တိရစ္ဆာန်မှောင်ခိုသမားတွေကို အသိဥာဏ်ရှိစွာ ခုခံခဲ့တဲ့ ဂေါ်ရီလာလေး (၂) ကောင်

Facebook/Dian Fossey Gorilla Fund

ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေကို ချစ်သူတွေရှိသလို တိရစ္ဆာန်တွေကို အန္တရာယ်ပေးလိုသူတွေလည်း ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ သနားစရာကောင်းတဲ့ တိရစ္ဆာန်လေးတွေဟာ လူသားမျိုးနွယ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ဒဏ်ကို မခံနိုင်တော့ပဲ ပြန်လည်ခုခံတိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

ဥပမာဆိုရရင် (၂၀၁၂) ခုနှစ်တုန်းက Dian Fossey Gorilla Fund ရဲ့ Karisoke Research Center မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လိုမျိုးပါ။ အဲ့ဒီ သုတေသနစင်တာမှာ အလုပ်လုပ်နေတဲ့ တောခေါင်းတစ်ယောက်ဟာ တစ်နေ့တော့ မထင်မှတ်တဲ့ အဖြစ်နဲ့ ကြုံခဲ့ပါတယ်။ သူတွေ့ခဲ့တာက ဂေါ်ရီလာပေါက်လေး နှစ်ကောင်ဟာ တောတွင်းတိရစ္ဆာန်တွေကို တရားမ၀င်မှောင်ခိုရောင်းဝယ်တဲ့ မသမာသူတွေထောင်ထားတဲ့ ထောင်ချောက်တွေကို ဖျက်ဆီးနေတာကိုပါ။ တိရစ္ဆာန်တစ်ကောင်အနေနဲ့ ခုလို ထောင်ချောက်ကို ဖျက်ဆီးနိုင်တဲ့အထိ အသိဥာဏ်ရှိနေတာကြောင့် တောခေါင်းဟာ အံ့သြခဲ့ရတာ ဖြစ်ပါတယ်။

READ
အပြာမယ်ဇနီးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ အမေရိကန်စစ်သားဟောင်း
Facebook/Dian Fossey Gorilla Fund

အခုလို ဖြစ်ရပ်ကို မှောင်ခိုသမားတွေရဲ့ ထောင်ချောက်ကြောင့် ဂေါ်ရီလာပေါက်လေးတစ်ကောင် သေဆုံးခဲ့ပြီးနောက်မှာ ကြုံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ ထောင်ချောက်ကို ဖျက်ဆီးနေတဲ့ ဂေါ်ရီလာပေါက် (၂) ကောင်ဟာ ဒီထောင်ချောက်တွေကြောင့် သူတို့သူငယ်ချင်း သေသွားတဲ့ အဖြစ်ကို သိပြီး တွေ့သမျှ ထောင်ချောက်တွေကို လိုက်ဖျက်ဆီးနေခဲ့တာ ဖြစ်ပါတယ်။

Facebook/Dian Fossey Gorilla Fund

ဂေါ်ရီလာသုတေသနစင်တာရှိရာ ရ၀မ်ဒါရဲ့အမျိုးသားဥယျာဉ်ထဲမှာတော့ သားရဲတိရစ္ဆာန်မျိုးစုံ ရှိပါတယ်။ အမျိုးသားဥယျာဉ်ထဲကို မသမာတဲ့ မှောင်ခိုသမားတွေလည်း လာတတ်ပါတယ်။ သူတို့က ထောင်ချောက်ဆင်ပြီး  တိရစ္ဆာန်တွေကို ထောင်ဖမ်းလေ့ ရှိပါတယ်။ ဒီထောင်ချောက်တွေကို ဂေါ်ရီလာတွေဟာ မကြာခဏ နင်းမိတတ်ပြီး ထောင်ချောက်တွေထဲ ဖမ်းဆီးခံရပါတယ်။ ဂေါ်ရီလာကြီးတွေက သူတို့အားနဲ့ ထောင်ချောက် ပြတ်အောင်  ရုန်းကန်နိုင်ပေမယ့် ဂေါ်ရီလာငယ်ကလေးတွေမှာတော့ ကံမကောင်းရှာပါဘူး။ ထောင်ချောက်ထဲ မိတာနဲ့ ရတဲ့ ဒဏ်ရာနဲ့ပဲ အသက် ဆုံးကုန်ကြပါတယ်။

READ
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို အခမဲ့ ပိုက်ပြင်ဝန်ဆောင်မှုလှူနေတဲ့ အမျိုးသား
Facebook/Dian Fossey Gorilla Fund

ထောင်ချောက်တွေကို သစ်ကိုင်း ဒါမှမဟုတ် ၀ါးပင်နဲ့ချည်ပြီး ကွင်းလျှောပုံစံ ပြုလုပ်ထားတာပါ။ ထောင်ချောက်ကို မမြင်ရအောင် အပေါ်က သစ်ရွက်တွေ၊ အသီးအနှံတွေနဲ့ ဖုံးထားတာ ဖြစ်ပါတယ်။ ဒါကိုသိတဲ့ ဟီးရိုးဂေါ်ရီလာလေးနှစ်ကောင်ဟာ သူတို့မျိုးနွယ်ဝင်တွေ နောက်ထပ် မသေကုန်ကြဖို့အတွက် ထောင်ချောက်တွေကို လိုက်ရှာပြီး ဖျက်ဆီးနေတာကို စိတ်ဝင်စားဖွယ် သိရှိရတဲ့အကြောင်း boredpanda ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE