မဆင်မခြင် အမှိုက်ပစ်ခဲ့မိလို့ နောင်တ အကြီးအကျယ်ရသွားခဲ့တဲ့ လူငယ်(၂)ယောက်

[email protected]

အမှိုက်ဆိုတာမျိုးက ဘယ်အချိန်၊ ဘယ်နေရာမှာမဆို စည်းကမ်းတကျနဲ့ စနစ်တကျ စွန့်ပစ်သင့်တဲ့ အရာမျိုးပါ။ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတဲ့ စကားပုံအတိုင်း ကိုယ်အမှတ်မထင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်လိုက်တာကြောင့် မီးဘေးအန္တရာယ် ရှိစေနိုင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အခုလည်း လူငယ်(၂)ယောက်ဟာ ခရီးသွားနေတဲ့လမ်းမှာ အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်ခဲ့တာကြောင့် အဆိုပါနေရာကို ကီလိုမီတာ(၈၀) အကွာအဝေးကနေ နောက်တစ်ခေါက်ပြန်ရောင်လာခဲ့ပြီးသူတို့ အမှိုက်ကို သူတို့ ပြန်လာသိမ်းခဲ့ရကြောင်း Bangalore Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပြီးခဲ့တဲ့ သောကြာနေ့(၃၀.၁၀.၂၀၂၀) တုန်းက အမည်ဖော်ပြထားခြင်းမရှိတဲ့ လူငယ်နှစ်ယောက်ဟာ ခရီးသွားနေတုန်း အိန္ဒိယနိုင်ငံ၊ Madikeri မြို့အနီးရှိ Kadagadalu ရွာလမ်းမကြီးပေါ်မှာ ပီဇာဘူးခွံနှစ်ခုကို ကားပေါ်ကနေ စည်းကမ်းမဲ့ လမ်းမပေါ်ကို စွန့်ပစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ရက်ကြာပြီးနောက်မှာ Kadagadalu ရွာရှိ ရွာသူရွာသားတွေဟာ လမ်းမပေါ်မှာ သန့်ရှင်းရေးလုပ်နေတုန်း စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ ပီဇာဘူးခွံကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ ပီဇာဘူးခွံအိတ်ကို ယူပြီး လွှင့်ပစ်မလို့ လုပ်နေတုန်း  အဆိုပါ အိတ်ထဲမှာ ပီဇာကို မှာယူစားသုံးခဲ့တဲ့ လူနာမည်နဲ့ ဖုန်းနံပါတ်ကို ရှာတွေ့ခဲ့ပြီး အဆိုပါလူထံ ဖုန်းဆက်ခဲ့ကြပါတယ်။

READ
ချစ်တတ်သူတွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့တဲ့ အလုပ်သမားလေးတစ်ဦးရဲ့ ဓာတ်ပုံ

 

“ဖုန်းဆက်ဆက်ချင်းမှာတော့ သူတို့လည်း ကြောင်သွားပြီး နောက်မှ သူတို့ စည်းကမ်းမဲ့စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြီး တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့ကတော့ သူတို့ကို ဒီနေရာကို ပြန်လာပြီး သူတို့အမှိုကိုကို သူတို့ပြန်လာယူဖို့ ပြောခဲ့ပါတယ်။ သူတို့က ပြန်လာမယူနိုင်ကြောင်း ငြင်းခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ ရဲစခန်းကို တိုင်ခဲ့တဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ campaign ပါလုပ်ပြီး share ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီအကြောင်းကို သိတဲ့ လူတွေက တောက်လျှောက် ဖုန်းတွေဆက်ပြီး အမှိုက်ကို ပြန်လာူဖို့ပြောတော့မှ နောက်ဆုံးမှာ ကျွန်တော်တို့ရွာကို နောက်တစ်ခေါက်ပြန်ရောက်လာပြီး သူတို့အမှိုက်ကို သူတို့ သိမ်းသွားပါတယ်။ ကျွန်တော်တို့ တမင်လုပ်တာမဟုတ်ပါဘူး။ နောက်တစ်ခေါက် ဒီလိုမျိုး အမှိုက်ကို စည်းမရှိကမ်းမရှိ မစွန့်ပစ်စေချင်လို့ပါ”လို့ Kadagadalu ရွာသားတစ်ယောက်က ပြောကြားခဲ့ပါတယ်။

READ
ထီပေါက်တယ်ထင်ပြီး တစ်သက်လုံးစုထားတဲ့ ငွေတွေကို အကုန်ဖြုန်းမိခဲ့တဲ့ အမျိုးသား
[email protected]

Pyi Hein Kyaw

SHARE