တွစ်တာပေါ်မှာနာမည်ကြီးသွားခဲ့တဲ့ ဗြိတိန်တော်ဝင်တီးဝိုင်းအဖွဲ့ရဲ့ Bohemian Rhapsody

ပြီးခဲ့တဲ့ တနင်္လာနေ့(၇.၁.၂၀၁၈)တုန်းက အင်္ဂလန်နိုင်ငံရဲ့ ဘက်ကင်ဟမ်နန်းတော်ရှေ့ကို အလည်အပတ်ရောက်ရှိလာကြတဲ့ ခရီးသွားတွေဟာ နန်းတော်ထဲက တီးမှုတ်သံတွေကြောင့် တအံ့တသြ ဖြစ်သွားခဲ့ရပါတယ်။

အင်္ဂလန်ဘုရင်မကြီးရဲ့ တော်ဝင်တီးဝိုင်းအဖွဲ့ဟာ သူတို့တီးမှုတ်နေကြမဟုတ်တဲ့ တီးလုံးမျိုးကို ဖန်တီးနေကြတာဖြစ်ပြီး နာမည်ကျော် Queen အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Bohemian Rhapsody” ကို တီးမှုတ်နေခဲ့ကြတာပါ။

Ladbible

ကမ္ဘာလှည့်ခရီးသွားတွေအပါအ၀င် အနီးကနေ ဖြတ်သွားသူတွေက ဒီ တီးလုံးသံကြောင့် တအံ့တသြဖြစ်ခဲ့ကြပြီး တီးဝိုင်းအဖွဲ့ရဲ့ တီးမှုတ်နေမှုကို ဗီဒီယိုမှတ်တမ်းတင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဒီ ဗီဒီယိုဖိုင်လေးက တွစ်တာပေါ်ကို ရောက်ရှိသွားခဲ့ပြီး နာမည်ကြီးသွားခဲ့တာပါ။

Ladbible

သူတို့ဟာ အတွေ့အကြုံရင့် တီးဝိုင်းသမားတွေပီပီ “Bohemian Rhapsody” ကို အကောင်းဆုံး တီးမှုတ်နေခဲ့ကြပြီး သူတို့ရဲ့ တီးလုံးသံက နားထောင်ရသမျှထဲမှာ အကောင်းဆုံးပဲလို့ မှတ်ချက်ပေးသူတွေလည်း ရှိကြပါတယ်။

READ
မသန်စွမ်းဖြစ်သွားပေမယ့် ဗြိတိန်အမြင့်ဆုံးတောင်ကို ၀ှီးချဲနဲ့တက်တဲ့ စက်ဘီးချန်ပီယံဟောင်း

တချို့ကတော့ အင်္ဂလန်ဘုရင်မကြီးရဲ့ တော်ဝင်တီးဝိုင်းအဖွဲ့ထဲမှာလည်း ခေတ်မှီသူတွေ ရှိနေကြတယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး နိုင်ငံတော်သီချင်းတွေချည်းတီးနေရတာ ပျင်းလာတာကြောင့်ဖြစ်မယ်လို့ ပြောဆိုနေသူတွေလည်းရှိကြပါတယ်။

“Bohemian Rhapsody” အမည်နဲ့ ရိုက်ကူးထားတဲ့ ဖရက်ဒီမာကျူရီအကြောင်း ရုပ်ရှင်ဟာ အင်္ဂလန်မှာတော့ အပေါက်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပြီး မာကျူရီနေရာမှာ သရုပ်ဆောင်တဲ့ ရာမီ မာလက်ခ်ဟာ ရွှေကမ္ဘာလုံးဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါ။ ဗြိတိန်တော်ဝင်တီးဝိုင်းအဖွဲ့ဟာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “Bohemian Rhapsody” ရုပ်ရှင်ရပြီးပြီးချင်း မရှေးမနှောင်းမှာပါ အဆိုပါရုပ်ရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ တီးခတ်ခဲ့တာလို့လည်း သိရပါတယ်။

တွစ်တာသုံးစွဲသူတွေကတော့ Queen ရဲ့ သီချင်းတွေဟာ နေရာပေါင်းစုံက လူတွေကို အမှတ်ရစေခဲ့ပြီး ပိုမိုနီးကပ်သွားအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : ladbible

SHARE