ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများနေတဲ့ ကမ္ဘာ့အပျင်းဆုံး ၀ံပုလွေနှစ်ကောင်

Youtube-The Funniest Wolf Howls Are Lazy Ones

တိရစ္ဆာန်တွေရဲ့ သဘာဝကိုက အစာစားဖို့နဲ့ အိပ်ဖို့ပဲ သိတာပါ။ တိရစ္ဆာန်တွေထဲမှာမှ ကြောင်၊ ခိုအားလား၊ ပန်ဒါဝက်ဝံ၊ဆင်၊ သမင်၊ မြင်း အစရှိတဲ့ တိရစ္ဆာန်တွေဟာ ရှိသမျှ တိရစ္ဆာန်တွေထဲမှာမှ အပျင်းဆုံးတိရစ္ဆာန်တွေအဖြစ် အများက သတ်မှတ်ထားကြပါတယ်။အခုတော့ အဲဒီငပျင်းလေးတွေ အုပ်စုကို နောက်ထပ် တိရစ္ဆာန်တစ်မျိုးက လာရောက်ပူးပေါင်းပြီပဲ ဖြစ်ပါတယ်။ အဆိုပါတိရစ္ဆာန်ကတော့ မြေခွေးပဲ ဖြစ်ပါတယ်။ အခုပြောချင်တဲ့ မြေခွေးနှစ်ကောင်ကတော့ ကမ္ဘာ့အပျင်းဆုံး မြေခွေးနှစ်ကောင်အဖြစ် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖြော်ပချက်အရ သိရှိရပါတယ်။

ပုံထဲမှာ တွေ့ရတဲ့ မြေခွေးနှစ်ကောင်ကတော့ လက်ရှိ ဆိုရှယ်မီဒီယာပေါ်မှာ ကမ္ဘာ့အပျင်းဆုံး မြေခွေးနှစ်ကောင်အဖြစ် သတ်မှတ်ခံထာူရတဲ့ မြေခွေးနှစ်ကောင်ဖြစ်ပြီး လူအများစုကလည်း အဲဒီမြေခွေးနှစ်ကောင်ရဲ့ ပျင်းရိပုံကို တော်တော်လေးချစ်နေကြကြောင်း သိရပါတယ်။ အဖြူရောင် မြေခွေးကောင်ရဲ့ နာမည်ကတော့ Alawa ဖြစ်ပြီး အနောက်က မီးခိုးရောင်နဲ့ မြေခွေးကတော့ Zephyr ပဲ ဖြစ်ပါတယ်။ သူတိုနှစ်ကောင်စလုံးဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံ၊ South Salem မြို့ရှိ Wolf Conservation Center ရဲ့ မြေခွေးကိုယ်စားလှယ်နှစ်ဦးဆိုလဲမမှားပါဘူး။

Alawa နဲ့ Zephyr တို့ရဲ့ စစ်ဆင်ရေးကတော့ သူတို့နဲ့ မျိုးတူမြေခွေးတွေကို လူတွေနဲ့ ရင်းနှီးထိတွေ့မှုရှိအေင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုအခက်အခဲရှိတာကတော့ သူတို့နှစ်ကောင်စလုံးဟာ အချိန်ပြည့် လဲလျောင်းအိပ်နေလေ့ရှိပြီး တော်တော်လေးကို ပျင်းတဲ့နှစ်ကောင်ပဲ ဖြစ်ပါတယ်။ အစားစားတဲ့ တစ်ချိန်ပဲ လဲလျောင်းနေရာကထလာပြီး အစားစားကာ ဟိုနားဒီနားလမ်းလျှောက်ပြီးတာနဲ့ ပြန်အိပ်လေ့ရှိကြောင်းလည်း သိရပါတယ်။ ဘယ်လောက်တောင်ပျင်းလဲ သိချင်ရင် အောက်ကဗီဒီယိုဖိုင်ကို တစ်ချက်လောက်ကြည့်ကြည့်ကြပါ။

READ
ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ Follower ၃၂၀၀၀ နဲ့ လျှာတစ်လစ်ကြောင်လေး

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Alawa ဟာ အခြားမြေခွေးတစ်ကောင် အူနေတဲ့အသံကြားတာနဲ့ သူပါလိုက်အူပါတယ်။ Alawa အူတာနဲ့ တစ်ပြိုင်နက် Zephyr ကပါ အနောက်ကနေ လိုက်အူခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တော်တော်များများ တွေ့ဖူးတဲ့ ခွေးတွေ၊ ဝံပုလွေတွေဟာ ဒီလိုအူတာနဲ့ လေးဘက်ထောက်၊ ခေါင်းကို ကောင်ကင်းပေါ်မော့ကာ အားရပါးရ အူလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကောင်ကတော့ အူတဲ့အချိန်မှာတောင် မတ်တပ်မရပ်နိုင်ပဲ လဲလျောင်းရင်းနဲ့ပဲ အူလေ့ရှိပါတယ်။ တော်တော့်ကို အပျင်းထူလွန်းတဲ့ Alawa နဲ့ Zephyr ပဲ ဖြစ်ပါတယ်။

Youtube-The Funniest Wolf Howls Are Lazy Ones

Pyi Hein Kyaw

SHARE