ကင်ဆာရှေ့ပြေးလက္ခဏာအဖြစ်သတ်မှတ်ထားတဲ့ အိပ်စက်ခြင်းအမူအကျင့် ၂ ခုကြောင်း

အိပ်စက်ခြင်းအမူအကျင့်နှစ်ခု အမျိုးသမီးများအတွက် ကင်ဆာရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်တယ်ဆိုပြီး ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ သိခဲ့ရပါတယ်။ ဒီအချက်ဟာ အမျိုးသမီးများမှာသာ သက်ရောက်နိုင်တာကို ထပ်မံသတိပေးပါရစေနော်။

shutterstock

အိပ်စက်စဉ်ဟောက်ခြင်း

Sleep apnoea လို့ခေါ်တဲ့ အိပ်ပျော်နေစဉ် ဟောက်လေ့ရှိတတ်တဲ့အမျိုးသမီးတွေ အထူးသတိထားသင့်ပါတယ်။ ဟောက်တဲ့ အလေ့အထဟာ ညအခါ အိပ်ပျော်နေစဉ်မှာ သွေးတွင်းရှိ အောက်ဆီဂျင်တွေ လျော့နည်းခြင်းကြောင့်ဖြစ်ပေါ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့ အမျိုးသမီးအများစုဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေများတယ်ဆိုတဲ့ အချက်ကို ဂရိသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပေမယ့်လို့ အမျိုးသားများမှာတော့ ဒီအချက်နဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး Dr Athanasia Pataka က ပြောသွားခဲ့ပါတယ်။ ဟောက်တိုင်းလည်း ကင်ဆာဖြစ်နိုင်ချေရှိနေတာမျိုးမဟုတ်ဘဲ အိပ်စက်နေစဉ်မှာ သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်းဟာ ၉၀% အထိ ခဏခဏကျတတ်တဲ့ အမျိုးသမီးတွေသာ ပါဝင်နေပါတယ်။

shutterstock

အိပ်ယာထတိုင်း နုန်းချိတတ်ခြင်း

Aristotle University of Thessaloniki မှ Dr Athanasia Pataka နဲ့ အဖွဲ့သားတွေဟာ လူပေါင်း ၁၉၀၀၀ ကျော်လောက်ရဲ့ အသက်၊ BMIm ဆေးလိပ်သောက်ခြင်းရှိမရှိနဲ့ အရက်သေစာသောက်သုံးတဲ့အခြေအနေတို့ကိုပါ တွက်ချက်ကာ ကင်ဆာဖြစ်နိုင်ခြေတွေကို တွက်ချက်ခဲ့ပေမယ့်လို့ တခြားနေရာတွေမှာ ရှေ့ပြေးလက္ခဏာတွေ မတွေ့ရဘဲ ဟောက်ခြင်းနဲ မနက်ပြန်ထလာချိန်မှာ အိပ်ရေးဝပြီး လန်းဆန်းကြည်လင်နေတာမျိုးမဟုတ်ဘဲ အမြဲတမ်းလိုလို မောပမ်းနွမ်းနယ်ပြီး နုန်းနုန်းချိချိနဲ့ မနက်ခင်းတိုင်းကိုစတင်နေရတဲ့ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

READ
နှလုံးကျန်းမာရေးအတွက် အိပ်ချိန် ၈နာရီရှိခြင်းသည် အကောင်းဆုံးဖြစ်
shutterstock

Source: The Sun

Penny

SHARE