ဝန်ထမ်းအလုပ်ရက်ကို ၄ ရက်သာ သတ်မှတ်လိုက်တဲ့ ဗြိဒိန်မှ ဥပဒေအကြံပေးကုမ္ပဏီ

ဗြိတိန်က ဥပဒေအကြံပေးကုမ္ပဏီတစ်ခုကတော့ ပြီးခဲ့တဲ့ ရက်တုန်းက သူ့ကုမ္ပဏီကဝန်ထမ်းတွေရဲ့ အလုပ်လုပ်ရက်ကို တစ်ပတ်မှာ ၄ ရက်လို့ ပြောင်းလဲ့ခဲ့ပါတယ်။ ဒီလိုပြောင်းလဲပေးလိုက်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေဟာ သိပ်ကိုဝမ်းသာနေလိုက်ပြီး နောက်ထပ်ပြောင်းလဲမှုတွေကြောင့် ကုမ္ပဏီကို အလုပ်လာအပ်တဲ့လူတွေဟာလည်း ပိုအဆင်ပြေသွားတဲ့အတွက် အဲဒီပြောင်းလဲမှုတွေကို နှစ်သက်နေတယ်လို့ သိရပါတယ်။

Plymouth မှာ ရှိနေတဲ့ Portcullis Legals ဆိုတဲ့ ဥပဒေအကြံပေးကုမ္ပဏီတစ်ခုဟဟာ အပေါ်မှာ ဖော်ပြခဲ့သလို တစ်ပတ်မှာ ၄ ရက်သာ အလုပ်လုပ်ဖို့အတွက် ပြောင်းလဲပေးလိုက်တာမဟုတ်ဘဲ လစာပါထပ်မံတိုးပေးခဲ့ပါသေးတယ်။ ဒီအပြင် ထပ်တိုးပြောင်းလဲမှုအနေနဲ့ အလုပ်လုပ်ရတဲ့ ၄ ရက်မှာ မနက်အစောကြီးမလာချင်ရင်လည်း လာစရာမလိုဘဲ ကိုယ်အကြံပေးနေတဲ့ အလုပ်အပ်သူတွေနဲ့ ညှိနှိုင်းကာ တစ်နေ့ကိုသတ်မှတ်အလုပ်ချိန် ပြည့်တင်းပါက ညဖက်တွေအထိ အလုပ်လုပ်နိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

Portcullis Legals

ဒီလိုမျိုးအလုပ်ချိန်ပါပြောင်းခွင့်ပေးလိုက်တဲ့အတွက် တချို့သော အလုပ်အပ်သူတွေ၊ ဥပဒေအကြံးဥာဏ်လိုအပ်နေသူတွေအတွက် သူတို့အလုပ်ဆင်းတဲ့အချိန်ကျကာမှ Portcullis Legals ကို လာပြီး ဆွေးနွေးနိုင်သွားတာကြောင့် သိပ်ကိုအဆင်ပြေနေတယ်ဆိုပြီး ဝမ်းသာစွာတုန့်ပြန်စကားတွေ ပြန်ပြောလာခဲ့ပါတယ်။

READ
သျှရီဒေဝီသေတဲ့သတင်းကိုသိရှိပြီး မိနစ်ပိုင်းလောက် ငိုင်နေမိဟု အမီတာဘဂျန်းဖွင့်ဟ

ကုမ္ပဏီဘက်က ကြည့်မယ်ဆိုရင်လည်း အလုပ်ရက်တွေ တေလျာ့သွားပြီး လိုအပ်တဲ့အချိန်မှသာ အလုပ်လုပ်ခိုင်းတဲ့အတွက်ကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးခဲ့တာတောင်မှပဲ ကုန်ကျစရိတ်တွေ ပိုသက်သာသွားတယ်လို့ သိရပါတယ်။

ဒါကိုအလေ့အကျင့်ဖြစ်အောင်ဆိုပြီး ကုမ္ပဏီမှ ရွေးချယ်ထားတဲ့ ဝန်ထမ်း ၉ ယောက်ကို စစချင်း ၅ လမှာ စမ်းသပ်လုပ်ဆောင်သွားကြည့်မှာဖြစ်ပြီး ရလာတဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ တခြားဝန်ထမ်းတွေတွေပါလိုက်ပြောင်းမလား၊ ဒီစည်းမျဉ်းဟာ အတည်ဖြစ်မလားဆိုတာတွေကို ဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။ ကြေငြာချက်နဲ့အတူတူ ဝန်ထမ်းတွေကိုလည်း ဟိုတယ်ကောင်းကောင်းမှာ ညစာလိုက်ကျွေးခဲ့တာမို့ ဖတ်မိသူတိုင်း Portcullis ရဲ့သူဌေးကို အကောင်းဆုံးသူဌေးလို့ စိတ်ထဲမှာ ထင်မိကြမှာပါပဲ။

The Portcullis Team
The Portcullis Team

Source: Portcullis Legals

Penny

 

SHARE