တစ်နှစ်မှာ တစ်ခါပဲ ကျရောက်တဲဘ ကိုယ့်ရဲ့မွေးနေ့ပွဲကိုတော့ ဘယ်သူမဆို ခမ်းခမ်းနားနားနဲ့ သူမတူအောင် ကျင်းပချင်ကြမှာ အမှန်ပါပဲ။ တစ်ချို့လူတွေကတော့ မွေးနေ့မှာ သူငယ်ချင်းးတွေကို ဖိတ်ပြီး ပါတီပွဲကျင်းပလေ့ရှိသလို တစ်ချို့ကျပြန်တော့လည်း အိမ်မှာပဲ ကိုယ့်ရဲ့မိသားစုနဲ့ ဘတ်ဒေးကိတ်ကို အတူတူခွဲပြီး အေးအေးဆေးဆေး ကျင်းပလေ့ ရှိကြပါတယ်။ အခုပြောပြချင်တဲ့ မွေးနေ့ပွဲကတော့ တော်တော်လေးကို ဂန်းစတားဆန်လို့တဲ့ ဘတ်ဒေးပါတီလို့ပဲ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ မွေးနေ့ရှင် အမျိုးသားဟာ ဘတ်ဒေးကိတ်ကို ဓားနဲ့ မခွဲပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေ ပုံစံမျိုး သနေတ်နဲ့ ခွဲခဲ့လို့ပဲ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ပုံထဲမှာတွေ့ရတဲ့ အတိုင်း အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ ဘတ်ဒေးပါတီပွဲတစ်ခုကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မွေးနေ့ရှင်ဖြစ်သူအမျိုးသားဟာ ပစ္စတိုတစ်လက်ကို ကိုင်ထားပြီး ဘတ်ဒေးကိတ်ကို ခွဲခဲ့ပါတယ်။ အဲဒီအမျိုးသား အဆိုပါပုံစံနဲ့ ဘတ်ဒေးကိတ်ခွဲတဲ့ အချိန်မှာတော့ ဘေးနားမှရြှိတဲ့ သူငယ်ချင်းဖြစ်သူတွေက အဆိုပါ အမျိုးသားကို လက်ခုပ်တီးပြီး ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။
Only in Uttar Pradesh . For cutting a birthday cake with a country made pistol , two men under arrest , says the @hapurpolice . And story slug from colleague in Hapur – तमंचे पे डिस्को तो देखा होगा ,अब तमंचे पर केक देखिए* pic.twitter.com/5aWPgfVZw5
— Alok Pandey (@alok_pandey) January 15, 2021
သိပ်မကြာခင်အချိန်အတွင်းမှာတော့ အဆိုပါ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများစွာ ထွက်ပေါ်လာကြပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ပြီး ၅ ရက်အကြာမှာတော့ ရဲတပ်ဖွဲ့ဟာ အဆိုပါ ဗီဒီယိုထဲက သေတန်ကို ကမ်းပေးလိုက်တဲ့ အမျိုးသားနဲ့ မွေးနေ့ရှင် အမျိုးသားတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ မွေးနေ့ရှင် အမျိုးသားရဲ့ နာမည်ကတော့ Shahnawaz လို့ သိရပြီး သေနတ်ပိုင်ရှင်ကတော့ Shakib လို့ သိရှိခဲ့ရပါတယ်။ နောက်ဆုံးရသတင်းကတော့ အဆိုပါ အမျိုးသားနှစ်ယောက်စလုံးဟာ ဂန်းစတားအဖွဲ့ဝင် လူငယ်တွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်ကို ဖမ်းဆီး စစ်ဆေးတဲ့ အချိန်မှာတော့ ပစ္စတိုတစ်လက်နဲ့ ကျည်ဆန်တစ်ချို့ပါ ဖမ်းဆီးရရှိခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
बर्थडे पार्टी पर तमंचे से केक काटकर जश्न मनाते हुए सोशल मीडिया पर वायरल वीडियो के सम्बन्ध में थाना हापुड नगर पुलिस ने त्वरित कार्यवाही करते हुए 02 आरोपियों को किया गिरफ्तार, जिनके कब्जे से केक काटने में प्रयुक्त असलहा बरामद।@Uppolice@dgpup@adgzonemeerut#Hapurpolice pic.twitter.com/gfz6XSAsTb
— HAPUR POLICE (@hapurpolice) January 15, 2021
Pyi Hein Kyaw