ငွေကုန်ကြေးကျများစေမယ့် လက်တွဲဖော်အမျိုးသမီးများ

အမျိုးသားတွေအနေနဲ့လည်း အချစ်တစ်ခုကို ရှာဖွေရှာမှာ စီးပွားရေးအရ တွက်ချက်မှုတွေ လုပ်ဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ချစ်သူမဖြစ်ခင်မှာ ကိုယ်ချဉ်းကပ်မိနေတဲ့ အမျိုးသမီးဟာ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ခုခုနဲ့များ တိုက်ဆိုင်နေတယ်ဆိုရင် ရအောင်ရှောင်ဖို့ Shwemom က တိုက်တွန်းပါတယ်။ ရှိသမျှစီးပွား အကုန်ဖြုန်းတီးပစ်မယ့် သူတွေမို့ပါ။

(၁) ငွေကြေးကို ကိုးကွယ်လွန်းသူ

အမျိုးသမီးတစ်ယောက်ဟာ ငွေကြေးကို ကိုးကွယ်လွန်းသူတစ်ယောက်ဆိုရင် သူနဲ့ ချစ်သူဖြစ်တဲ့၊ သူနဲ့ အိမ်ထောင်ကျတဲ့ အမျိုးသားအနေနဲ့ မချောင်ဘူးသာ မှတ်ပေတော့။ အကြောင်းကတော့ အဲဒီအမျိုးသမီးတွေဟာ သူတို့မှာရှိတဲ့ စည်းစိမ်နဲ့ ဘယ်တော့မှ ချမ်းသာတယ်လို့ စိတ်ထဲက မှတ်ထင်လေ့မရှိပါဘူး။ ယောက်ျားကို အမျိုးမျိုးဖိအားပေးပြီး ငွေသုံးလည်း အင်မတန် ကြမ်းတတ်ပါတယ်။

(၂) အလှအပကို ဂရုစိုက်လွန်းသူ

အလှအပကို ဂရုစိုက်လွန်းသူဟာ အနည်းဆုံးတော့ တစ်လနှစ်ကြိမ်လောက် ခေါင်းလျှော်ချင်တယ်၊ တစ်ပတ်တစ်ခါလောက်တော့ အလှပြင်ဆိုင် သွားချင်တယ်။ အသစ်အဆန်းပေါ်တဲ့ အလှပြင်ပစ္စည်းနဲ့ မိတ်ကပ်တွေ၊ ရေမွှေးတွေ ဈေးဘယ်လောက်ကြီးကြီး လက်ထဲမှာ ပိုက်ဆံရှိနေလို့ကတော့ ၀ယ်ပစ်လိုက်ဖို့ ၀န်မလေးတတ်သူတွေ ဖြစ်ပါတယ်။

READ
ကလေးမရနိုင်တဲ့ယောက်ျားတွေအတွက် အသုံးဝင်တဲ့ယောဂလေ့ကျင့်ခန်း

(၃) အပျော်အပါးကို မက်မောလွန်းသူ

အပျော်အပါး မက်လွန်းတဲ့အမျိုးသမီးတွေဟာ (၁၂)ရာသီ အားတယ်ရယ်လို့ မရှိပါဘူး။ နေ့စဉ် ကလပ်တွေတက်မယ်၊ ပွဲတွေ ကြည့်မယ်၊ ခရီးတွေ ခဏမနားထွက်မယ်။ အဲဒီလို အမျိုးသမီးနဲ့သာ အကြောင်းဆက်မိလို့ကတော့ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ပိုက်ဆံရှာထားပါစေ ခဏလေး ကုန်သွားအောင် ဖြုန်းတီးပေးနိုင်စွမ်း ရှိပါတယ်။

(၄) အသုံးအဖြုန်းကြီးလွန်းသူ

ဒါကတော့ အသုံးနဲ့အဖြုန်း မခွဲခြားတတ်တဲ့ အမျိုးသမီးပေါ့။ အဲဒီအမျိုးသမီးတွေဟာ အိမ်လာတဲ့သူဆိုရင်လည်း တစ်ခုခု မပေးရဘဲနဲ့၊ မကျွေးရဘဲနဲ့တော့ ဘယ်တော့မှ ပြန်မလွှတ်ဖူးဆိုတဲ့ အထဲကပါဘဲ။ အိမ်စီးပွားရေးကိုလည်း မကြည့် သုံးစရာရှိရင် လက်လွတ်စပါယ် သုံးပစ်တတ်တဲ့ အမျိုးသမီးမျိုးဆိုရင်လည်း ရှောင်သင့်ပါတယ်။

နတ်စည်တော် (Shwemom)

sm

SHARE