သဝန်တိုတတ်တဲ့ချစ်သူဆီက အထူးမွေးနေ့လက်ဆောင် ရလိုက်တဲ့ အမျိုးသား

သ၀န်တိုတတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမ ချစ်သူကို မွေးနေ့မှာ အမိုက်စား အမှတ်တရလက်ဆောင် ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ သူမရဲ့ ပုံနဲ့ သူမဆီက ပေးထားတဲ့ သတိပေးချက်တစ်ချို့ကို စတေကာရိုက်နှိပ်ထားတဲ့ တီရှပ်ဖြစ်ပြီး ဒီအကြောင်းက ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်ပျံ့နှံ့သွားခဲ့ပါတယ်။

ladbible

သူမက အဲ့ဒီ တီရှပ်ကို မွေးနေ့မှာ ပေးခဲ့ပြီး ညဘက် ဘော်ဒါတွေနဲ့ အပြင်ထွက်တိုင်း မ၀တ်မနေရ ၀တ်ရမယ်ဆိုပြီး အမိန့်ထုတ်ခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ နေထိုင်တဲ့ အသက် (၂၄) နှစ်အရွယ် Holly Cockerill ဆိုတဲ့ အမျိုးသမီးက သူမချစ်သူ Karl Hennan (၂၈) ကို တခြား ယောင်္ကျားလေး အပေါင်းအသင်းတွေနဲ့ မွေးနေ့ညနေ အပြင်မထွက်ခင်လေးမှာ လက်ဆောင်ကို အမှီပေးခဲ့ပါတယ်။ အဲ့ဒီလို ပေးပုံကိုလည်း တွစ်တာပေါ်မှာ တင်ခဲ့ပြီး အားပေးသူ (၁၂,၀၀၀) အထိ ရရှိခဲ့သလို ရှဲပြုလုပ်မှုဟာလည်း (၁၉၀၀) အထိ ရှိခဲ့တယ်လို့သိရပါတယ်။

READ
အွန်လိုင်းမှာနာမည်ကြီးနေတဲ့ သောကရောက်နေတဲ့ လူမျက်နှာနဲ့မျောက်ကလေး
Jam Press

Karl က ချစ်သူပေးတဲ့ လက်ဆောင်ကို တကယ်ကြီး သဘောမကျပါဘူး။ အပြင်ထွက်ရင် သူ အဲ့ဒီတီရှပ်ကို မ၀တ်ချင်ကြောင်း တွစ်တာပေါ်မှာ ပြောထားတာတွေ့ရပါတယ်။ Holly ကတော့ နိုးပဲ။ အချိန်တိုင်းဝတ်ထားရမယ်တဲ့…။ အဲ့လို သ၀န်တိုတာ။

Holly ရဲ့ စိတ်ကူးဉာဏ်ရွှင်ပုံကို အားပေးခဲ့ကြတဲ့ သူတွေလည်း အများကြီးရှိပြီး  ဒါသက်သက် အိုဗာတင်းတာ၊ စိတ်မချတာ အလွန်ကြီး ဆိုပြီး သဘောမကျကြတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီ့ထဲမှာမှ လူတစ်ယောက်က စာလုံးပေါင်း မှားနေတာကို ကြံဖန်ရှာတွေပြီး ထောက်ပြခဲ့ပါသေးတယ်။ Your နေရာမှာ You’re ဖြစ်ရမှာဖြစ်တဲ့အတွက် ဒဲ့ကြီးဝင်ဖောက်ထားတာကိုလည်း တွေ့ရပါတယ်။

Jam Press

ဘယ်သူတွေ ဘာပဲပြောနေနေပါ Holly နဲ့ Karl တို့ရဲ့ ချစ်သူသက်တမ်းဟာ (၇) နှစ်ရှိပြီ ဖြစ်ပြီး သူတို့ကို ကြည့်မရတဲ့ သူတွေကိုလည်း ဒါ ဟာသ တစ်ခုသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ Holly လိုပဲ ချစ်သူ သိပ်ချစ်ပြီး စိတ်မချတဲ့ သူတွေ စမ်းကြည့်သင့်တယ်နော်….။

READ
ပန်းလေးတွေ ဘယ်သူလာလာချပေးထားလဲ စောင့်ကြည့်ရာမှ သိလိုက်ရတဲ့အဖြစ်မှန်

Source: Lad Bible

Matthew (ShweMOM)
SHARE