စုထားတဲ့ပိုက်ဆံတွေနဲ့ Mask (၂၀,၀၀၀)ကျော်ဝယ်ပြီး လှူဒါန်းခဲ့တဲ့ ကလေးနှစ်ဦး

Twitter/UKinVietnam

လက်ရှိအချိန် ကမ္ဘာကြီးကို ဒုက္ခအပေးဆုံးအရာကတော့ COVID 19 လို့ အမည်ရတဲ့ ကူးစပ်ရောဂါကြီးပဲ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးကြောင့်ပဲ လူတွေဟာ အိမ်ထဲမှာပဲ နေနေရပြီး အလုပ်ပျက်အကိုင်ပျက်တွေ ဖြစ်နေကြရပါတယ်။ အရေးကိစ္စတစ်စုံတစ်ရာရှိလို့ အိမ်အပြင်ထွက်မယ်ဆိုရင်တောင်မှ Face Mask ကို မဖြစ်မနေတပ်သွားသင့်ပါတယ်။ အခုလည်း ဗီယက်နမ်နိုင်ငံက ကလေးငယ်နှစ်ဦးဟာ သူတို့စုထားတဲ့ ပိုက်ဆံတွေနဲ့ Face Mask အခု ၂၀,၀၀၀ ကျော်ဝယ်ပြီး UK နိုင်ငံသို့ လှူဒါန်းခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

British Emabassy Hanoi

ဗီယက်နမ်နိုင်ငံ၊ Hanoi  မြို့ရှိ Truong Thi Linh Nhan နဲ့ Truong Cao Khoi လို့ အမည်ရတဲ့ ကလေးနှစ်ယောက်ဟာ နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ Luna New Year ပွဲတော်ကာလတွေမှာ ရရှိတဲ့ မုန့်ဖိုးတွေကို စုဆောင်းထားတာ နှစ်တော်တော်ကြာပါပြီ။ အဲဒီငွေတွေကိုတော့ Lucky Money လို့ ခေါ်လေံရှိပါတယ်။ Nhan နဲ့ Khoi တို့ဟာ ဒီပေါင်းများစွာ စုဆောင်းလာတဲ့ Lucky Money တွေကို Face Mask အခု ၂၀,၀၀၀ ကျော်ဝယ်ပြီး သဘောင်္နဲ့ ဗီယက်နမ်မှ UK နိုင်ငံသို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

ဗီယက်နမ်အခြေစိုက်၊ UK သံရုံးကလည်း Nhan နဲ့ Khoi တို့ကို Twitter အကောင့်မှတစ်ဆင့် ဂုဏ်ပြုတဲ့ ပို့စ်တစ်ခုတင်ခဲ့ကြောင်း သိရှိရပါတယ်။ “ကလေးတွေက အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်လွန်းလှပါတယ်။ သူတို့လေးတွေရဲ့ သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ဓာတ်ကိုလည်း လေးစားပါတယ်။ အထူးသဖြင့် သူတို့ရဲ့ Lucky Money တွေကို ဒီလိုမျိုးအကုန်အကျခံပြီး ကူညီပေးတဲ့အတွက်လည်း အားနာမိပါတယ်” လို့ UK သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
မီတာ(၁၃၀၀)ကျော်မြင့်တဲ့ တောင်ထိပ်ပေါ်မှာ မူးယစ်ပျော်ပါးလေ့ရှိတဲ့ စကော့တလန်သားများ
Pixabay-loilamtan

ဗီယက်နမ်မှာ Lucky Money ဆိုတာကတော့ မိဘတွေက သူတို့သားသမီးတွေကို နှစ်စဉ် Lunar New Year ရောက်တိုင်း အနီရောင်စာအိတ်ထဲမှာ ပိုက်ဆံတွေထည့်ပြီး ပေးလေ့ရှိတာကို ပြောတာပါ။ ဒီလို Lunar New Year ရောက်တိုင်း Lucky Money ရရင် အဲဒီလူဟာ ကျန်းမာရေးကောင်းပြီး ပျော်ရွှင်ရတဲ့လူသားတစ်ယောက် ဖြစ်တယ်လို့ အယုံအကြည်ရှိကြပါတယ်။

Pyi Hein Kyaw

SHARE