ကားငှားဖို့တင်မဟုတ်ပဲ၊ လမ်းအတူလျှောက်ပေးဖို့ပါ လူငှားလို့ရနေပြီ

Twitter / @jeevsfrmbelize

Online ကနေပြီး Taxi ငှားလို့ရတဲ့ ၀န်ဆောင်မှုတွေက မြန်မာနိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါပြီ။ ကိုယ်သွားရမယ့်ခရီးကို ပိုပြီးလုံခြုံချင်သူတွေ၊ ပိုပြီး သက်သက်သာသာရှိချင်သူတွေအတွက် Online ကနေ ခေါ်လို့ရတဲ့ Taxi App တွေက နေ့စဉ်နဲ့အမျှ အလုပ်ဖြစ်လာခဲ့ကြတာပါ။

ဥရောပနိုင်ငံတွေမှာဆိုရင် Online Taxi ၀န်ဆောင်မှုတွေက အများအပြားနဲ့ အပြိုင်ဖြစ်နေကြလို့ ၀န်ဆောင်မှု ကုမ္ပဏီတွေဟာ သူ့ထက်ငါ ပိုကောင်းမယ့်အကြံတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြတာပါ။

အခုလည်း အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မှာနေထိုင်တဲ့ ဂျက်စမင် ဆိုသူ အမျိုးသမီးလေးဟာ သူ့ရဲ့ Taxi App ကိုသုံးပြီး ကားငှားဖို့လုပ်နေတုန်း ထူးခြားတဲ့ ၀န်ဆောင်မှုတစ်ခုကို တွေ့လိုက်ရတာပါ။ အဲဒါကတော့ “Walking Buddy” တဲ့။

 

သူမ က နယူးယော့ခ်မြို့ထဲမှာရှိတဲ့ လာဂွာဒီးယားလေဆိပ်ကို သွားချင်တာဖြစ်ပြီး ဈေးနှုန်းဘယ်လောက်လဲဆိုတာ သိချင်တဲ့အတွက် Taxi App ကို ဖွင့်ကြည့်လိုက်တာပါ။

READ
ရေထဲမှာ မျောသွားတဲ့ခွေးလေးကို အသက်စွန့်ပြီး ကယ်ခဲ့တဲ့သခင်

သူမအနေနဲ့ တစ်ယောက်တည်း ငှားသွားမယ်ဆိုရင် (၅၆.၇၆)ဒေါ်လာ ကျသင့်မှာဖြစ်ပြီး တခြားသူတွေနဲ့ စပ်တူငှားသွားမယ်ဆိုရင်တော့ (၃၃.၄၂)ဒေါ်လာကျသင့်မှာပါ။

ဒါပေမယ့် အဲဒီ ဖော်ပြမှုရဲ့ အောက်ဆုံးနားမှာတော့ ဈေးအရမ်းသက်သာတဲ့ ၀န်ဆောင်မှုတစ်ခု ရှိနေပါသေးတယ်။ အဲဒါက “Walking Buddy” ဆိုတဲ့ ၀န်ဆောင်မှု ဖြစ်ပြီး သူက (၇.၅၀)ဒေါ်လာသာ ကျသင့်မှာပါ။

ဒါပေမယ့်လည်း ခရီးသည်အနေနဲ့ ကိုယ်သွားချင်တဲ့ ခရီးကို လမ်းလျှောက်သွားရဖို့တော့ ရှိနေသလို ဘေးနားမှာ အတူလမ်းလျှောက်မယ့်လူတစ်ယောက် လိုက်ပေးမယ့် သဘောပါပဲ။

READ
ကြက်ဆင်တစ်ကောင်လုံးလောဘတကြီးစားပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ခွေးလေး

ပုံမှန်ဆို နာရီဝက်လောက်နဲ့ရောက်မယ့်ခရီးကို (၃)နာရီလောက် လမ်းလျှောက်ရမှာဖြစ်ပေမယ့် ကိုယ့်မှာ စကားပြောဖော်လေးနဲ့ဆိုတော့ အေးအေးဆေးဆေးပဲလေ ဆိုပြီး ဂျက်စမင် ရဲ့ ပို့စ်ကို ဟာသလုပ်နေကြသူတွေလည်း အများကြီးပါ။

Linn

SHARE