အမျိုးသမီးတွေရွံရှာတဲ့ ပုရိသအမျိုးအစားတွေဆိုတာ..

Freepik- wayhomestudio

တကယ်တော့ အမျိုးသားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကျိကျိတက်ချမ်းသာနေဖို့၊ တိုက်ရဲခိုက်ရဲရှိဖို့ စတာတွေမဟုတ်တော့ပါဘူး။ အမျိုးသမီးတွေထားတဲ့ လေးစားဖွယ်အမျိုးသားတစ်ယောက်ရဲ့ စံချိန်တွေဟာ ဒီခေတ်ကြီးထဲမှာ ပြောင်းလဲကုန်ပါပြီ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေအတွက် အဓိကထားပြီး အမျိုးသမီးတွေ ရွံရှာတတ်ကြတဲ့ အမျိုးအစားတွေဟာ ဘယ်လိုလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

Freepik- yanalya

(၁) အသားယူလွန်းတဲ့ယောက်ျား

ချစ်သူဖြစ်ဖြစ်၊ မဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်အပေါ် လိုတာထက်ပိုပြီး အသားချင်းထိ အသားယူနေတာမျိုး၊ ပါးစပ်အရသာခံ၊ မျက်လုံးအရသာခံပြီး ထိကပါးရိပါးလုပ်တတ်တဲ့ အမျိုးသားတွေကိုတော့ အမျိုးသားအချင်းချင်းတောင် နှာခေါင်းရှုံ့တတ်ကြပါတယ်။

(၂) တာဝန်မဲ့တဲ့ယောက်ျား

ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ဟာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တာဝန်ယူရဲတဲ့ ယောက်ျားမျိုးဟာ တကယ့်ကို လူပီသတယ်လို့ စာတွေထဲမှာရော၊ လက်တွေ့ဘဝလူ့ကျင့်ဝတ်မှာပါ မိဘတွေကစလို့ ဆုံးမတတ်ကြတာ မမေ့ပါနဲ့။

Freepik- karlyukav

(၃) တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတဲ့ယောက်ျား

စိတ်ဓာတ်ပိုင်းဆိုင်ရာတင်မကသေးပါဘူး။ အမျိုးသမီးတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘဲ ဖြစ်သလိုနေထိုင်စားသောက်တတ်တဲ့ အမျိုးသားတွေကိုတွေ့ရင်လည်း အဲဒီအမျိုးသားက ဘယ်လောက်ပဲ ဘာကြီးဖြစ်ဖြစ် ရွံတတ်ကြပါတယ်။

(၄) ထိန်းချုပ်လွန်းတဲ့ယောက်ျား

READ
ရည်းစားကောင်မလေးနဲ့ လမ်းခွဲသင့်တဲ့အခြေအနေများ

အမျိုးသားတွေဟာ ဟိုးကမ္ဘာဦးအစကတည်းကိုက အမျိုးသမီးတွေအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ လွှမ်းမိုးလာခဲ့ကြတာပါ။ ဒီလိုသဘာဝကိုက လွှမ်းမိုးလိုစိတ်ရှိပေမယ့်လည်း ဒီခေတ်အမျိုးသမီးတွေကတော့ သူတို့ကို ထိန်းချုပ်ပြီး သူများစိတ်နဲ့အသက်ရှင်ခိုင်းတတ်တဲ့ ယောက်ျားတွေကို မနှစ်မြို့တတ်ကြပါဘူးတဲ့။

Freepik- wayhomestudio

(၅) စိတ်ဓာတ်သေးသိမ်တဲ့ယောက်ျား

သဘာဝကိုက အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီးတော့ စိတ်ဓာတ်ရေးရာမှာ ခိုင်မာကြတယ်၊ မှန်ကန်ကြတယ်လို့ သိထားကြတာပါ။ မဟုတ်ဘဲ အမျိုးသားတစ်ယောက်ဟာ စိတ်ထားတည်တည်ကြည်ကြည်မရှိဘဲ သေးသိမ်နုံချာနေမယ်၊ မနာလိုစိတ်များနေမယ်၊ တယူသန်စိတ်များနေမယ်၊ တစ်ကိုယ်ကောင်းသိပ်ဆန်လွန်းနေမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ရွံကြောက်စာရင်းထဲ ပါနေပါပြီ။

(၆) ဒေါသကြီးတဲ့ယောက်ျား

ဒေါသကြီးပြီး နှုတ်ကြမ်း၊ လျှာကြမ်းနဲ့ လက်ပါတတ်တဲ့ ယောက်ျားသားတွေဟာ အမျိုးသမီးတွေအတွယ် ဘယ်တော့မှ လေးစားထိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။

penny

SHARE