လိင်တူချစ်သူ တွေကို သေဒဏ်ပေးဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ယူဂန်ဒါအစိုးရ

Twitter / TheGuardian

ပြီးခဲ့တဲ့ရက်ပိုင်းက ယူဂန်ဒါနိုင်ငံက အာဏာပိုင်တွေဟာ သူတို့နိုင်ငံမှာ မိန်းမလျာတွေ နဲ့ လိင်တူချစ်သူတွေကို သေဒဏ်ပေးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ယူဂန်ဒါဟာ ဒီလို လုပ်နိုင်ဖို့ ဥပဒေကြမ်းရေးဆွဲနေပြီး၊ အဲဒီဥပဒေကို သတင်းစာမျက်နှာတွေထက်မှာ “Gay တွေကိုသတ်ဖို့ ဥပဒေမူကြမ်း ”ဆိုပြီး ဖော်ပြနေကြပါတယ်။

တကယ်တော့ ယူဂန်ဒါနိုင်ငံမှာ လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက ပါလီမန်မှာ ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ပြီး၊ ထိုစဉ်က နိုင်ငံရေးအရ ဖိအားတွေ အမျိုးမျိုးပေးနေတာကြောင့်၊ ဥပဒေကြောင်းအရ အားနည်းချက်တွေရှိနေတယ်လို့ဆိုပြီး အဲဒီဥပဒေကို အတည်ပြုဖို့ ပျက်ပျယ်သွားခဲ့တာလို့ သိရပါတယ်။

 

သို့ပေမယ့် အစိုးရက ဒါကို ရက်သတ္တပတ်အတွင်းမှာ ပြန်လည် အသက်သွင်းတော့မှာပါ။ လူ့ကျင့်ဝတ်နဲ့ သမာဓိရေးရာဝန်ကြီး Simon Lokodo က “ လိင်တူလက်ထပ်ခွင့်ဆိုတာဟာ ယူဂန်ဒါနိုင်ငံနဲ့ ဘယ်လိုမှ အပ်စပ်ခြင်းမရှိတဲ့အရာပါ … ဒါပေမယ့် ကျောင်းတွေမှာ Gay တွေက လူစုတဲ့သဘောမျိုးတွေ ရှိနေပါတယ် …

READ
ကားရှေ့ကို အတင်းခုန်ပျံဝင်ပြီး ကားတိုက်ခံရဟန် ဆောင်တဲ့ အရက်သမား

အထူးသဖြင့် လူငယ်ထုအကြားမှာပေါ့ … သူတို့က လူတိုင်း ဒီလိုပဲဆိုပြီး မုသာဝါဒနဲ့ မှိုင်းတိုက်နေတာ ”လို့ ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး “ ကျွန်တော်တို့ရဲ့ လက်ရှိ ပြစ်မှုဆိုင်ရာဥပဒေတွေက ကန့်သတ်ချက်တွေ အများကြီးနဲ့ပါ … အဲဒါက အပြုအမူကို ကြည့်ပြီး အပြစ်ရှိမရှိဆုံးဖြတ်တာကို … ကျွန်တော်တို့ လိုချင်တာက Gay တွေ Homo တွေနဲ့ နှီးနွယ်ပတ်သက်နေသူဟာ ဥပဒေအရ ပြစ်မှုမြောက်တယ်လို့ ဆိုပြီး တိတိကျကျ ရှင်းရှင်းလင်းလင်း လိုချင်တာ ”လို့ ပြောခဲ့ပါတယ်။

 ယူဂန်ဒါမှာ သေဒဏ်အဖြစ် အပြစ်ပေးခံရသူတွေကို အများအားဖြင့် ကြိုးပေးစီရင်လေ့ရှိကြောင်း သိရပါတယ်။ ယခုအချိန်ထိတော့ ယူဂန်ဒါရဲ့ကြေညာမှုနဲ့ပတ်သက်ပြီး အနောက်အုပ်စုက ဘာမှ မတုန့်ပြန်သေးပါဘူး။

လင်းသူရိန်

SHARE