ဆရာတွေစာရိတ္တပျက်မှာစိုးလို့ လက်ဆောင်ငွေပမာဏကို ကန့်သတ်လိုက်တဲ့ကျောင်း

ကျောင်းသားမိဘတွေကို ဆရာတွေအတွက် ခရစ္စမတ် အမှတ်တရပစ္စည်းလက်ဆောင်ပေးရာမှာ ပေါင်(၅၀) ထက် ပိုမသုံးစွဲကြဖို့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ကန့်သတ်ထားလိုက်ပါတယ်။ ၄င်းကျောင်းကတော့ အင်္ဂလန်နိုင်ငံ အောက်စ်စဖို့ဒ်ရှိုင်းယားကောင်တီ အဘင်ဒန်က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ကျောင်းရဲ့ ပေါ်လစီအရ မိဘတွေဟာ ကျောင်းဝန်ထမ်းဆရာတွေကို လက်ဆောင်ပဏာပေးပြီး ကိုယ့်သားသမီးကိုပဲ မျက်နှာသာပေးစေဖို့ ကြိုးစားတာမျိုး လက်မခံပါဘူး။

Telegraph

အရင်တုန်းက ကလေးမိဘတွေဟာ ဆရာတွေကို အမှတ်တရလက်ဆောင်ပေးရာမှာ တန်ဖိုးကြီးလက်ကိုင်အိတ်တွေနဲ့ ထိပ်တန်းစားသောက်ဆိုင်တွေက လက်ဆောင်လက်မှတ်တွေကို ပေးလေ့ရှိပါတယ်။ ဒီအတွက် ဆရာတွေအနေနဲ့ ကလေးတွေရဲ့ ပညာရေး၊ အကျင့်စာရိတ္တပိုင်းနဲ့ ပတ်သက်လို့ ပြုပြင်ထိန်းသိမ်းရမှုအပိုင်းမှာ အနှောင့်အယှက်ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ကျောင်းက အခုလို စည်းကမ်းတင်းကြပ်ခဲ့တာ ဖြစ်ပါတယ်။

PA

ကျောင်းအနေနဲ့ ယခင်ကတည်းက ထိုစည်းကမ်းမျိုး ချမှတ်ထားပြီးဖြစ်ပေမယ့် အခုအခါ ပိုပြီး တိကျသေချာအောင်လို့ပြီး မိဘတွေဆီကိုပါ စာပို့ကာ ကျောင်းစည်းကမ်းတွေကို တရားဝင်ထပ်မံကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုကျောင်းရဲ့ ဆုံးဖြတ်ချက်ကို Good School Guide မှ အကြီးတန်းအယ်ဒီတာတစ်ယောက်ကတော့ ဝေဖန်ခဲ့ပါတယ်။ သူကတော့ မိဘတွေအနေနဲ့ ဆရာတွေကို လက်ဆောင်ပေးရတဲ့အခါ ပေါင်(၅၀) က အများဆုံးလို့ပြောထားတဲ့အတွက် မိဘတွေစိတ်ထဲမှာ နည်းနေတယ်လို့ ခံစားရကောင်း ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

READ
အရက်မူးပြီး ယာဉ်မောင်းသူတွေကို သေဒဏ်ချမှတ်ဖို့ ဥပဒေပြင်ဆင်နေတဲ့ ထိုင်ဝမ်
Pexels

ဒီအဖြစ်နဲ့ ပတ်သက်လို့ ဆရာမတစ်ဦးကတော့ ပေါင်(၅၀) မပြောနဲ့၊ (၁၀) ပေါင်ဆိုတာတောင် များနေသေးကြောင်း ပြောပါတယ်။ သူမက “တစ်ကယ်လို့ မိဘတိုင်းက ကျွန်မအတွက် (၁၀) ပေါင် သုံးလိုက်ရင်ပဲ တော်တော်လေး ကျေနပ်နေပါပြီ။ တစ်တန်းလုံးအနေနဲ့ တွက်ကြည့်လိုက်ရင် ပေါင်(၃၀၀) ပေါ့။ တကယ်တမ်း ကျွန်မတန်ဖိုးထားတာက ခရစ္စမတ်ကဒ်လေးတွေပေါ်မှာ ရေးထားတဲ့ မိဘတွေရဲ့ စကားပါ။ ကလေးက ကျောင်းတက်ရတာပျော်တယ်။ အဆင်ပြေတယ်ဆိုတဲ့စကားတွေရေးထားရင်ပဲ အရမ်းပီတိဖြစ်ရပါတယ်။” လို့ ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: ladbible

SHARE