ကယ်လိုရီတွေအလွန်အကျွံစားသုံးပြီး ကျန်းမာနေတဲ့ ဆူမိုနပမ်းသမားတွေရဲ့ လျို့ဝှက်ချက်

ကယ်လိုရီ(၇,၀၀၀) နဲ့ အထက် စားသုံးရပြီး ပေါင်(၃၀၀) ကျော်လောက် အလေးချိန်ရှိနေတဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုနည်းနဲ့မှ ကျန်းမာမှာ မဟုတ်ဘူးဆိုပြီး လူတွေက တွေးတတ်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို ကယ်လိုရီ(၁) သောင်းနီးနီးစားပြီး ပေါင်(၃၀၀) ကနေ(၄၀၀) ကြားရှိနေတဲ့ ဆူမိုနပမ်းတွေကတော့ ဘာလို့များ နှလုံးရောဂါ၊ ဆီးချိုနဲ့ အ၀လွန်ရောဂါတွေကို မခံစားရတာပါလဲ။ စဉ်းစားစရာပါပဲ။

Credit: Yokota

ဆူမိုနပန်းသမားတစ်ယောက်ဟာ သာမန်လူတစ်ယောက်ထက် နှစ်ဆ၊ သုံးဆလောက် ပိုအလေးချိန်များပါတယ်။ တစ်ခုရှိတာက သူတို့ဟာ ကယ်လိုရီတွေ တက်အောင် မတရားစားသုံးရတဲ့နည်းတူ လေ့ကျင့်ခန်းတွေကိုလည်း နေ့တိုင်း လုပ်ရပါတယ်။ များသောအားဖြင့် အ၀လွန်တဲ့သူတွေဟာ ဗစ်စရယ်အဆီလို့ခေါ်တဲ့ အဆီတစ်မျိုးကို ၀မ်းဗိုက်နေရာမှာ သိုမှီးထားလေ့ ရှိပါတယ်။ ဗစ်စရယ်အဆီဟာ လက်ရှိမှာ ခန္ဓာကိုယ်ထဲက အဓိကအစိတ်အပိုင်းကြီးတွေဖြစ်တဲ့ ပန်ကရိယ၊ အသည်းနဲ့ အူတွေကို ရစ်ပတ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးတိုးတာ၊ နှလုံးရှော့ခ်ရတာ၊ ဆီးချိုရောဂါတွေဟာ ဒီအဆီကြောင့် ဖြစ်တာပါ။

READ
မုတ်ဆိတ်မွှေးထားပြီဆိုရင် ဘာကြောင့် သန့်ရှင်းရေး မဖြစ်မနေ လုပ်သင့်တာလဲ?
Credit: Wikimedia Commons

ဒါပေမယ့် အံ့သြစရာကောင်းစွာပဲ ဆူမိုနပမ်းသမားတွေကို CT စကန်ရိုက်ကြည့်တဲ့အခါ သူတို့ဆီမှာ ဗစ်စရယ်အဆီတွေ မရှိတာကို တွေ့ရပါတယ်။ တကယ်တမ်း သူတို့ဆီမှာ ရှိတာက ကျန်းမာရေးကို ထိခိုက်စေတဲ့ ဗစ်စရယ်အဆီတွေ မဟုတ်ပဲ အရေပြားအောက်မှာသာရှိတဲ့ အဆီတွေသာ ရှိကြောင်း သိရပါတယ်။ တစ်နည်းအားဖြင့် ၄င်းအဆီတွေဟာ အရေပြားအောက်မှာပဲ ရှိတာကြောင့် လူကို အန္တရာယ်မရှိစေတဲ့အပြင် သာမန်ဖျားနာတာတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

Credit: Wikimedia Commons

ဒါကြောင့် အရမ်းဝပြီး ကိုယ်အလေးချိန်များနေတဲ့ ဆူမိုနပမ်းသမားတွေ ရုတ်တရက် နှလုံးရှော့ခ်ရတာ၊ လေဖြတ်တာမျိုးတွေ မဖြစ်ရတဲ့ လျို့ဝှက်ချက်ကတော့  လေ့ကျင့်ခန်းကြောင့် ဖြစ်ပါတယ်။ ဆူမိုတွေဟာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဗစ်စရယ်အဆီတွေ စုမလာအောင် လေ့ကျင့်ကြပါတယ်။ ဆူမိုနပမ်းသမားတစ်ဦးရဲ့ အလုပ်ဇယားဟာ မနက်(၅) နာရီကနေ စတင်ပါတယ်။ မနက်(၅) နာရီထဲကနေ တောက်လျှောက် နေမထွက်ခင် ဆက်တိုက် (၅) နာရီလောက်ကို မကောင်းတဲ့အဆီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်းလုပ်ရပါတယ်။

READ
ဘာကြောင့် အိပ်ချိန်ပြည့်ဝရဲ့သားနဲ့ နိုးလာရင် မောပန်းနွမ်းနယ်နေရတာလဲ

ဒါပေမယ့် တစ်ခုရှိတာက လေ့ကျင့်ခန်းကို ပျက်လို့ မရပါဘူး။ လေ့ကျင့်ခန်းပျက်လိုက်တာနဲ့ ဗစ်စရယ်အဆီတွေဟာ ပြန်စုလာမှာပါပဲ။ ဆူမိုနပန်းသမားတစ်ယောက် အနားယူတဲ့အခါ သူတို့အနေနဲ့ ကယ်လိုရီပမာဏစားသုံးမှုကို ဖြတ်တောက်ပစ်ရပါတယ်။ နို့မဟုတ်ရင်တော့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို အများဆုံးခံစားရနိုင်တဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: goodtimes, businessinsider

SHARE