ဘန်ကောက်ဈေးဝယ်စင်တာတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ကြောက်စရာမျက်နှာကျက်ပြိုကျမှု

facebook/wsampper

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ CentralPlaza WestGate မောလ်ဟာ မိုးရေကြောင့် ဗုဒ္ဓဟူးနေ့ညမှာ မျက်နှာကြက်အကာတွေပြိုကျခဲ့ပေမယ့်လည်း ကြာသပတေးနေ့မှာ မောလ်ကို ဆက်လက်ဖွင့်ထားမယ်လို့ asiaone အရ သိရပါတယ်။ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးဖြစ်တဲ့ Ws Ampper က ဗုဒ္ဓဟူးနေ့ညတုန်းက မောလ်ထဲ မျက်နှာကြက်တွေပြိုကျပြီး မိုးရေတွေပါ ပါလာတဲ့ ဗီဒီယိုအတိုတွေကို အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ရှော့ပင်းမောလ်ရဲ့ တာဝန်ရှိသူတွေက လူသိရှင်ကြားတောင်းပန်စာထုတ်ပြန်ခဲ့တာ ပါ။ ဗီဒီယိုထဲမှာတော့ မျက်နှာကြက်အကာစကြီးနှစ်ခုဟာ အမိုးပေါ်ကနေ ရုတ်တရက်ပြုတ်ကျလာတာကြောင့် အောက်ဘက်က ဈေးဝယ်သူတစ်ဦးက အမြန်နောက်ဆုတ်ပြီး ရှောင်ခဲ့တာကိုလည်း တွေ့ရမှာပါ။

Posted by Ws Ampper on Wednesday, September 18, 2019

မောလ်က တာဝန်ရှိသူတွေကတော့ Nonthaburi Muang ခရိုင်အတွင်း မိုးသည်းသည်းမဲမဲရွာသွန်းခဲ့ပြီးနောက်မှာ အခုလို ဖြစ်ခဲ့တာပါလို့ ဖြေရှင်းချက်ထုတ်ပြီး တောင်းပန်ထားပါတယ်။ ဖြေရှင်းချက်ထဲမှာတော့ မော်လ်က၀န်ထမ်းတွေဟာ မျက်နှာကြက်ပြိုကျပြီးပြီးချင်းပဲ ၄င်းနေရာကို မိနစ်(၃၀) အတွင်း သန့်ရှင်းရေးလုပ်ခဲ့ပြီး အခုဆိုရင် အားလုံးပုံမှန်ပြန်ဖြစ်သွားပါပြီလို့ ဆိုပါတယ်။

READ
မိန်းမနဲ့ စကားများလို့ လသားအရွယ် ကလေးငယ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖခင်

 

အခင်းနေရာမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူ တစ်ဦးမှ မရှိခဲ့ပေမယ့် အောက်ထပ်မှာရောင်းချနေတဲ့ဆိုင်ထဲက စားသုံးကုန်ပစ္စည်းအနည်းငယ်တော့ ပျက်စီးသွားခဲ့ကြောင်း ဆိုပါတယ်။ လက်ရှိမှာတော့ မျက်နှာကြက်ပြိုကျရာနေရာကို အင်ဂျင်နီယာတွေနဲ့ စစ်ဆေးနေပြီး ရှေ့လျှောက်အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားရအောင် ကာကွယ်ဖို့လိုကြောင်းလည်း ကြေညာခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE