ရထား အတွဲဟောင်းတွေကို ဆေးပြန်သုတ်ပြီး ဖန်တီးထားတဲ့ စာသင်ကျောင်းလေး

Facebook/P Srinivasu

ကလေးတွေဆိုတာ တစ်ချိန်ချိန်မှာ တိုင်းပြည်အတွက် အားကိုးရမယ့် ခေါင်းဆောင်ကောင်းတွေပါ။ သံကိုတောင် ပူနေတုန်းနာနာထုမှ လိုသလို ပုံသွင်းလို့ရတာပါ။ ဒါကြောင့် ကလေးတွေကိုလည်း ငယ်ငယ်လေးကတည်းက လိုအပ်တဲ့ အသိပညာအတက်ပညာတွေ သင်ပေးထားမှ ကောင်းကောင်းကြီးပြင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပညာတွေသင်ပေးဖို့အတွက် စာသင်ကျောင်းဆိုတာ လိုအပ်ပါတယ်။

Unsplash/Yannis H

TOI သတင်းဌာနရဲ့ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ၊ Mysuru မြို့မှာရှိတဲ့ မီးရထားဝန်ထမ်းတွေဟာ အသုံမပြုတော့တဲ့ ရထားတွဲနှစ်တွဲကို ဆေးတွေသေချာပြန်သုတ်ပြီး ကလေးတွေအတွက် စာသင်ကျောင်းတစ်ခု ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရထားတွဲ နှစ်တွဲကို Nali Kali (ပျော်ရွှင်ဖွယ်နေရာလေး) လို့ နာမည်ပေးထားပါတယ်။

Facebook/P Srinivasu

အစိုးရရဲ့ကိုယ်ပိုင်ကျောင်းဟာလည်း အဲဒီမြို့မှာ မရှိဘဲ ကျောင်းသားကျောင်းသူတွေဟာ ၀ပ်ရှော့တစ်ခုရဲ့ အဆောက်အအုံထဲမှာပဲ စာသင်ကြားနေရတာ ဆယ်စုနှစ် ၂ခုကျော်ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီးရထားဝန်ထမ်းတွေဟာ အသုံပြုခြင်းမရှိတဲ့ အဆိုပါ မီးရထားနှစ်တွဲကို စာသင်ကျောင်းအဖြစ် ဖန်တီးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

READ
ဦးနှောက်အတိတ်မေ့ခဲ့ပေမယ့် နှလုံးသားအတိတ်မမေ့ခဲ့တဲ့ အမျိုးသမီးလေး
Facebook/P Srinivasu

“ ကျွန်တော်တို့ ဒီမီးရထားကို စာသင်ကျောင်းအဖြစ်ဖန်တီးဖို့ စုစုပေါင်း ရူပီး၅၀,၀၀၀ကျော်ကျပါတယ်။ ဒီမြို့မှာရှိတဲ့ ကလေးတွေအကုန်လုံး အခုချိန်ကစပြီး နေရာအသစ်မှာ စိတ်သစ်လူသစ်နဲ့ စာသင်ကြားနိုင်တော့မှာပါ။ အတွဲနှစ်တွဲအနက် တစ်တွဲကို စာသင်ခန်းအဖြစ်သတ်မှတ်ထားပြီး နောက်တစ်တွဲကိုတော့ ကလေးတွေကစားကွင်းအဖြစ်သတ်မှတ်ပေးထားပါတယ်။ မကြာခင်မှာ စာသင်ကြားမယ့် ဆရာ ဆရာမတွေလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်” လို့ အလုပ်သမားတွေရဲ့ မန်နေဂျာ P Srinivasu က TOI သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE