သူများလှေကို အပိုင်စီးပြီး အပီအပြင် ဇိမ်ယူနေတဲ့ ဧရာမပင်လယ်ဖျံကြီး (၂) ကောင်

instagram/fishingjosh

ပရိုဖက်ရှင်ဘောလုံးအားကစားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိုရွှာဖီးလစ်ပ်ဟာ လှေစီးထွက်လာရင်း ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့တာကို Boredpanda ကတဆင့် သိရပါတယ်။ သူတွေ့တာက လှေစီးနေတဲ့ ပင်လယ်ဖျံကြီး (၂) ကောင်ကိုပါ။ လှေစီးပြီး အပန်းဖြေထွက်လာတဲ့ သူ့လိုပဲ ပင်လယ်ဖျံကြီး (၂) ကောင်ဟာ လှေတစ်စီးပေါ်မှာ အေးအေးလူလူရှိနေတာပါ။

တိရစ္ဆာန်တွေ ဖြစ်ပေမယ့် သူတို့ရဲ့ စိတ်အေးလက်အေး လှေစီးပြီး အပျော်ခရီးထွက်နေတဲ့ပုံက မသိရင် လူတွေအတိုင်းပါပဲ။ ဖီးလစ်ပ်က သူ့တို့ကို ဗီဒီယိုလှမ်းရိုက်နေတော့လည်း သူတို့က ဘာမှမထူးဆန်းသလို လှမ်းကြည့်နေပါသေးတယ်။ တကယ်ကို ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးပါပဲ။

instagram/fishingjosh

ဖီးလစ်ပ်က အခုလို ဆိုပါတယ်။ “ကျွန်တော့်တို့ လှေကို အနီးကပ်ပြီး ကြည့်လိုက်တော့ ဘာတွေများလဲလို့။ ပင်လယ်ဖျံကြီးနှစ်ကောင်ဗျ။ လှေစီးနေကြတာ…” ဖီးလစ်ပ်ဟာ ဒီဗီဒီယိုအတိုလေးကို အမေရိကန် ၀ါရှင်တန်ပြည်နယ် အိုလံပီယာနားက Eld ချောင်းစွယ်လေးမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

READ
လေယာဉ်တွေပေါ်က အကျည်းတန် စရိုက်ဆန်လွန်းတဲ့ မြင်ကွင်းများ

ဗီဒီယိုထဲမှာတော့ ပင်လယ်ဖျံကြီးနှစ်ကောင်ကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့နှစ်ကောင် စီးနေတဲ့လှေပေါ်ကို နောက်ထပ် ပင်လယ်ဖျံတစ်ကောင်ထပ်တက်လာဖို့ လုပ်သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လှေပေါ်က နှစ်ကောင်က အတက်မခံပဲ မောင်းထုတ်လို့ လှေပေါ်တက်ဖို့ ကြိုးစားတဲ့ကောင်လည်း အဝေးကို ကူးသွားခဲ့တယ်လို့ သိရပါတယ်။ အသည်းတော့ ယားစရာကောင်းပါတယ်။ သူတို့နှစ်ကောင်တည်းတောင်မှ လှေက မြှုပ်တော့မလို မြှုပ်တော့မလိုနဲ့ အိကျနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Boats and…. #sealions

A post shared by Joshua Phillips (@fishingjosh) on

ပင်လယ်ဖျံကြီးတွေ စီးသွားတဲ့ လှေကို ဘယ်သူပိုင်သလဲဆိုတာ မသိရတဲ့အပြင် သူတို့နှစ်ကောင်က ဘယ်အချိန်တည်းက ဒီလှေနဲ့ လျှောက်သွားနေတယ်ဆိုတာလည်း မသိရပါဘူး။ Marine Mamma Center အရ ပင်လယ်ဖျံကြီးတွေဟာ (၁၁) ပေအထိ အရှည်ရှိနိုင်ပြီး ပေါင် (၂၅၀၀) အလေးချိန်ရှိနိုင်တယ်လို့လည်း သိရပါတယ်။

READ
လေသာဆောင်ပေါ်ကို ပထမဆုံးအကြိမ်ရောက်ဖူးလို့ ပျော်နေတဲ့ ကြောင်ကလေး

လင်းလင်း (ShweMom)

SHARE