အင်္ဂါဂြိုဟ်လေ့လာရေးခရီးစဉ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စတင်နိုင်ခဲ့တဲ့ UAE

MHI via AP

အရှေ့အလယ်ပိုင်းရဲ့ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပဉ္စမမြောက်အဖြစ် ရပ်တည်နေတဲ့ UAE နိုင်ငံကတော့ အင်္ဂါဂြိုဟ်ခရီးစဉ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စတင်လိုက်ပြီ ဖြစ်ပါတယ်။ UAE ဟာ အဲဒီစစ်ဆင်ရေးကို ‘Hope on the Red Planet’လို့ အမည်ပေးထားပါတယ်။

ဒီစစ်ဆင်ရေးအတွက် ယူအေအီဟာ နှစ်တော်တော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ ယခင်ကတော့ အာကသယာဉ်ငယ် လွှတ်ဖို့ နှစ်ကြိမ်တိုင် ကြိုးစားခဲ့ဖူးပေမယ့် ဆိုင်းငံ့ခဲ့ရပါတယ်။ အခု လွှတ်တင်လိုက်တဲ့ အာကာသယာဉ်ငယ်ကိုတော့ Hope လို့ အမည်ပေးထားပါတယ်။ ကားတစ်စီးရဲ့အရွယ်အစားသာ ရှိပါတယ်။

အင်္ဂါဂြိုဟ်ရဲ့အခြေအနေတွေကို ထောက်လှမ်းဖို့အတွက် ဂြိုဟ်ကိုလှည့်ပတ်ပျံသန်းမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အင်္ဂါဂြိုဟ်ရဲ့လေထုအနေအထားနဲ့ သဘာဝပတ်ဝန်းကျင်ကို ထောက်လှမ်းမှုတွေ၊ သုတေသနတွေ ပြုလုပ်မှာဖြစ်ပါတယ်။

Hope အာကာသယာဉ်ကို ပြီးခဲ့တဲ့ဇူလိုင် (၁၉)ရက်က ဂျပန်နိုင်ငံ၊ Tanegashima Space Center အာကာသစခန်းကနေ Japanese H-IIA ဒုံးပျံယာဉ်ကိုအသုံးပြုပြီး၊ ကောင်းကင်ပေါ်ကို လွှတ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ယူအေအီးဟာ (၂၀၁၄)ခုနှစ်က အင်္ဂါဂြိုဟ်စစ်ဆင်ရေးစီမံကိန်ကို စတင်ခဲ့ပါတယ်။

(၂၀၁၅)ခုနှစ်မှာ ကျရောက်မယ့် နိုင်ငံတည်ထောင်ခြင်း နှစ်(၅၀)ပြည့်အထိမ်းအမှတ်အတွက် ရည်ရွယ်ထားသော်လည်း၊ အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာတို့ရဲ့ဂြိုဟ်ပတ်လမ်းကြောင်းချင်းက အလွန်ကွာနေဆဲအနေအထားမို့ အဲဒီအခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

အရင်က နှစ်ခါလွှတ်တင်ဖို့ စီစဉ်ခဲ့သော်လည်း၊ ရာသီဥတုအခြေအနေ မကောင်းတဲ့အတွက် လက်လျှော့ခဲ့ရတာပါ။ အခု ဇူလိုင်(၁၉)ရက်က လွှတ်တင်မှုကိုသာ ထပ်မံလွဲချော်မယ်ဆိုပါက ယူအေအီးအနေနဲ့ ဒီစီမံကိန်းအောင်မြင်ဖို့ နောက်ထပ်နှစ်တွေ အများကြီး စောင့်ရမှာပါ။ အကြောင်းကတော့ လက်ရှိအနေအထားက အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာတို့ရဲ့ နေကိုလှည့်ပတ်နေဲ့ ဂြိုဟ်ပတ်လမ်း အနီးဆုံးအနေအထား ဖြစ်နေလို့။

လင်းသူရိန်

SHARE