မိဘတွေရဲ့ဥာဏ်နည်းမှုကြောင့် အဝေးမှုန်(၉၀၀)ဒီဂရီရှိနေပြီဖြစ်တဲ့ ကောင်မလေး

Shutterstock/ Dirk Koebernik

ယနေ့ခေတ်မိဘတွေဟာ နည်းပညာအကူအညီနဲ့ မိမိတို့သားသမီးတွေကို ထိန်းကျောင်းလာကြပါတယ်။ ကလေးတွေကို ဖုန်းပေးသုံးတဲ့အခါ ထိန်းရလွယ်တာကြောင့် သားသမီးငြိမ်အောင် အချို့မိဘတွေက ဖုန်းပေးသုံးပါတယ်။ ဗဟုသုတနည်းပါးတဲ့ မိဘတွေကတော့ အသက်ငယ်ငယ်လေးနဲ့ ကလေးကို လျှပ်စစ်ပစ္စည်းတွေ ပေးသုံးတာဟာ ဘယ်လောက်တောင် အန္တရာယ်များပြီး ဆိုးဝါးတယ်ဆိုတာ နားမလည်ပါဘူး။

China Times သတင်းအရတော့ ဆင်ခြင်ဥာဏ်နည်းပါးတဲ့ မိဘတွေကြောင့် အသက်(၂) နှစ်အရွယ် ကောင်မလေးတစ်ဦးဟာ ဒီဂရီ(၉၀၀) နဲ့ အဝေးမှုန်ရှိခဲ့ကြောင်း သိရပါတယ်။ ကလေးမလေးဟာ ရှောင်မန်းဆိုသူပါ။ ရှောင်မန်းရဲ့ မိဘတွေက ရှောင်မန်းကို အသက်တစ်နှစ်လောက်ကတည်းက ဖုန်းပေးသုံးခဲ့ပါတယ်။

Shutterstock/ Twin Design

ကလေးကို ဖုန်းပေးထားရင်း ကလေးက ဗီဒီယိုလေးတွေကြည့်၊ ဂိမ်းဆော့လုပ်ရင်း ငြိမ်တာကြောင့် ရှောင်မန်းကို နာရီပေါင်းများစွာ ဖုန်းပေးကိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်အကြာမှာ ရှောင်မန်းလေးဟာ မျက်လုံးစဉ်းလာပြီး မျက်မှောင်ကြုံ့လာခဲ့ပါတယ်။ ကလေးရဲ့ မိဘတွေက ဒီလိုအဖြစ်မျိုး ကြုံလာတာတောင် အထွေအထူးစဉ်းစားမိတာ မရှိခဲ့ပါဘူး။

ဒါပေမယ့် တစ်နေ့မှာတော့ ရှောင်မန်းရဲ့ မိဘတွေက ကလေးကို မျက်စိဆေးခန်းသွားပြရာမှာ ကလေးမှာ အဝေးမှုန်ဒီဂရီ (၉၀၀) ရှိနေတာကို သိရှိခဲ့ရပါတယ်။ အသက်ငယ်သေးတဲ့ ကလေးတစ်ယောက်အတွက် ဒီဂရီ(၉၀၀) ဆိုတာ နည်းနည်းနောနောမဟုတ်ပါဘူး။ အသက်ပိုကြီးလာလေလေ အဝေးပိုမှုန်လာလေလေ ဖြစ်နေမှာပါ။ မျက်စိဆရာဝန်ကတော့ ကလေးရဲ့ အဝေးမှုန်ဝေဒနာကို ပြန်လည်သက်သာအောင် လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပြခဲ့ပါတယ်။

Shutterstock/ MinDof

အသက်(၃) နှစ်အောက် ကလေးတွေကို အီလက်ထရောနစ်ပစ္စည်းတွေ လုံးဝပေးမသုံးစေသင့်ပါဘူး။ အသက်(၃) နှစ်နဲ့ (၆) နှစ်ကြားမှာ ရှိတဲ့ ကလေးတွေကိုတော့ ဖုန်းတွေ ပေးသုံးမယ်ဆိုရင် တစ်နေ့ကို မိနစ်(၃၀) ထက်မပိုသင့်ပါဘူး။ ဆရာဝန်ကတော့ ကလေးတွေကို မိဘတွေအနေနဲ့ သေချာဂရုစိုက်စောင့်ရှောက်ဖို့လိုကြောင်း သတိပေးလိုက်ပါတယ်။ ကလေးဟာ မကြာခဏ မျက်လုံးတွေ ပွတ်နေမယ်၊ မျက်စိ ပေကလပ် ပေကလပ်ဖြစ်မယ်၊ မျက်လုံးတွေ စင်းနေမယ်၊ မျက်မှောင်ကြုံ့နေတာကို တွေ့မယ်ဆိုရင် နားလည်ရာဆရာဝန်တွေဆီသာ အမြန်ဆုံး သွားရောက်ပြသသင့်ကြောင်း theasianparent နဲ့ worldofbuzz အွန်လိုင်းသတင်းဌာနတွေအရ ဖော်ပြလိုက်ရပါတယ်။

READ
အချိန်တိုအတွင်းတင်ပါးကြီးလာစေမယ့် သဘာဝနည်းလမ်းများ

Dew (SannThit)

SHARE