ကမ်ပိန်းရန်ပုံငွေတွေကို ဂိမ်းတွေဝယ်ပြီး လျှောက်သုံးပစ်ခဲ့တဲ့ လွှတ်တော်အမတ်

facebook/Congressman Duncan Hunter

အမေရိကန်နိုင်ငံက လွှတ်တော်အမတ်တစ်ယောက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကမ်ပိန်းရန်ပုံငွေ ဒေါ်လာစုစုပေါင်း (၁၅၀,၀၀၀) ကို အလွဲသုံးစားပြုလုပ်မှုအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ အဆိုပါလွှတ်တော်အမတ်ဟာ ၄င်းရဲ့ အိမ်မွေးယုန်တွေအတွက် လေယာဉ်လက်မှတ်တွေ ၀ယ်ခဲ့တဲ့အပြင် Steam မှ ဗီဒီယိုဂိမ်းတွေကိုလည်း ၀ါသနာအလျောက် ၀ယ်ယူခဲ့တယ်လို့ polygon သတင်းအရ သိရပါတယ်။

facebook/Congressman Duncan Hunter

ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်တုန်းက လွှတ်တော်အမတ် ဒန်ကန်အိပ်ခ်ျဟန်တာကို ထောက်လှမ်းရေးတွေက သူတို့မိသားစုရဲ့ ဖောဖောသီသီသုံးနိုင်တဲ့ လူနေမှုဘ၀အကြောင်းကို မေးမြန်းခဲ့ပါတယ်။ ထောက်လှမ်းရေးတွေမေးမြန်းတဲ့အထဲမှာ ဟန်တာဝယ်ယူထားတဲ့ ဗီဒီယိုဂိမ်းတွေအကြောင်းလည်း ပါဝင်ပါတယ်။

facebook/Congressman Duncan Hunter

နောက်ပိုင်းတော့ ဟန်တာဟာ ကမ်ပိန်းကငွေတွေကို သူ့ကိုယ်ပိုင်ငွေလိုသဘောထားပြီး အလွဲသုံးစားလုပ်နေခဲ့တယ်ဆိုတာ ဖော်ထုတ်လာနိုင်ခဲ့တာပါ။ ဟန်တာဟာ ကမ်ပိန်းရန်ပုံငွေတွေနဲ့ အမြန်စာလို အစားအသောက်တွေအပြင်၊ ရုပ်ရှင်ရုံလက်မှတ်၊ ဖိနပ်၊ ဗီဒီယိုဂိမ်း၊ ခွေးစာနဲ့ အခြားအိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အပန်းဖြေ ဟိုတယ်စရိတ်တွေ၊ ၄င်းတို့ရဲ့ အိမ်မွေးယုန်နှစ်ကောင်အတွက် လေယာဉ်လက်မှတ် စရိတ်တွေ စတာတွေမှာ အသီးသီးသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

READ
နံပါတ် (၁၃) ကို လူတွေမနှစ်သက်ရတဲ့ အကြောင်းအရင်း
facebook/Congressman Duncan Hunter

ဟန်တာဟာ အမေရိကန်ကွန်ကရက်မှာ ရီပါဘလစ်ကန်ပါတီအမတ်အဖြစ် (၂၀၀၈) ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အစိုးရရုံးက ထုတ်ပြန်ကြေညာချက်အရ ဟန်တာဟာ အမေရိကန်ကွန်ဂရက်ကနေ ထုတ်ပယ်ခြင်းခံရမယ့်အပြင် အမြင့်ဆုံး ထောင်ဒဏ်(၅) နှစ်နဲ့အတူ ဒဏ်ကြေး (၂၅၀,၀၀၀) ဆောင်ရနိုင်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE