ရေရှားပါးမှုကြောင့် အန္တာတိကကရေခဲတုံးကြီးတွေကို နိုင်ငံဆီဖဲ့သယ်တော့မယ့် UAE

Olgaozik/Pixabay

ဒီသတင်းကိုတော့ The West ဆိုတဲ့ သြဇီအခြေစိုက်သတင်းဌာနအပါအဝင် သတင်းမီဒီယာတော်တော်များများမှာ ဖော်ပြနေခဲ့တာပါ။ UAE နိုင်ငံဟာ ကန္တာရပေါများတဲ့ နိုင်ငံဖြစ်တဲ့အညီ သောက်သုံးရေဆိုတာ ရှားပါးလှပါတယ်။ Abdulla Alshehi ဆိုသူကတော့ သူတို့နိုင်ငံကနေပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီး ဝေမျှခဲ့ပါတယ်။

sharonang/Pixabay
Olgaozik/Pixabay

ပြဿနာကို အဓိကဖြေရှင်းဖို့ နည်းလမ်းကတော့ အန္တာတိကတိုက်က ရေခဲတုံးကြီးတွေကို ပစ်မှတ်ထားနေခဲ့ကြတာပါ။ ဒီရေခဲတုန်းကြီးတွေကို ဖြိုခွဲပြီး UAE အထိ ရောက်အောင် ပင်လယ်လမ်းကြောင်းမှတစ်ဆင့် သယ်ယူကာ သောက်သုံးရေကို တစ်ဖန်ပြန်ဖန်တီးဖို့အတွက် Abdulla Alshehi က စီစဉ်ထားခဲ့တာပါ။

Abdulla Alshehi/Instagram

ဒီအစီအစဉ်ဟာ UAE အထိ ရေခဲဘယ်လောက်ကျန်ပြီး ရောက်မလဲဆိုတာ မသိသေးတဲ့အတွက်ကြောင့် ဒီနှစ်အစောပိုင်းမှာတုန်းကတော့ သြစတေးလျက Perth သို့မဟုတ် အနားမှာရှိတဲ့ တောင်အာဖရိကက Cape Town နှစ်ခုတည်းက တစ်ခုခုကိုအရင်ဆုံးသယ်ကြည့်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒီအစီအစဉ်ဟာဆိုရင်တော့ ဒေါ်လာသန်း ၈၀ အောက်သာ ကုန်ကျမှာဖြစ်တဲ့အတွက် UAE မှာပေါပေါများများရှိနေတဲ့ ပင်လယ်သမုဒ္ဒရာရေငံတွေကို သောက်သုံးရေရအောင် ပြောင်းလဲပစ်မယ့် အစီအစဉ်ထက်စာရင်တော့ ကုန်ကျစရိတ် ပိုသက်သာပါလိ့မ်မယ်။ ဒီအပြင် သောက်သုံးရေပြဿနာပါ ဖြေရှင်းပြီးသားဖြစ်ရုံသာမကဘဲ ကမ္ဘာလှည့်ခရီးသွးတွေကိုပါ ဆွဲဆောင်နိုင်မယ့်အထိ အကျိုးရှိလောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

READ
ရှားပါးတောကောင်များကို အမဲလိုက်သည့်အမျိုးသား အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ
Moiralaw/Pixabay
bhart9070/Pixabay

ဒါပေမဲ့ တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုရင်လည်း UAE ရေရတာ မရတာထက် အရင်ဆုံး ပိုပြီး အန္တရာယ်ရှိလာမှာက ရေခဲပြင်တွေကိုပဲ မှီခိုနေနေကြရတဲ့ ရေခဲပိုလာဝက်ဝံတွေ၊ ပင်ဂွင်းငှက်တွေနဲ့ ပင်လယ်ဖျံတွေရဲ့ အသက်အန္တရာယ်ကို အများကြီး ထိခိုက်နိုင်တာမလို့ မျိုးသုဉ်းသည်အထိ ဖြစ်လာနိုင်တယ်ဆိုပြီး ပညာရှင်တော်တော်များများက ထောက်ပြခဲ့ပါတယ်။ လက်ရှိအနေနဲ့ကတော့ UAE အထိ ရေခဲတုံးကို သယ်သွားမယ်ဆိုရင်တော့ မူရင်းပမာဏကနေ ၃၀% လောက်ကတော့ အရည်ပျော်ကျသွားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ Project အတွက် စုစုပေါင်းကုန်ကျစရိတ်ကိုတော့ ဒေါ်လာသန်း ၁၀၀ မှ ၁၅၀ အတွင်း သတ်မှတ်ထားပြီး အကြိုစမ်းသပ်မှုအတွက်တော့ ဒေါ်လာ သန်း ၆၀ နဲ့ ၈၀ အတွင်း ချပေးထားပါတယ်။

Abdulla Alshehi ကတော့ “ဒါတွေဟာ ကမ္ဘာ့အသန့်စင်ဆုံးရေတွေလေ” လို့လည်း ပြောသွားခဲ့ပါတယ်။

Penny

 

SHARE