အမေရိကန်နိုင်ငံရဲ့ မီရှီဂန်ရေကန်ကြီးနားမှာ ထူးထူးခြားခြားတွေ့ရမယ့် ရေခဲမီးတောင်နှစ်ခု

[email protected]

လူတော်တော်များများကတော့ မီးတောင်ပေါက်ကွဲတာတို့၊ မီးတောင်က ချော်ရည်ပန်းထွက်တာတို့ကိုတော့ မြင်ဖူးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ရေခဲမီးတောင်ကို တော့ မြင်တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ အခုလက်ရှိအချိန်မှာ အမေရိကန်နိုင်ငံ နာမည်ကြီးရေကန်တစ်ခု ရေခဲမီးတောင်နှစ်ခုပေါ်ပေါက်နေကြောင်း New York Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံရှိ မိုးလေဝသဌာနတစ်ခုဖြစ်တဲ့ The National Weather Service ရဲ့ Twitter အကောင့်ကနေပြီးတော့ အမေရိကန်နိုင်ငံရဲ့ Lake Michigan ရေကန်ကြီးမှာ ရေခဲမီးတောင်နှစ်ခုပေါ်ပေါက်နေကြောင်း ပို့စ်တင်ခဲ့ပါတယ်။ ပို့စ်မှာတော့ “ ဒီအချိန်ဟာ ကမ်းခြေ၊ ရေကန်အစရှိတဲ့နေရာတွေကို သွားလည်လို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ Lake Michigan ရေကန်ကြီးမှာ ရေခဲမီးတောင်နှစ်ခုပေါ်နေပါပြီ။ မမြင်ဖူးသေးတဲ့သူတွေ သွားကြည့်လို့ရပါတယ်။ အန္တရယ်မရှိပါဘူး” လို့ပဲ ဖြစ်ပါတယ်။

It’s cold as balls out here! Seriously, if you’re coming out to see the ice balls, please dress warm and be careful of snow covered debris.

Posted by Holland State Park on Friday, February 14, 2020

“ ဒီရေခဲမီးတောင်နှစ်ခုက တော်တော်လှပါတယ်။ ဒီလောက်လှတဲ့ ရေခဲမီးတောင်မျိုး ကျွန်တော်မတွေ့ဖူးသေးပါဘူး။ သူရဲ့သဘာဝက မီးတောင်လိုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြင်တွေ့ဖူးနေကြ မီးတောင်တွေလို ချော်ရည်တွေ မီးတောက်တွေ ပန်းထွက်တာ မဟုတ်ပါဘူး။ ရေခဲပြင်အောက်မှာ ဖိအားတွေ အရမ်းများလာတဲ့ အချိန်ကြရင် အပေါ်က ရေခဲထုက တောင်ပုံစံလိုမျိုးမို့တက်လာပြီး ရေတွေနဲ့ ရေခဲငွေ့တွေဟာ အပေါ်ကို အရှိန်နဲ့ ပန်းတက်လာတာပဲ ဖြစ်ပါတယ်” လို့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ Tom Niziol က ပြောကြားခဲ့ပါတယ်။

READ
ပိုကောင်းတဲ့ မနက်ဖြန်တွေရဖို့ ကြိုးစားနေသူတွေရဲ့ အားတက်ဖွယ်ပုံပြင်များ

Pyi Hein Kyaw

SHARE