အမဲသားဟင်းတစ်ခွက်ကနေ အစပြုတဲ့ အင်ဒိုမင်္ဂလာဆောင်တစ်ခုက ရန်ပွဲ

twitter/na_dirs

အင်ဒိုနီးရှားနိုင်ငံက မင်္ဂလာဆောင်တစ်ခုမှာ မင်္ဂလာပွဲလာဧည့်သည်နှစ်ဦးဟာ ဘူဖေးဟင်းပွဲနဲ့ပတ်သက်ပြီး အချင်းများခဲ့ကြကြောင်း dailymail သတင်းစာမျက်နှာမှာ တွေ့ရပါတယ်။ ၄င်းအမျိုးသမီးဧည့်သည်နှစ်ဦးရဲ့ ရန်ဖြစ်နေကြတဲ့ ပုံတွေလည်း ဗီဒီယိုနဲ့တကွ အွန်လိုင်းပေါ်တက်လာပါတယ်။

သိရတာက အနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ သူမရှေ့က အစိမ်းရောင်ဝတ်အမျိုးသမီးကို အမဲသားဟင်းတွေ အများကြီးခပ်ယူနေတယ်ဆိုပြီး စတင်စွပ်စွဲလိုက်ပါတယ်။ သူမက “အရှက်မရှိလိုက်တာနော်၊ ဘယ်လိုအဆင့်အတန်းမျိုးလဲ၊ တစ်ရွာလုံးကို ကျွေးမလို့လား…” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

twitter/na_dirs

ဒီအခါမှာ အစိမ်းရောင်ဝတ်အမျိုးသမီးကလည်း “ငါဘာသာငါထည့်တာ ဘာဖြစ်လဲ။ နင့်လိုမျိုး ကြားမဖြတ်ဝင်ဘူး..” လို့ ပြန်လည်ချေပခဲ့တာပါ။ အစိမ်းရောင်ဝတ်အမျိုးသမီးရဲ့ နောက်ဘက်မှာရှိနေတဲ့ လူတစ်ယောက်ကလည်း ရန်မဖြစ်ဖို့ တားကြပေမယ့် မရပါဘူး။ နှစ်ယောက်စလုံး ခွန်းကြီးခွန်းငယ်နဲ့ စကားများရင်း နောက်ပိုင်း လက်တွေပါ ပါလာတာကြောင့် အနားမှာရှိတဲ့သူတွေက ၀ိုင်းဆွဲပြီး ဖြန်ဖြေခဲ့ရပါတယ်။

READ
ကြုံတတ်လွန်းဆံတတ်လွန်းတဲ့ ရထားပေါ်မှဝက်ဝက်ကွဲဟာသဇာတ်လမ်းဓာတ်ပုံများ

အစားတစ်လုပ်အတွက်နဲ့ ရန်ဖြစ်နေတဲ့ ဒီဗီဒီယိုဖိုင်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာတော့ ဟာသဖြစ်နေပါတယ်။

 

အမျိုးသားတစ်ဦးကတော့..

READ
စုံတွဲတစ်တွဲရဲ့ ပရိုပို့စ်ဗီဒီယိုကို တလွဲရိုက်မိခဲ့တဲ့ အဖိုးအိုရဲ့ ရယ်စရာအဖြစ်လေး

“‘ဒီအဒေါ်ကြီးနှစ်ယောက်က အမဲသားဟင်းလေးတစ်ပွဲအပေါ်မှာ ရန်ဖြစ်ရတဲ့ ခံစားချက်ကို ကျွန်တော်ကောင်းကောင်းနားလည်တယ်။ ကျွန်တော်နေတဲ့ သြဇီမှာဆိုလည်း ဒီလိုအမဲသားဟင်းစပ်စပ်လေးက စားရခဲတယ်။ ဒါကြောင့် မီနူးတစ်ခုပေါ်မှာများ အမဲသားဟင်းလို့ တွေ့လိုက်တယ်ဆိုရင် ကျွန်တော်သွားစားပြီး တမင်တကာ သွားကြားတွေထဲညှပ်အောင် ၀ါးတယ်။ ပြီးတော့ သုံးရက်လောက် သွားမတိုက်ဘူး ဘာစားစား အမဲသားနံ့လေးရအောင်လို့လေ.. ”လို့ ခပ်ရွှင်ရွှင်လေး ရေးထားပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုကိုကြည့်ပြီး အွန်လိုင်းပေါ်ကလူတွေကတော့ အင်ဒိုနီးရှားဟင်းလျာ အမဲသားဟင်းစပ်စပ်လေးဟာ ရန်ဖြစ်ရလောက်တဲ့အထိ အရမ်းကောင်းနေလို့လားလို့ ဆိုနေကြပါတယ်။ တချို့ကလည်း အ၀တ်အစားသန့်သန့်ပြန့်ပြန့်ဝတ်ထားပြီး အမျိုးသမီးကြီးတွေတန်မဲ့နဲ့ သူများမင်္ဂလာဆောင်မှာ ခုလို မနှောင့်ယှက်သင့်ဘူးလို့ ဝေဖန်နေကြပါတယ်။

လင်းလင်း (ShweMom)

SHARE