ဆရာကြီး ဒေါက်တာထွန်းလွင်ရဲ့ ဈာပနအစီအစဉ်ကို ကြေညာ

Image:fb/ဆရာကြီး ဒေါက်တာထွန်းလွင်

နိုဝင်ဘာ(၄)ရက်နေ့ကတော့ မြန်မာပြည်သူ ပြည်သားတွေ အတွက် ၀မ်းနည်းစရာ ကောင်းတဲ့ နေ့ လေးတစ်နေ့ ဖြစ် ခဲ့ပါတယ်။မိုးလေ၀သနဲ့ ရာသီဥတု ခန့်မှန်းချက်တွေကို ထုတ်ပြန်ပေးနေတဲ့ ပညာရှင် ဆရာကြီး ဒေါက်တာထွန်းလွင် ကတော့ သူချစ်ရတဲ့မိသားစုနဲ့ သူမြတ်နိုးတန်ဖိုးထားတဲ့ အလုပ်ကို ထားခဲ့ပြီး လူ့ လောကကြီးကနေ ထွက်ခွာသွားခဲ့ပါတယ်။ဆရာကြီးကတော့ ကျန်းမာရေး မကောင်းလို့ ဆေးကုသမှု ခံယူနေခဲ့ရတာကြာခဲ့ပါပြီ။ဆရာကြီး ကွယ်လွန် ပြီ ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့တုန်းက ဆရာကြီးက သူ့ရဲ့ FB မှာ Live ဗီဒီယိုဖိုင်တင်ခဲ့ပြီး သတင်းမှားတွေ ကို မယုံ ဖို့ ပြောခဲ့ပါသေးတယ်။

Posted by Tun Lwin on Friday, October 25, 2019

ဆရာကြီးကို ကျန်းကျန်းမာမာနဲ့ တွေ့ရလို့ အရင်လိုပဲ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ ထင်ခဲ့ပေမယ့် နိုဝင်ဘာ (၄) ရက်နေ့ ညမှာတော့ ၀မ်းနည်းစရာ သတင်းတစ်ခု တက်လာခဲ့ပါတယ်။ဆရာကြီးရဲ့ Fb စာမျက်နှာကနေ ဆရာကြီး ကွယ်လွန်သွားပြီဆိုတဲ့ Post တက်လာခဲ့ပါတယ်။ဆရာကြီးရဲ့ နောက်ဆုံးခရီး ဈာပန အစီအစဉ်ကိုတော့ ဆရာကြီးရဲ့ အကောင့်မှာ ကြေညာလိုက်ပါပြီ။၆-၁၁-၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၅နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်မှာပါ။

Image:fb/ဆရာကြီး ဒေါက်တာထွန်းလွင်
Image:fb/ဆရာကြီး ဒေါက်တာထွန်းလွင်

 

“ဒေါက်တာ ထွန်းလွင်
ညွှန်ကြားရေးမှုးချုပ် (ငြိမ်း)၊ မိုး၊ဇလ ညွှန်ကြားမှုဦးစီးဌာန
CEO, Myanmar Climate Change Watch
အသက် (၇၂)နှစ်

READ
လေလွင့်ခွေးတွေရဲ့ အရှင်လတ်လတ်စားသောက်ခြင်းကို ခံလိုက်ရတဲ့အဖွားအို

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နေ၊ (၂၄)ရပ်ကွက်၊ သု၀ဏ္ဏ၊ သံသုမာလမ်း၊ တိုက်(၆)၊
အခန်း(၁)နေ (ဦးသိမ်းမောင်+ဒေါ်အေးကြီး)တို့၏သားကြီး၊ (ဦးထွန်းသန်း+ဒေါ်လှမြိုင်)
တို့၏ သားသမက်၊ (ဦးလှသော်)၊ ဦးမြင့်အောင်+ဒေါ်မြင့်မြင့်ရီ(CB Bank)၊
ဦးမြင့်ထွန်း+ဒေါက်တာယဉ်ယဉ်သန်း၊
ဒေါက်တာဇော်မြင့်(ဆေးသုတေသန)+ဒေါက်တာကြူကြူသန်း(World Bank)၊ ဦးခွန်မျိုးကျော်သူ+ဒေါ်အေးအေးသန်း(Tr.Aye)၊
ဦးထင်အောင်ကျော်+ဒေါ်ဇင်မေကျော့ရှင်းတို့၏ အကိုကြီး၊
ဒေါ်မူမူသန်း၏ ချစ်လှစွာသော ခင်ပွန်း၊
ဦးအောင်ဇော် (Faith & Love)+ဒေါက်တာမြတ်စုထွန်းလွင်(ဒါဒို့ပြည် Souvenir Shop)၊ မောင်ဇွဲမာန်ထွန်းလွင်(NCS Pte Ltd)၊ မစွမ်းရည်ထွန်းလွင်(Doh Eain)တို့၏
ချစ်လှစွာသော ဖခင်၊ မောင်ခန့်သစ်၊ မောင်ထူးခန့်၊ မစုတင့်တယ်တို့၏ ချစ်လှစွာသောအဖိုး၊
တူ၊တူမ ၁၁ယောက်တို့၏ ဦးလေးသည်
၄-၁၁-၂၀၁၉ (တနင်္လာနေ့) ညနေ ၇:၀၀နာရီတွင် ကွယ်လွန်အနိစ္စရောက်သွားပါ၍
၆-၁၁-၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၅နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်
မည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ ဆွေမျိူးမိတ်သင်္ဂဟအပေါင်း သိစေရန်
ညိုးငယ်သောစိတ်ထားဖြင့် အကြောင်းကြားအပ်ပါသည်။
နေအိမ်မှကားများ မွန်းလွဲ (၂:၃၀)နာရီတွင်ထွက်ခွာပါမည်။
ကျန်ရန်သူမိသားစု
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါက်တာ ထွန်းလွင်
အသက် (၇၂)နှစ်

READ
မျောက်တွေ မျောက်ဝံတွေနဲ့ အတူကြီးပြင်းခဲ့တဲ့ သက်ရှိတာဇံမလေးကို အိန္ဒိယတွင်တွေ့ရှိခဲ့

၎-၁၁-၂၀၁၉ (တနင်္လာနေ့) ညနေ ၇:၀၀နာရီတွင် ကွယ်လွန်အနိစ္စရောက်သွားပါ၍
၆-၁၁-၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၅နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ် မည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟအပေါင်း သိစေရန် ညိုးငယ်သောစိတ်ထားဖြင့် အကြောင်းကြားအပ်ပါသည်။
ကျန်ရန်သူမိသားစု

 

Source:fb/ဆရာကြီး U Tun Lwin

SHARE