ဆံသဆရာနှစ်ဦးမှာ ပိုးရှိခဲ့ပေမယ့် သူတို့နဲ့ ထိတွေ့ခဲ့တဲ့ ဧည့်သည်(၁၄၀)ကို ပိုးရှိ၊မရှိ စစ်ကြည့်ရာ..

Freepik- freepik

Business Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။ Ohio ပြည်နယ်၊ Cincinnati မှာရှိနေတဲ့ ဆံသဆိုင်တစ်ဆိုင်မှာ ဆံသဆရာနှစ်ဦး COVID-19 ပိုးတွေ့ရှိခဲ့တဲ့အဖြစ်ပါ။ သူတို့နှစ်ဦးနဲ့ထိတွေ့ခဲ့တဲ့ ဧည့်သည်ပေါင်းဟာ ၁၄၀ တောင်ရှိလို့နေခဲ့ပါတယ်တဲ့။

COVID-19 ပိုးဟာ နိုင်ငံတစ်ကာမှာ ကူးစက်မှုနှုန်းတဖြေးဖြေးလျော့နည်းလာပြီးနောက်မှာတော့ Missouri ဒေသရဲ့ ဆိုင်တွေတော်တော်များများကို ကျန်းမာရေးဌာနကနေ ပြန်လည်ဖွင့်ခွင့်ပေးလိုက်ခဲ့ပါတယ်။ ပထမဆုံး စဖွင့်ဖွင့်ပြီးချင်းရက်မှာတင်ကိုပဲ ပြဿနာတွေတက်သွားခဲ့ပါတယ်။

Freepik-anniebrusnika

အဲဒါကတော့ ဆိုင်ပေါင်း ၂၂ ဆိုင်ရဲ့ဝန်ထမ်းတွေမှာ ပိုးတွေ့ခဲ့ပါတယ်တဲ့။ အဲဒီအထဲက တစ်ဆိုင်ကတော့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ပါ။ ဆံပင်ညှပ်ဆိုင်ရဲ့ ဆိုင်န်ထမ်း နှစ်ဦးမှာ ပိုးတွေ့ခဲ့ပြီးနောက် ထိတွေ့ခဲ့သူဘယ်နယောက်ရှိတယ်ဆိုတာ စုံစမ်းလိုက်တဲ့အခါမှာတော့ ထိတွေ့သူပေါင်း ၁၄၀ တောင်ရှိခဲ့တာပါတဲ့။ ဒါကြောင့် ဆက်စပ်ရာလူတွေအားလုံးကို အကုန် သီးသန့်ခွဲစောင့်ကြည့်စေခဲ့ပါတယ်။

ယခု ၂ ပတ်ကြာသည်အထိ အားလုံးကိုစစ်ရေးရာမှာ ထိတွေ့ခဲ့တဲ့ ဧည့်သည်ပေါင်း ၁၄၀ လုံးမှာ တစ်ယောက်မှ ပိုးမတွေ့ခဲ့ပါဘူးတဲ့လေ။ တော်တော် ထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဆိုင်ဝန်ထမ်းနှစ်ဦးလုံးဟာ အလုပ်လုပ်နေတဲ့အချိန်မှာရော အပြင်သွားတဲ့အချိန်မှာရော တောက်လျှောက် mask ကို တပ်ထားခဲ့ကြတာပါတဲ့။ ဒီအပြင် ကျန်းမာရေးဌာက ညွှန်ကြားထားတဲ့စည်းကမ်းချက်တွေအတိုင်းလည်း သေချာလေး လိုက်နာခဲ့တာကြောင့် ဧည့်သည်တွေ တစ်ယောက်ကိုမှ မကူးခဲ့တာဖြစ်ပါတယ်။ ဒီအပြင် ဧည့်သည်တွေကိုလည်း ဆိုင်ထဲဝင်လာတိုင်း mask မချွတ်ခိုင်းဘဲနဲ့ ဝန်ဆောင်မှုပေးခဲ့တာကြောင့်လည်း အများကြီးပါပါသေးတယ်။

READ
စစ်မှုထမ်းဟောင်းဂုဏ်ပြုပွဲမှာ ဂိမ်းထဲကပုံကိုသုံးမိလို့ ဝေဖန်ခံနေရတဲ့ ရုရှားရုပ်သံလိုင်း
Freepik-senivpetro

အသက်ကို ဥာဏ်စောင့်တယ်ဆိုတဲ့ ဆိုရိုးစကားကို သတိရပေးကြပါ။

Penny

SHARE