိထားမိပုံတော့ မရပါဘူး။ သတင်းစကြေညာတဲ့ အချိန်မှာတော့ ကြောင်ကလေးနှစ်ကောင်ဟာ တိုင်ပင်ထားသလားလို့တောင် ထင်ရပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ဖိုက်နေကြတာ လက်တွေကော၊ ခြေတွေကော ရှုပ်ယှက်ခပ်နေတာပါပဲ။ ခဏအကြာမှာ ခုံပေါ်က ဆင်းသွားကြပါတယ်။ ဒီအဖြစ်အပျက်ကို တိုက်ရိုက်သတင်းကြည့်ရှု့နေသူတိုင်းတွေ့လိုက်ရပြီး ငိုအားထက်သန်ရယ်အားထက်သန် ဖြစ်ခဲ့ပါတယ်။

READ
PlayStation Controller ကို ပြောင်းပြန်ကိုင်ကစားတဲ့ ဂျပန်ကကောင်မလေး
[email protected]

Doris ကတော့ သတင်းကြေညာနေတဲ့အချိန် နားကြပ်တပ်ထားတဲ့အတွက် ဘာမှမကြားရပါဘူး။ သတင်းကြေညာပြီး ခဏနေမှ ရုံးကလူတွေ ဖုန်းဆက်ပြောမှ သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Doris ဟာ သူ့ကြောင်ကလေးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင်ဖိုက်နေကြတဲ့ သတင်းဗီဒီယိုကို သူမရဲ့ Twitter အကောင့်ကနေ တင်ခဲ့ပြီး သူ့ကြောင်ကလေးနှစ်ကောင်ကြောင့် သတင်းကြည့်ရှု့သူတွေ အနှေင့်အယှက်ဖြစ်သွားရင် တောင်းပန်ကြောင်း ပို့စ်တင်ခဲ့ပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ Doris တင်ထားတဲ့ ဗီဒီယိုကို ကြိုက်နှစ်သက်ခဲ့ကြပြီး အခုလို ချစ်စရာကောင်းတဲ့ ကြောင်ကလေးနှစ်ကောင်ပိုင်ဆိုင်ထားတဲ့အတွက် Doris ဟာ တော်တော်ကံကောင်းကြောင်း comment တွေ ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE