မိုးရွာဖို့အတွက် အိန္ဒိယအမျိုးသားနှစ်ဦး ဇနီးသည်များရှေ့မှာပင် လက်ထပ်ပွဲဆင်နွှဲ

မိုးခေါင်တဲ့ ကပ်ဆိုးကို ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံ၊ Indore, Madhya Pradesh ပြည်နယ်ဟာ မိုးရွာဖို့အတွက် လာဘ်ခေါ်တဲ့အနေနဲ့ အိမ်ထောင်သည်အမျိုးသားနှစ်ဦး လက်ထပ်ပွဲ ဆင်နွှဲခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အိမ်ထောင်သည်တွေ ဖြစ်ကြပြီး ဟိန္ဒူရိုးရာလက်ထပ်ဝတ်စုံတွေနဲ့ သြဂုတ်လ 3 ရက်နေ့က လက်ထပ်ခဲ့တာပါ။

သားသမီးတွေအပြင် ဧည့်သည် 300 ကျော်ကို ဖိတ်ခေါ်ကျွေးမွေးခဲ့ပြီး၊ လူတစ်ချို့ကတော့ သူတိုရဲ့ လုပ်ရပ်ကို ဝေဖန်ကြပါတယ်။ တစ်ချို့ကတော့ ယုံကြည်မှုအရ လုပ်တဲ့လုပ်ရပ်တွေမှာ ဝေဖန်သူတွေက သူတို့နေရာက ကိုယ်ချင်းစာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြန်လည် တုန့်ပြန်ခဲ့ကြပါတယ်။

Picture: Cover Asia Press

ဝေဖန်သူတစ်ယောက်က ” ဒီလို လက်ထပ်လိုက်တော့ မိုးရွာပြီလား “လို့ လှောင်ပြောင်ခဲ့ပါတယ်။ သူတို့ဟာ ဟိန္ဒူနတ်ဘုရားကိုလည်း ပူဇော်ပသခဲ့ပြီး၊ မိုးကြိုးနတ်မင်း၊ လေနတ်မင်း၊ မိုးနတ်မင်းတို့ကိုလည်း ပူဇော်ပသခဲ့ကြပါတယ်။ မင်္ဂလာပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ ကျေးရွာအကြီးအကဲအမည်ကတော့ Ramesh Kumar Tomar (62)နှစ်လို့ သိရပါတယ်။

READ
နေဆာလှုံသူများကိုသတိပေးလိုက်တဲ့ အရေပြားကင်ဆာခံစားနေရသောအမျိုးသမီး

Kumar က ” ဒီလက်ထပ်ပွဲက လိင်ကိစ္စနဲ့ ဘာမှ မပတ်သက်ပါဘူး … တစ်ခြားလက်ထပ်ပွဲတွေနဲ့လည်း မတူပါဘူး … သတို့သမီးလည်း မပါဘူး … ဒီရွာခံလူတွေကလည်း ဒီလိုမှ မလုပ်ရင် မိုးမရွာတော့ဘူးလို့ကို ထင်နေကြတာပါ … ဒီတော့ ကျနော်တို့မှာ ဒီတစ်နည်းသာ ရှိပါတော့တယ် “လို့ ပြောပါတယ်။

Picture: Cover Asia Press

ထိုရွာတွင် ယမန်နှစ်က ခွေးနှစ်ကောင်ကို မင်္ဂလာဆောင်ပေးသည့် အခမ်းအနားလည်း ကျင်းပခဲ့ဖူးပြီး၊ ထိုမင်္ဂလာပွဲနောက်ပိုင်းမှာ တောင်သူတွေအကြိုက် မိုးတွေ ပေါပေါလောလော ရွာခဲ့လို့၊ တောင်သူတွေ ၀မ်းသာခဲ့ရပါတယ်။ အခုလည်း ဒီလို မင်္ဂလာပွဲ ပြုလုပ်ပေးပြီးနောက် မိုးကောင်းကောင်း ရွာလိမ့်မယ်လို့ ရွာသားတွေက ယုံကြည်နေပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

READ
လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီိယိုရဲ့ လျှို့ဝှက်ချက်

source : metro.co.uk

SHARE