သားသတ်လွတ်စားသူရဲ့ခြံထဲမှာ အသားကင်စားဖို့ လူ၇ထာင်ကျော်စုနေတဲ့ဖြစ်ရပ်

Nine News Perth/YouTube, kaboompics/Pixabay

Perth ပြည်နယ်ရဲ့ Facebook အသုံးပြုသူတွေကြားမှာ event တစ်ခု ခေတ်စားနေခဲ့ပါတယ်။ အဲဒါကတော့ Cilla Carden ရဲ့ ခြံဝန်းထဲမှာ အသားကင်စားကြမယ်ဆိုတဲ့ event တစ်ခုပါ။ Cilla Carden ဆိုတဲ့အမျိုးသမီးဟာ သားသတ်လွတ်စားသူတစ်ယောက်ပါ။ ဒီလိုသားသတ်လွတ်စားတဲ့သူတဲ့ ခြံဝန်းထဲမှာ ဘာလို့များအသားကင်စားကြမှာလဲဆိုတာ Lad Bible ကနေ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Nine News Perth/YouTube
Republica/Pixabay

Cilla Carden ဟာ Perth မြောက်ပိုင်းမှာရှိနေတဲ့ Girrawheen က ခြံဝန်းလေေးထဲမှာတစ်ယောက်တည်းနေထိုင်နေတဲ့သူပါ။ သူမဟာ ရာသက်ပန်သားသတ်လွန်စားသူတစ်ယောက်ဖြစ်ပြီး ဘယ်လောက်များ အသားနဲ့ပတ်သက်ပြီး အယူသီးလဲဆိုရင် ဘေးအိမ်ကအသားကင်တဲ့အနံ့ကိုတောင် မခံနိုင်လွန်းလို့ အရင်လို ခြံထဲဆင်းပြီး သစ်ပင်စိုက်တာမျိုးတွေ၊ လမ်းဆင်းလျှောက်တာတွေတောင် မလုပ်နိုင်တော့ဘဲ အိမ်ထဲကနေအိမ်ပြင်မထွက်၊ နေရတာလည်း မပျော်ရွှင်နဲ့ဖြစ်လာပါတော့တယ်။ ဒါနဲ့ပဲ Cilla Carden ဟာ တရားရုံးထိတက်တိုင်ခဲ့ပါတော့တယ်။ အမှုမှာတော့ အဓိကအကြောင်းအရင်းကို တစ်ဖက်မိသားစုရဲ့ အသားကင်ညှော်နံ့တွေ၊ ဆေးလိပ်ငွေ့တွေနဲ့ ကလေးတွေရဲ့ ဘတ်စကတ်ဘောကစားတဲ့ တဒုံးဒုံးအသံတွေကြောင့် သူမအနေနဲ့ အနှောင့်အယှက်ဖြစ်ရပါတယ်ဆိုပြီးတော့ပါ။

READ
အရက်မူးပြီး ဝက်ဝံခြံထဲခုန်ချတဲ့ အမျိုးသား၊ ဝက်ဝံကိုက်လို့ လက်တစ်ဖက်ဆုံးရှုံး
Nine News Perth/YouTube

ဒါနဲ့ပဲ သူတရားစွဲခဲ့တဲ့ Toan Vu တို့မိသားစုဟာ သတိပေးစာအပို့ခံပြီးတဲ့နောက်မှာပဲ ခြံထဲဆင်းပြီး ဘာမှကိုမလုပ်ခဲ့တော့ပါဘူး။ ကလေးတွေကိုလည်း ဘတ်စကတ်ဘောမကစားခိုင်းတော့တဲ့အထိ အနေအထိုင်ဆင်ခြင်ခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ ခြံရှေ့မှာ ညှော်တယ်ဆိုလို့ Vu မိသားစုဟာ Cilla Carden အနံ့မရလောက်ဘူးထင်တဲ့ အနောက်ဖက်ခြမ်းမြေကွက်လပ်မှာ မိသားစုပိတ်ရက်လေးတွေကို ပြန်လည်ပုံဖော်ရင်း အသားကင်ကင်စား၊ စကားတွေပြော၊ ပျော်ပါးနေခဲ့ကြပါသေးတယ်။ သိကြတဲ့အတိုင်း သြစတြေးလျသားတို့မည်သည် bbq နဲ့ ခွဲထားလို့ မရကြဘူးမဟုတ်လား။

“Community BBQ for Cilla Carden” Event/Facebook
“Community BBQ for Cilla Carden” Event/Facebook

ဒါပေမဲ့လည်း Cilla Carden ဟာ မကျေနပ်နိုင်သေးပါဘူးတဲ့။ ဒုတိယအခေါက်မှာတော့ Vu တို့ မိသားစုအပါအဝင် ကျန်တဲ့ အိမ်နီးနားချင်းက အသားချက်တဲ့သူတိုင်း၊ ခြံထဲအသားကင်စားတဲ့သူတိုင်းကို Cilla Carden တစ်ယောက် ရောပြီးတိုင်တန်းခဲ့ပါတော့တယ်။ ဒီအကြောင်းဟာ Facebook ပေါ် ဘယ်လိုကနေဘယ်လိုရောက်သွားတယ်လို့မသိပေမယ့်လို့ အခု “Community BBQ for Cilla Carden” ဆိုတဲ့ Facebook event မှာတော့ တက်ရောက်မယ်ဆိုတဲ့လူပေါင်း ၇ ထောင်ကျော်ရှိနေခဲ့ပြီး interested နှိပ်ထားသူတွေကတော့ အယောက် ၆ ထောင်ကျော်လောက်ရှိနေပါတယ်တဲ့။ Event အကြောင်းကိုတော့ သြဇီရဲ့bbqအစဉ်အလာကို Cilla မဖျက်ဆီးစေနဲ့ဆိုပြီးတော့လည်း ရေးထားခဲ့ပါသေးတယ်။ နေရာကတော့ ပြောထားတဲ့အတိုင်း Cilla Carden ရဲ့ ခြံထဲမှာဖြစ်ပြီး နေ့ရက်ကတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီပါတဲ့။

READ
ပုရိဿတွေ အရမ်းအသဲယားစေတဲ့ မိန်းမသားတို့ရဲ့ မူယာမာယာလေးများ

Cilla Carden ဟာ ဒီကိစ္စကိုသိသိချင်းမှာပဲ ကြောက်လန့်တကြားဖြစ်နေခဲ့ရလို့ သူမရဲ့ပြောရေးဆိုခွင့်ရှေ့နေကတော့ event ကို ဖြုတ်ချဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ သိထားပါတယ်။

Penny

 

SHARE