ရန်ဖက်ရက်ပ်ပါမနှစ်ယောက်ကြောင့် တရားရုံးမှာရန်ဖြစ်ပြီး ကွာရှင်းခဲ့တဲ့ လိင်တူချစ်သူနှစ်ဦး

Instagram- Nicki Minaj, Caardi B, Divorce Court

လူနှစ်ဦးပေါင်းစည်းတယ်ဆိုတာ ယောက်ျားနဲ့ မိန်းမဆိုတဲ့ ဆန့်ကျင်ဖက်လိင်နှစ်ကြောင့်မဟုတ်ပါဘူး။ အဓိကရေးကြီးတာက ချစ်ခြင်းမေတ္တာတရားရယ်၊ စိတ်တူကိုယ်တူရှိမှုရယ်၊ နားလည်မှုတွေနဲ့တည်ဆောက်ထားခဲ့မယ်ဆိုရင် သာယာပျော်ရွှင်ပြီး မြဲမြံတဲ့ အိမ်ထောင်ရေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

အမေရိကန်မှာ ရုပ်သံရှိုးတစ်ခုရှိပါတယ်။ Divorce Court ပါ။ ဒီအစီအစဉ်ဟာ ဖြစ်ရပ်မှန် ကွာရှင်းတဲ့စုံတွဲတွေ တရားရုံးမှာ ကွာရှင်းဖို့လျှောက်လလွှဲချက်ပေးတဲ့ ပုံစံမျိုး မှတ်တမ်းတင်ရိုက်ကူးခဲ့တာပါ။ ရုပ်သံလိုင်းကတောင် ရှိုးအဖြစ်ရိုက်ကူးတယ်ဆိုတော့ Divorce Court မှာပါခဲ့ကြတဲ့ စုံတွဲတွေတိုင်းဟာ ထူးထူးဆန်းဆန်းအကြောင်းပြချက်တွေကြောင့် ကွာရှင်းခဲ့တဲ့ စုံတွဲတွေချည်းပါပဲ။

အဲဒီအထဲကမှ ဒီစုံတွဲကတော့ လက်ထပ်ထားပြီးကာမှ ရန်ဖက်ဖြစ်နေတဲ့ ရက်ပ်အဆိုတော်မ နှစ်ဦးကြောင့် တရားရုံးအထိ ငြင်းခုန်ရင်း ကွာရှင်းခဲ့ကြပါတယ်တဲ့လေ။ ဒီအကြောင်းကိုတော့ LGBTQ Nation မှာ ဖတ်ခဲ့ရတာပါ။

Nicki Minaj နဲ့ Cardi B တို့ ရက်ပ်ပါမနှစ်ယောက်ကတော့ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ် ၉ လပိုင်းတုန်းက Harper’s Bazaar ICON ဆိုတဲ့ New York Fashion Week ပါတီတစ်ခုမှာ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ကြတာကိုရော မှတ်မိကြဦးမလားမသိဘူး။

View this post on Instagram

@muglerofficial

A post shared by Cardib (@iamcardib) on

ဆွဲလားရမ်းလားနဲ့ ရုန်းရင်းဆန်ခက်တွေပါဖြစ်ပြီး ရဲတွေတောင်အုပ်စုလာခွဲရတဲ့အထိပါပဲ။ Cardi B တောင် နှဖူးကြီးမှာ ဖုအကြီးကြီးထွက်သွားခဲ့သေးတယ်လေ။ ပွဲကနေ Cardi B တစ်ယောက် အပြင်ထုတ်လည်း ခံခဲ့ရရော ဒေါက်ဖိနပ်နီနီလေး တစ်ဖက်တောင် ပါမလာတော့တဲ့အထိ အကျဉ်းတန်ခဲ့တာပါ။

အဲဒီကစပြီး ပရိတ်သတ်တွေဟာလည်း သူ့ဖက်ကိုယ့်ဖက်ကွဲသွားကာ တစ်ဖက်နဲ့တစ်ဖက် လုံးဝကြည့်မရတော့တာ ယနေ့အထိပါပဲ။ Nicki Minaj နဲ့ Cardi B တို့ကြောင့် အိမ်ထောင်ကွဲခဲ့တဲ့ စုံတွဲကတော့ Don’te နဲ့ D’Andrew Leaphart တို့ပဲဖြစ်ပါတယ်။ နှစ်ယောက်သားဟာ လိင်တူချစ်သူအဖြစ် ၂ နှစ်တာ လက်တွဲခဲ့ပြီးနောက် ဘဝလက်တွဲဖော်အဖြစ် တရားဝင်လက်ထပ်ခဲ့တာ ၂ နှစ်ခွဲကျော်လာခဲ့ပါပြီတဲ့။

READ
သေဆုံးသွားတဲ့ ကျောင်းသားလေးရဲ့ မိသားစုကို ငွေလှူဒါန်းမယ့် ယုန်လေးနဲ့ မြင့်မြတ်

နှစ်ယောက်သားအတူတူရှိနေခဲ့တဲ့ ကာလ ၅ နှစ်နီးပါးကိုတောင် မထောက်ထားတော့ဘဲ တစ်ယောက်က Nicki Minaj ရဲ့ ပရိတ်သတ်၊ နောက်တစ်ယောက်က Cardi B ရဲ့ ပရိတ်သတ်၊ တစ်ယောက် idol ကို တစ်ယောက် ရွဲ့စောင်းပြောဆိုရင်း ရန်ဖြစ်ဖန်များလာတဲ့အခါမှာတော့ သည်းမခံနိုင်တော့ဘဲ ကွာရှင်းဖို့အတွက် တရားရုံးကို လျှောက်လှဲလာပါတော့တယ်။

တရားရုံးလျှောက်လှဲချက်လုပ်နေတဲ့ ဗီဒီိယိုကိုလည်း Divorce Court ရဲ့ တရားဝင် Instagram account မှာ လွန်ခဲ့တဲ့ ၂ ရက်ကမှ တင်လာခဲ့တာပါ။ ဗီဒီယိုအပြည့်အစုံကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။ Don’te နဲ့ D’Andrew Leaphart နှစ်ယောက် ကွာရှင်းဖြစ်သွားမလား မကွာရှင်းဖြစ်သွားဘူးလားဆိုတာတော့..

Penny

SHARE