(၃)မိုင်လောက် အတူပြေးပြီး Suicide လုပ်ခါနီးလူကို ကယ်တင်နိုင်ခဲ့တဲ့ လက်ဝှေ့ကျော်

Twitter/TysonFury

ကမ္ဘာကျော် ဗြိတိန်လက်ဝှေ့သမားတစ်ယောက်ဖြစ်တဲ့ Tyson Fury ဟာ ကိုယ်ကိုယ်ကို သတ်သေခါနီးလူတစ်ယောက်ကို ကယ်တင်ခဲ့ကြောင်းကို ဖွင့်ဟလာခဲပါတယ်။ အဆိုပါ လူစိမ်းဟာ သူ့အိမ်ကို ရောက်လာပြီး သူ သတ်သေတော့မယ်လို့ ပြောဆိုခဲ့ကြောင်း၊ သူ သတ်မသေခင်မှာ သူ့ကို အပြင်ထွက်ပြီး အပြေးလေ့ကျင့်ရင်း စကားပြောရင်းနဲ့ ပြန်လည်ကောင်းမွန်လာကြောင်းကို Tyson Fury က သူ့ရဲ့ instagram ပေါ်ကနေ ပြောဆိုခဲ့ပါတယ်။

“ဒီည သူစိမ်းလူတစ်ယောက်က ကျနော့်အိမ်ကို ရောက်လာတယ်။ ပြီးတော့ သူ ကိုယ်ကိုယ်ကို သတ်သေတော့မယ်လို့ ကျနော့်ကို ပြောတယ်။ ဒါပေမယ့် သူက သတ်မသေခင်မှာ ကျနော်နဲ့ အရင်စကားပြောချင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ဗျာ ကျနော် သူ့ကို ခေါ်သွားပြီး သုံးမိုင်လောက် အတူတူ ပြေးရင်းနဲ့ စကားပြောဖို့ ခေါ်သွားတယ်။အခုတော့ သူ သက်သာသွားပါပြီ။ ပျော်လည်း ပျော်သွားတဲ့ အပြင် အရင်လို အလုပ်တွေကိုပါ လုပ်နေပါပြီ”လို့ ပြောပါတယ်။

 

Tyson Fury ဟာ Depression ဝင်ခဲ့တဲ့လူတွေ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာဖို့ ထူထောင်ပေးမယ့် စိတ်ကျန်းမာရေး ambassador အဖြစ် ခန့်အပ်ခြင်းခံထားရသူ တစ်ယောက်ပါ။

 

“စိတ်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိတဲ့ လူတိုင်းကို ပြောချင်တာက ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို သတ်မသေပါနဲ့လို့။ ပြန်ကောင်းလာမှာပါလို့ ကျနော် ကတိပေးပါတယ်။ အဲဒီအတွက်လည်း အကူအညီပေးဖို့လူတွေက နေရာတိုင်းမျာ ရှိတယ်။ ကျန်းမာရေးအကြံပြုချက်တွေကို  ချက်ချင်းလုပ်ပါ။ စိတ်ဓာတ်ကျနေပေမယ့်လည်း အဆုံးသတ်ဆိုတာ မရှိသေးဘူး။ မပြီးဆုံးသေးဘူး။ လုပ်စမ်းပါ ငါ့ကောင်တွေရ။ အရှုံးမပေးလိုက်နဲ့၊ အရင်လို အားတင်းထားပြီး သေမယ် သေမယ်ဆိုပြီး ဘယ်တော့မှ မပြောနဲ့တော့။ ဘာကြောင့်လဲဆိုတော့ ငါတို့က လက်နက်ချအရှုံးပေးတဲ့ လူတွေထဲမှာ မပါလို့ပဲ”လို့ အားပေးစကားပြောခဲ့ပါတယ်။

စိတ်ကျရောဂါ ခံစားခဲ့ရလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပြီး လူမြင်ကွင်းမှာ အချိန်အတန်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ Tyson Fury ဟာ (၂၀၁၈)ခုနှစ်မှာ ပြင်းထန်တဲ့ လက်သီးအားတွေနဲ့အတူ လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လည်ရောက်လာသူတစ်ယောက် ဖြစ်ပါတယ်။

READ
ရည်းစားကကိုယ်နဲ့ တွဲနေတုန်း အခြားအမျိုးသမီးနဲ့ ကိုယ်ဝန်ရှိသွားတဲ့အပေါ် တုန့်ပြန်မှု

Ye Yint Kyaw

SHARE