UAE ဒုသမ္မတကို စွန့်ပစ်ပြီး ပေါင်(၃၁)သန်း ယူကာ ထွက်ပြေးသွားတဲ့ ကြင်ယာတော်မင်းသမီး

Princess-Haya-Bint-Al-Husse Twitter

UAE နိုင်ငံရဲ့ ဒုတိယသမ္မတရာထူးနဲ့ ဝန်ကြီးချုပ်ရာထူးကိုပါ ယူထားတဲ့ Sheik Mohammed bin Rashid al-Maktoum ကတော့ ဇနီးဖြစ်သူက စွန့်ပစ်ပြေးလို့ ဒေါသူပုန်ထနေကြောင်း သိရပါတယ်။ ဇနီးဖြစ်သူ ကြင်ယာတော်မင်းသမီး ဟာယာဘင့်ဟူစိန်ဟာ သူမနဲ့ ရတဲ့သားသမီးနှစ်ဦးစလုံးကို ခေါ်ဆောင်ပြီး လစ်ပြေးသွားတာပါ။

ဟာယာဟာ ငွေကြေး ပေါင်(၃၁)သန်းနဲ့ ဂျာမနီမှာ ခိုလှုံနေကြောင်း သတင်းတွေအရ သိရပေမယ့် ဂျာမနီဘက်ကတော့ ဘာမှထုတ်ပြန်မှုမရှိသေးပါဘူ။ Sheik ဟာ ဟာယာနဲ့ (၂၀၀၄)ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး၊ သူ့ထက် (၂၄)နှစ် ငယ်ပါတယ်။

Sheikh Mohammed Bin Rashid al-Maktoum Instagram

တကယ်တော့ သူတို့နှစ်ယောက်ဟာ အိမ်ထောင်ရေးအဆင်မပြေတာ တစ်နှစ်လောက် ရှိနေပါပြီ။ ဟာယာကတော့  ဖေဖော်ဝါရီလကတည်းက ခင်ပွန်းသည်ကို စွန့်ပစ်ခဲ့တာဖြစ်ပြီး၊ သူမအတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်နေလို့ပါလို့ အကြောင်းပြပါတယ်။ သူမကလည်း တကယ်တော့ နယ်နယ်ရရ မဟုတ်ပါဘူး။

ဂျော်ဒန်ဘုရင်မင်းမြတ်ရဲ့သမီးတော်ဖြစ်ပြီး၊ ငယ်စဉ်ကတည်းက ရွှေလိုဥပြီးမွေးဖွားလာသူဖြစ်သလို၊ ဂျော်ဒန်-UAE တို့ရဲ့ ချစ်ကြည်ရေးပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ဂျော်ဒန်နဲ့ တင်းမာမှုတွေရှိလာနိုင်တာက သာမန်အားဖြင့်တော့ ရှည်ရှည်ဝေးဝေး တွေးကြည့်နေဖို့ မလိုအပ်ပါဘူး။

Princess Haya Instagram

ဟာယာရဲ့ဖွင့်ဟချက်အရ သူမအနေနဲ့ ယူကေကို ရွေးချယ်လို့ရပေမယ့်၊ ယူကေက သူမရဲ့အသက်ကို အာမခံချက်ပေးဖို့ မရှိဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ UAE နဲ့ ယူကေဟာ လက်နက်တွေ၊ စစ်လေယာဉ်အရောင်းအဝယ်ကိစ္စတွေမှာ အပြန်အလှန် မှီခိုနေကြသူတွေ ဖြစ်လို့၊ UAE ဘက်ကသာ တောင်းမယ်ဆိုရင် သူမကို ပြန်အပ်နိုင်ပါတယ်။

READ
ထရမ့်နဲ့တွေ့ဆုံစဉ် အင်္ဂလိပ်လို ပြောခဲ့တဲ့ ကင်ဂျုံအန်နဲ့ သူရဲ့ ဘာသာစကား ကျွမ်းကျင်မှု

 

 

View this post on Instagram

 

سُعدت بلقائي مع المديرة التنفيذية لمنظمة اليونيسف هنرييتا فور، حيث بحثنا أوجه التعاون في عدة مجالات ومنها قضية جوع الأطفال والتأهب للطوارئ والسرعة في نشر المساعدات الإنسانية والابتكار.كلتانا نتفق أن العالم قد تغير ولكن احتياجات الأطفال لم تتغير. #منظمة_اليونيسف #لكل_طفل Pleasure to meet @unicef Chief Henrietta Fore to explore areas of collaboration around child hunger, emergency preparedness, fast deployment of humanitarian aid, & innovation. We both agree, the world has changed, but the needs of children have not. #UNICEF #Foreverychild

A post shared by Haya Bint Al Hussein (@hrhprincesshaya) on

ဟာယာကတော့ ကွာရှင်းခွင့်တရားဝင် တောင်းခံထားပြီးပြီလို့ သိရပြီ၊ ဂျာမနီဘက်ကိုလည်း နိုင်ငံရေးခိုလှုံခွင့် တရားဝင် ရယူထားတာမို့ သူမအနေနဲ့တော့ လုံခြုံလောက်ပြီလို့ ယူဆနေမှာပါ။ Sheik ဟာ ဂျာမနီဘက်ကို သံတမန်နည်းအရ ဇနီးကိုလွှဲပေးဖို့ တောင်းဆိုထားပေမယ့် ဘာလင်အစိုးရက ပယ်ချလိုက်ကြောင်း သိရပါတယ်။

READ
မိမိသားအရင်းကိုပြန်လက်ထပ်မယ့် အသက်(၅၁)နှစ်အရွယ်အမေဖြစ်သူအမျိုးသမီး

ဒါဟာ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဟာယာဟာ အခုအခါမှာ ဘဝသစ်စတင်နေပြီဖြစ်ပြီး၊ သူမနဲ့အတူ (၇)နှစ်အရွယ်သားလေး Zayed နဲ့ (၁၁)နှစ်အရွယ်သမီးလေး Al Jalila တို့ အတူတူနေထိုင်လျှက်ရှိတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။

လင်းသူရိန် (Shwemom)

SHARE