မင်္ဂလာပွဲမှာတွေ့ခဲ့ရတဲ့ လူတစ်ယောက်ကြောင့် အံ့သြချင်းများစွာနဲ့ရယ်ပွဲကျခဲ့ကြသူတို့

Amir Zulfadhli Zulkifly/Facebook

လူပေါင်းသန်းနဲ့ချီရှိနေတဲ့ကမ္ဘာမြေကြီးမှာ ရုပ်ဆင်းအင်္ဂါမတူ၊ သွင်ပြင်လက္ခဏာမတူဘဲ ဖြစ်တည်နေတဲ့လူတွေရှိနေတာ အံ့သြစရာကောင်းလှပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ရုပ်မတူတာဟာ ကျွန်တော်တို့အတွက် နေသားကျနေပြီဖြစ်တဲ့အတွက် သိပ်မထူးဆန်းတော့ပါဘူး။ အဲ.. ထူးဆန်းတာကတော့ ကိုယ့်ရုပ်နဲ့ဆင်လွန်းတဲ့သူကို ရှာတွေ့ခဲ့မယ်ဆိုရင် သိပ်ကို ဆန်းကြယ်လွန်းသွားပါပြီ။

ဗီဒီယိုကတော့ Amir Zulfadhli Zulkify ဆိုတဲ့ Facebook user တစ်ယောက်က တင်ထားခဲ့တာပါ။

အကြောင်းကတော့ မင်္ဂလာဆောင်တစ်ပွဲမှာ မမျှော်လင့်ထားဘဲ အမျိုးသားနှစ်ယောက်ဟာ အမွှာသဖွယ်ဖြစ်လို့နေခဲ့တာဖြစ်ပါတယ်။ အမွှာဖြစ်တယ်ဆိုတာ ရုပ်တူတာကိုပြောတာနော်၊ ငယ်ငယ်ကပျောက်သွားတဲ့အမွှာညီအစ်ကိုတို့ဘာတို့လည်း ဒရာမာဇာတ်လမ်းတွဲတွေထဲကလို မဟုတ်ပြန်ဘူး။ နှစ်ယောက်သားဟာ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်၊ အရပ်အမောင်းတင်တူတာမဟုတ်ဘဲ မျက်မှတ်တပ်ရတာကစလို့ ကတုံးဖြစ်တာ၊ အင်္ကျီအနီရောင်ဝတ်ထားတာအထိကု တူလွန်းနေခဲ့ကြတာပါ။

Amir Zulfadhli Zulkifly/Facebook

မင်္ဂလာဆောင်မှာ သတို့သားနဲ့သတို့သမီးတို့ကိုပဲ အာရုံစိုက်ရမယ့်အစား ပွဲလာပရိတ်သတ်တွေရော၊ သတို့သားနဲ့သတို့သမီးကပါ သူတို့နှစ်ယောက်ကြောင့် ပွဲကျသွားခဲ့ပါတော့တယ်။ ဗီဒီယိုထဲမှာဆိုရင်လည်း အံ့သြပြီးသဘောကျနေတဲ့ ရုပ်ကြီးတွေကြောင့် မရယ်ဘဲနဲ့ကို မနေနိုင်လောက်အောင် သဘာဝဆန်ဆန်ဟာသမြောက်ခဲ့တာပါ။ ကဲ ဗီဒီယိုလေးကို အားပေးလိုက်ကြပါဦး။

Bila kau pegi wedding, terjumpa clone hahahahaha

Posted by Amir Zulfadhli Zulkifly on Saturday, September 7, 2019

Penny

SHARE