မေသန်းနုရဲ့ အမှုကိစ္စကို ဖြေရှင်းပေးနေကြောင်း အသိပေးလိုက်တဲ့ ဦးမောင်

Image:Fb/Zin Yaw Mg

အကယ်ဒမီ များရှင် ရုပ်ရှင် မင်းသမီးချော မေသန်းနု ကတော့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ် ခံလိုက်ရပါတယ်။လိမ်လည်မှု နဲ့ တရားရင်ဆိုင်နေခဲ့ရတာ တော့ တော်တော်ကြာခဲ့ပေမယ့် အားလုံးက အဆင်ပြေ ပြေနဲ့ ပြီးသွားမယ်လို့ ထင်ထားခဲ့ကြပြီး အခုလို ထောင်ကျတဲ့ အထိ အခြေအနေ ဆိုးမယ်လို့ ထင်မထားခဲ့တာပါ။အခုဆိုရင်တော့ မေသန်းနုရဲ့ သား မင်းသန့် မောင်မောင် ကလည်း မိခင်အတွက် ပူဆွေးသောက ရောက်နေပါတယ်။မေသန်းနုရဲ့ခင်ပွန်း ဟောင်း ဒါရိုက်တာ စင်ရော် မောင်မောင်ကတော့ ဇနီးဟောင်းရဲ့ အမှု အတွက် သူ အတက်နိုင်ဆုံး ကူညီ ဖြေရှင်း ပေး နေတယ်လို့ သူ့ရဲ့  Fb စာမျက်နှာပေါ်မှာ ဇန်န၀ါရီ (၃၀)ရက်နေ့က Post တင်လိုက်ပါတယ်။

Image:Fb/Zin Yaw Mg

အခုလို အခက်အခဲ အကြပ်အတည်းနဲ့ ရင်ဆိုင်ရ ချိန်မှာ တကယ့်မိတ်ဆွေ စစ်နဲ့ မိတ်ဆွေ တု တို့ကို သိခွင့် ရ ခဲ့တယ်ဆိုပြီး အစ ချီထားပါတယ်။သားဖြစ်သူရဲ့ မိခင် အပြစ်ကျူးလွန် ထားတယ်ဆိုတာ မှန် ပေမယ့်လည်း လက်ရှိ ထွက်ပေါ် နေတဲ့ သတင်းတွေ အားလုံးက အမှန် တွေ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။လက်ရှိဖြစ်နေတဲ့ ဇနီး ဟောင်းရဲ့ ပြဿနာ ကြောင့် သားဖြစ်သူ  သောက ရောက်နေတာကို မကြည့်ရက်တော့လို့ ဖခင်တစ်ယောက်အနေနဲ့ ၀င်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။သူတတ်နိုင်သလောက် ပစ္စည်းတွေကို ထုခွဲ ရောင်းချ တာ၊မိတ်ဆွေ တွေ ဆီက အကူအညီ ကို ရယူပြီး ကူညီဖြေရှင်းပေးနေတယ်လို့ ပြောခဲ့ပါတယ်။သူ့ရဲ့ မိသားစု အတွက် Share ပေးဖို့ကိုလည်း ဒါရိုက်တာ စင်ရော် မောင်မောင်က တောင်းဆိုထားပါတယ်။

READ
အမျိုးသား K-pop idols တွေပြောတဲ့ သူတို့ရဲ့ အချစ်ဦးဇာတ်လမ်း အကြောင်း
Image:Fb/Zin Yaw Mg

“အ ကျပ်အတည်းအခက်အခဲ များ ရင်ဆိုင် ကြုံတွေ့ ဖြတ်သန်းနေရသော အချိန်တွင် မိမိ ဘဝ၏ အရေးပါသော မိတ်ဆွေကောင်းများ သည် နွေးထွေးစွာဖြင့် ကြိုဆိုကမ်းလှမ်းခြင်း ၊စောင့်ရှောက်ပေးခြင်း၊နူတ်၏ဆောင်ခြင်း စိတ်၏ဆောင်မခြင်းများ ဖြင့် ကူညီခြင်းများရှိပါသည်။ ထို့အပြင် မိမိ၏ မိသားစုအားအထင်အမြင်လွဲခြင်း အတွေ့မခံလိုခြင်း ၊ရိုးရိုးတန်းတန်းနူတ်ဆက်ခင်မင်နေသည်ကိုလည်း အကူအညီ ပေးရမည် ထင်ပြီး ရှောင်လွှဲခြင်း ဆိုးတူကောင်းဖက်မိတ်ဆွေ ရင်းများ ထွက်ခွါသွားခြင်း တို့ကိုကြုံခဲ့ရပါသည်။ သို့သော်လည်း ဒါကို မိမိတို့ ၏အတိတ်ကံ ဟုသာမှတ်ယူထားပြီး ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါသည်။
Media များတွင်ထင်ပေါ်ကျော်ကြားလိုသောသူများကြောင့်လဲ သား၏မိခင်အပေါ် အထင်လွဲ အထင်သေးခြင်းများလဲ ဖြစ်ပေါ်လျက်ရှိပါသည်။

Image:Fb/Zin Yaw Mg


သား၏မိခင်မှာအမှားကျူးလွန်သည်မှန်သော်လည်း ယခု ဖြစ်ပေါ်နေသော သ တင်း များအားလုံး အတိုင်းမဟုတ်ပါ။အယုံလွယ်ခြင်း၊ စီးပွါးရေး အတွေ့အကြုံအားနည်းခြင်း၊ လက်မှတ်အလွယ်တကူထိုးပေးခြင်း ၊
၁၀/၂၀/၃၀ တိုးဖြင့်ငွေချေး ယူခြင်း တို့ကို ဆောင်ရွက်ရင်းဖြင့် နွံနစ်သွားခဲ့ခြင်းဖြစ်ပါသည်။သို့ပါ၍ ခိုင်မာသော ဥပဒေပ ညာ ရှင် များ ဖြင့် အမူအခင်းကို ဖြေရှင်းနေပါသည်။ ရန် ကင်း တ ရား ရုံး တွင် ဖြစ် ပွား ခဲ့ သော အမူ နဲ့ ပတ် သက် ရျ် (ပေးလျော် ရန် အ ဆင် သင့် ဖြစ် နေ ပြီ ဖြစ် ပါ သည်)အခြားကိစ္စများကိုလဲ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး စီဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အကွက်ဆင်၍ မမှန်မကန်သောသက်သေများဖြင့် အမူဖန်တီးလျက်ရှိသောကိစ္စများကိုလည်း ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည်ဖြစ်ပါသည်။ ယခုကိစ္စမှာလဲ မိခင်အတွက် အပူမီးတောက်လောင်နေ သားဖြစ်သူ မင်းသန့်မောင်မောင် ၏ သောက ကို မကြည့်ရက်သဖြင့် ဖခင် တယောက်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ ကိစ္စမှမပါဝင်ကြောင်းကိုလဲ ရိုးသားစွာဝန်ခံပါသည်။ မဆင့်ကိစ္စတွင်ခံစားခဲ့ရသော နစ်နားသူများကိုလဲတောင်းပန်ပြီးဖြစ်ပါတယ်။ကျွန်တော်တတ်နိုင်သလောက် ပစ္စည်းများထုခွဲရောင်းချ၍သော်လည်းကောင်း မိတ်ဆွေအပေါင်းအသင်းများထံမှအကူအညီ များဖြင့်လည်းကောင်း ၎င်းကိစ္စ များကိုဖြေရှင်းလျက်ရှိပါသည်။ကျွန်တော် ၊မင်းသန့်မောင်မောင်နှင့်မဆင့်တို့အပေါ်တွင်လည်းနားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
အမှားများကိုလဲ အမြန်ဆုံးပြုပြင်နိုင်ပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ဦးအဖြစ်ပြန်လည်ထွန်းတောက်လာပါစေကြောင်းမဆင့်အတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းလျက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နေပါတယ်ခင်ဗျာ

ရိုသေလေးစားစွာဖြင့်
စင်ရော်မောင်မောင်
သားမင်းသန့်မောင်မောင်
please share for my family

READ
Miley Cyrus ကို ကွာရှင်းခွင်းစတင်တောင်းလိုက်ပြီဖြစ်တဲ့ Liam Hemsworth

Source:Fb/Zin Yaw Mg

SHARE