မြို့ခံတွေကို အံ့အားသင့်စေခဲ့တဲ့ စင်္ကာပူနိုင်ငံ ကာလန်းမြစ်ထဲက အခေါင်း(၂) လုံး

မေလ(၈) ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းက စင်္ကာပူနိုင်ငံ Kallang River ထဲမှာ မျောလာတဲ့ အခေါင်းနှစ်လုံးကို တွေ့ခဲ့ရပါတယ်။ အခေါင်းတွေဟာ စင်္ကာပူနိုင်ငံဆီ အလောင်းပြန်သယ်လာရာမှာ အသုံးပြုတဲ့ အခေါင်းတွေဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အထဲမှာ ဗလာကျင်းလျက် ပွင့်နေတဲ့ အခေါင်းနှစ်လုံးရဲ့ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာပလတ်ဖောင်းတွေဖြစ်ကြတဲ့ Facebook နဲ့ Reddit တို့မှာတော့ ပြန့်နှံ့နေပါတယ်။

အခေါင်းနှစ်လုံးကို ကနဦးပိုင်းမှာတော့ ဘွန်ကိန်းလမ်းမကြီးနားမှာ တွေ့ခဲ့ရတယ်လို့ တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ ရှင်မင်းနေ့စဉ်သတင်းက ဆိုပါတယ်။ အသက်(၃၅) နှစ်အရွယ် မြို့ခံအမျိုးသမီးတစ်ဦးကတော့ မနက်စောစော မြစ်ထဲမှာ အခေါင်းနှစ်လုံးမျောလာတော့ စဉ်းစားရကြပ်သွားခဲ့ကြောင်း သတင်းထောက်ကို ပြောပြပါတယ်။ ဒါ့အပြင် သူမက အခေါင်းတွေကို အခုလို နည်းနဲ့ မစွန့်ပစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

reddit

အဆိုပါ အခေါင်းတွေဟာ မြစ်ထဲကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်နေလဲဆိုတာ မသိရပါဘူး။ သုဘရာဇာတစ်ဦးဖြစ်တဲ့ လီတိုဟိန်းက စထရိတ်တိုင်းမ်ကို ပြောပြရာမှာတော့ အခေါင်းတွေဟာ များသောအားဖြင့် ပြည်ပကရောက်လာကြောင်းနဲ့ အလောင်းတွေထုတ်ယူပြီးတဲ့နောက် သက်ဆိုင်သူတွေဟာ အခေါင်းတွေကို သေချာစနစ်တကျ ဖြိုခွဲပျက်စီးတာမျိုး မလုပ်ကြဘူးလို့ ဆိုပါတယ်။ မြစ်ထဲကို အခေါင်းတွေ ဒီအတိုင်းစွန့်ပစ်တဲ့လုပ်ရပ်ဟာ နိုင်ငံကြီးသားမပီသဘူးလို့လည်း လီတိုဟိန်းက ထပ်မံပြောပြခဲ့ပါတယ်။

READ
Halloween ညမှာ ပျော်ဖို့ ဂေါ်ဖို့ အသင့်တော်ဆုံး ပါတီ (၅) ပွဲ
PUB

ဒါပေမယ့်လည်း အခေါင်းတွေအတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတာကိုတော့ ခြေရာခံဖို့ မခက်ခဲလှပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခေါင်းတွေမှာ သင်္ဘောကုန်စည်ပို့ဆောင်တဲ့ အမှတ်လေဘယ်တွေ ပါတာကြောင့် မကြာခင်မှာပဲ စည်းကမ်းမရှိ မြစ်ထဲ အခေါင်းစွန့်ထဲသူတွေကို အရေးယူနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: straitstimes

SHARE