Hobbs & Shaw ရဲ့ တာထွက်မလှမှုကို ခနဲ့လိုက်တဲ့ Tyrese Gibson

Tyrese Gibson Twitter/The Rock Instagram

Fast & Furious ရုပ်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှုကို ရုပ်ရှင်ချစ်သူတွေအားလုံး သိကြမှာပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသား Paul Walker နဲ့ Van Diesiel တို့ရဲ့ bromance ၊ သူတို့ရဲ့ အလုပ်အတူ လုပ်ကိုင်ကြတဲ့သူတွေအပေါ်ထားတဲ့ မိသားစုစိတ်ဓာတ်တွေ နဲ့အတူ အသည်းတယားယားနဲ့ကြည့်ရတဲ့ ကားမောင်းစတန့်ခန်းတွေဟာလည်း F&F ရုပ်ရှင်တွေကို လူတိုင်းနီးပါးကြိုက်နှစ်သက်စေတဲ့ ရုပ်ရှင်တွေ ဖြစ်ဖို့တွန်းပို့ပေးတဲ့ အရာတွေဆိုရင် မမှားပါဘူး။

ဒီလအစောပိုင်းက F&F Franchise ရဲ့ spin-off ရုပ်ရှင်ဖြစ်တဲ့ Hobbs & Shaw ရုပ်ရှင်ရုံတင်ခဲ့ပါတယ်။ ဟောလိဝုဒ်ရဲ့ စူပါတန်းဝင် အက်ရှင် မင်းသားကြီးတွေဖြစ်ကြတဲ့ Dwayne Johnson နဲ့ Jason Statham တို့ ဦးဆောင်ပါဝင်ထားပြီး ဗီလိန်ကလည်း စူပါမင်းသားကြီးတဦးဖြစ်တဲ့ Idris Elba က သရုပ်ဆောင်ထားတာဖြစ်လို့ တကယ့်ကို hype ရတဲ့ ရုပ်ရှင်တကားပါပဲ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ Hobbs & Shaw ဟာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ သာမန်အဆင့်ပဲသတ်မှတ်တာကို ခံခဲ့ရသလို၊ F&F Franchise ကားတွေထဲမှာ အဖွင့်ရက်သတ္တပတ်မှာ ဝင်ငွေ အနည်းဆုံးရုပ်ရှင်လည်း ဖြစ်ခဲ့ရပါတယ်။

 

ဒီအခြေအနေကို F&F Main cast တွေထဲက သရုပ်ဆောင်တဦးဖြစ်တဲ့ Tyrese Gibson က လှောင်ပြောင်ခနဲ့လိုက်ပါတယ်။ F&F Franchise မှာ ဒုတိယကားဖြစ်တဲ့ 2 Fast, 2 Furious ထဲက ပါဝင်ခဲ့တဲ့ ဇာတ်ကောင် Roman Pearce နေရာက သရုပ်ဆောင်ခဲ့တဲ့ Gibson ဟာ ဒီ spin-off ရုပ်ရှင်ရိုက်ကူးဖို့စီစဉ်ကတည်းက ဝေဖန်ခဲ့သူပါ။ အခုလည်း Gibson က သူရဲ့ Instagram account မှာ ‘မိသားစုကနေ ခွဲထွက်ဖို့ကြံတဲ့ သူတွေအနေနဲ့ သူတို့ရဖို့မျှော်မှန်းတဲ့ တန်ဖိုးကိုဘယ်တော့မှပြန်ရမှာမဟုတ်ဘူး’ လို့ အဓိပာယ်ရတဲ့ စာရေးတင်ပြီး ခနဲ့လိုက်တာပါ။ နောက်ပိုင်း မှာတော့ Gibson ဟာ သူ့ရဲ့ post ကို ပြန်ဖျက်သွားခဲ့ပေမဲ့ ဟောလိဝုဒ်မီဒီယာတွေကတော့ ss ယူထားလိုက်နိုင်ကြပါတယ်။

Van Diesel/Twitter

ရိုက်ကူးစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း(၂၀၀)အထိ အသုံးပြုထားတဲ့ Hobbs & Shaw ဟာ လက်ရှိစာရေးသားချိန် (သြဂုတ်လ ၁၄) ရက်နေ့အထိတော့ ဝင်ငွေ ဒေါ်လာ (၃၃၅)သန်းကျော်ပဲ ပြန်ရပါသေးတယ်။ Universal Studio အနေနဲ့ ဇာတ်ကားအတွက် ကမ္ဘာတဝှမ်းမှာ ကြော်ငြာအသုံးစရိတ် ဒေါ်လာ သန်း(၁၆၀)လောက် သုံးထားသေးတာကြောင့် စုစုပေါင်းကုန်ကျစရိတ်က သန်း (၃၆၀)နီးပါးရှိနေပြီး ကမ္ဘာတဝှမ်းမှာ ဝင်ငွေ သန်း(၆၀၀)လောက်ပြန်ရမှ အမြတ်ထွက်မဲ့သဘောဖြစ်တာကြောင့် Hobbs & Shaw အနေနဲ့ Box Office မှာ အခြေ အနေမကောင်းသေးဘဲ Tyrese Gibson ပြောသလို မိသားစုခွဲထွက်ဖို့ကြံတာ မှားနေပြီထင်ပါရဲ့ဗျာ

KYM

SHARE