“America’s Got Talent” မှာ Gold Buzzer ရခဲ့တဲ့ ပြိုင်ပွဲဝင်လေးရဲ့ ကြက်သီးထဖွယ်ယှဉ်ပြိုင်မှု

Facebook/America's Got Talent

တိုင်လာ ဘတ်တ်လာ ဖစ်ဂွီရိုအာဟာ ကယ်ရိုလိုင်းနားမြောက်ပိုင်းမှာ နေထိုင်သူကျောင်းသားလေးတစ်ဦး ဖြစ်ပါတယ်။ တိုင်လာဟာ ကင်ဆာဝေဒနာသည်လေး ဖြစ်နေတာကြောင့် ကျောင်းအတန်းဖော်တွေက သူ့ကို ၀ိုင်းပြီးအနိုင်ကျင့်ကြပါတယ်။ ကြာလာတော့ တိုင်လာက မခံနိုင်တဲ့အဆုံး သူခံစားနေရတဲ့ ဝေဒနာတွေကို သက်သာလို သက်သာငြား တယောတီးကျင့်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ မြောက်ကယ်ရိုလိုင်းနားသားလေး တိုင်လာဟာ “America’s Got Talent” အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Facebook/ America’s Got Talent

အစီအစဉ်ထဲမှာ တိုင်လာက “ကျွန်တော် ကင်ဆာဝေဒနာရှိနေတဲ့ ကလေးတစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး။ တယောတီးတတ်တဲ့ ကလေးပဲ ဖြစ်ချင်ပါတယ်…” လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ တိုင်လာလေးရဲ့ ယှဉ်ပြိုင်ပုံဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ သာယာနာပျော်ဖွယ်ကောင်းလှတဲ့ တယောတေးသံလေးနဲ့ ဒိုင်တွေအပါအ၀င် ပရိသတ်တွေရဲ့ အသဲနှလုံးကိုပါ ဖမ်းစားသွားနိုင်ခဲ့တာပါ။

Auditions: Tyler Butler-Figueroa – America's Got Talent

Simon Cowell's Golden Buzzer, Tyler Butler-Figueroa, Violinist, got a second chance at life and he’s not putting it to waste. ✨

Posted by America's Got Talent on Tuesday, June 11, 2019

တိုင်လာကို နာမည်ကျော်ဒိုင်တစ်ဦးဖြစ်တဲ့ ဆိုင်မွန်ကိုဝဲလ်ကိုယ်တိုင် Golden Buzzer ချီးမြှင့်ခဲ့ပြီး တိုင်လာလေးဟာ Live Auditions ဆီကို တိုက်ရိုက်တက်ရောက်သွားနိုင်ခဲ့ပါပြီ။ တိုင်လာဟာ အသက်(၄) နှစ်အရွယ်ကတည်းက လူကေးမီးယား သွေးကင်ဆာဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဓာတုကုထုံးကို ခံယူနေရတဲ့အတွက် တိုင်လာလေးမှာ ဆံပင်တွေလဲ ကျွန်ကုန်ပါတယ်။ ဒါကြောင့် ကျောင်းသွားတဲ့အခါ ဆံပင်ကျိုးတိုးကျဲတဲဖြစ်နေတဲ့ အတန်းဖော်တွေက သူ့ကို လှောင်ပြောင်ရယ်မောကာ အနိုင်ကျင့်ကြတာ ဖြစ်ပါတယ်။

READ
အသက်(၁၁)နှစ်အရွယ်နဲ့ ပန်းချီကို လက်ဖျားခါလောက်အောင် ဆွဲပြခဲ့တဲ့ ပါရမီရှင် ကောင်လေး
Facebook/America’s Got Talent

တိုင်လာဟာ အသက်(၇) နှစ်အရွယ်မှာ ကျောင်းက ကျောင်းချိန်ပြင်ပမှာ သင်ကြားပေးတဲ့ တယောသင်ခန်းစာကို လေ့လာလိုက်စားခဲ့ပါတယ်။ ဂီတဟာ သူ့အတွက် ထွက်ပေါက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာတော့ တိုင်လာဟာ သူ့ကိုယ်သူ ယုံကြည်မှု ပြန်ရလာခဲ့ပါတယ်။ ဒါကြောင့်လည်း ကင်ဆာဝေနာရှင်လေး ဖြစ်နေပေမယ့် စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ “America’s Got Talent” မှာ တိုင်လာဟာ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒိုင်ဖြစ်သူ ဆိုင်မွန်ကတော့ တိုင်လာလေးရဲ့ ဂီတပါရမီပါပုံကို ချီးကျူးရင်း ကလေးကို အနိုင်ကျင့်ခဲ့တဲ့ အတန်းဖော်တွေကို ပြန်လည်ချေပတဲ့အနေနဲ့ Golden Buzzer နှိပ်ပြီး အားပေးခဲ့တာ ဖြစ်ကြောင်း usatoday အရ သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE