ဇနီးကိုကြည့်ပြီး ရုတ်တရက် သီချင်းဆိုလိုက်တဲ့ တိုင်ဆန်ဖျူရီကြောင့် ပွဲကျခဲ့ရတဲ့ပရိသတ်

Tyson Fury's FB and Instagram

ဗြိတိန်လက်ဝှေ့ကျော်ကြီးဖြစ်တဲ့ တိုင်ဆန်ဖျူရီကတော့ သူ့သဘာဝအတိုင်း ပျော်ပျော်နေတတ်တဲ့သူ ဖြစ်သည့်အလျှောက် အခုလည်း ပရိသတ်ကို ထင်မှတ်မထားတဲ့ပုံစံနဲ့ ပွဲကျစေခဲ့ပြန်ပါပြီ။ သူဟာ ပြိုင်ဘက်ဖြစ်တဲ့ ဂျာမနီလက်ဝှေ့ကျော် တွမ်ရှက်ခ်ျဝါ့ဒ်ကို လက်စ်ဗီးဂက်စ်မှာ အနိုင်ယူခဲ့ပြီးနောက် ပရိသတ်တွေ ထင်မှတ်မထားတဲ့ အပြုအမူကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

https://www.facebook.com/TysonFuryGypsyKing/photos/a.173558440139555/472291970266199/?type=3&theater

READ
သားဖြစ်သူ ရေကလိုင်ထဲပြုတ်ကျတာကို ကယ်ရင်းအသက်ဆုံးရှုံးခဲ့ရတဲ့ ဖခင်

နိုင်ပွဲကို အောင်ပွဲခံနေစဉ်မှာပဲ ဇနီးဖြစ်သူ ပရစ်စ်ဖျူရီရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး၊ နာမည်ကျော်သီချင်းတစ်ပုဒ်ကို အလွတ်သဘောနဲ့ ကောက်ခါငင်ကာ ဆိုလိုက်တာပါ။ သူဆိုလိုက်တဲ့ သီချင်းကတော့ အဲရိုစမစ်ရဲ့ နာမည်ကျော် ‘I Don’t Wanna Miss A Thing’ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို သီဆိုလိုက်ချိန်မှာတော့ အားကစားရုံအတွင်းမှာ ရှိနေတဲ့ ပွဲကြည့်ပရိသတ်တွေရော ၊ ရုပ်သံတွေ အင်တာနက်တွေကပါ တိုက်ရိုက်ကြည့်ရှုနေကျတဲ့ ပရိသတ်တွေကပါ အထူးသဘောကျခဲ့ကြောင်းကို နာမည်ကျော် အားကစားမီဒီယာ ESPN အပါအ၀င် မီဒီယာအတော်များများမှာ ဖော်ပြခဲ့ကြပါတယ်။

https://www.facebook.com/ESPN/videos/2268996016531564/

ပရိသတ်ကလည်း တိုင်ဆန်ရဲ့လုပ်ရပ်ကို သဘောကျခဲ့ကြပြီး၊ သူတို့ပါ သီချင်းသွားကို ကူညီသီဆိုခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်ဆန်ဟာ တွမ်ကို ဒုတိယအချီမှာ Technical knockout (TKO) စနစ်နဲ့အနိုင်ရရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ တိုင်ဆန်ဟာ မိုက်ကို ဆွဲယူပြီး ‘I Don’t Wanna Miss A Thing’ သီချင်းကို သူ့ရဲ့ အသံဝါဝါကြီးနဲ့ သီဆိုပါတော့တယ်။

ဒီလက်ဝှေ့ပွဲကိုတော့ MGM Grand Garden Arena မှာ ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်(၉,၀၀၀)ကျော် ကြည့်ရှုခဲ့ပါတယ်။ တိုင်ဆန်ရဲ့သီချင်းသွားကို ပရိသတ်တွေကလည်း စိတ်ပါလက်ပါ လိုက်ဆိုပေးခဲ့ကြပါတယ်။ ဒါဟာ တိုင်ဆန်အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်သေးပါဘူး။

ယခင်က လက်ဝှေ့ကျော် ဝလာဒီမီယာကလစ်ရှ်ကို,ကို အနိုင်ရခဲ့တဲ့ပွဲစဉ်တုန်းကလည်း ဒီ ‘I Don’t Wanna Miss A Thing’ သီချင်းကို ဆိုခဲ့သေးပြီး၊ ကြည့်ရတာ ဒီသီချင်းက တိုင်ဆန်အတွက်တော့ အတော်လေး မိုတီဗိတ်ဖြစ်စေမယ့် သီချင်းမျိုးလို့ ထင်မှတ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် Gypsy King ကတော့ အိမ်ထောင်ရေးနဲ့ အားကစားရေးရာမှာ အောင်ပွဲခံနေဆဲပါ။

လင်းသူရိန် (Shwemom)

SHARE