ကြည့်ရှုသူတိုင်းကို ပါးစပ်အဟောင်းသွားဖြစ်သွားစေခဲ့တဲ့ Got Talent winner တစ်ဦး

America's Got Talent

Got Talent ဆိုတာ နိုင်ငံတိုင်းလိုလိုမှာ တစ်နှစ်တစ်ခါပြုလုပ်နေတဲ့ talent ဖော်ပွဲဖြစ်ပါတယ်။ Got Talent မှာ ကိုယ်အကျွမ်းကျင်ဆုံး ပညာရပ်တစ်ခုကို အစွမ်းကုန်အားထုတ်ပြသရပြီး နိုင်ငံကိုယ်စားပြု Got Talent winner တစ်ဦးကို မွေးထုတ်ပေးလေ့ရှိပါတယ်။

အဆို၊ အက၊ မျက်လှည့် စတာတွေကတော့ Got Talent ပြိုင်ပွဲတိုင်းလိုလိုမှာ အမြဲတွေ့ရလေ့ရှိတဲ့ ပညာရပ်တွေပါ။ ယူကရိန်းရဲ့ ၂၀၀၉ Got Talent winner ကတော့ ပုံမှန်တွေ့မြင်နေကျပုံစံမျိုးမဟုတ်တဲ့ ပါရမီပညာမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

America’s Got Talent

ပြိုင်ပွဲအစကတည်းက ဒိုင်တွေနဲ့ ပရိတ်သတ်တွေကိုပါ ဟာခနဲ ဟင်ခနဲ ဖြစ်စေခဲ့ပြီး တစ်ပွဲနဲ့တစ်ပွဲ သူမရဲ့ တင်ဆက်ပြသပုံတွေကလည်း ထပ်နေတာမျိုးမရှိဘဲ ကွဲပြားနေခဲ့ပါတယ်။

၂၀၀၉ Ukraine’s Got Talent winner ကတော့ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးပါ။နာမည်ကတော့ Kseniya Simonova ဖြစ်ပြီး သားတစ်ယောက်မိခင်ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ (၁၀) နှစ်က Ukraine မှာ winner ဖြစ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်မှာတော့ America’s Got Talent ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

READ
အင်္ဂလန်-ဆွီဒင် ပွဲစဉ်မှာ အသာစီးရမယ့် ဆွီဒင်ရဲ့အလှတရားတွေ
American’s Got Talent

(၁၀) နှစ်ကြာတာတောင် သူမရဲ့လက်ရည်တွေကမကျသေးဘဲ အခုအချိန်အထိ ဒိုင်တွေနဲ့ ကြည့်ရှုသူပရိတ်သတ်တွေကို အံ့သြစေတုန်းပါပဲ။

America’s Got Talent

Kseniya ပြသခဲ့တဲ့ ပညာကတော့ သဲပန်းချီပါ။ သဲပန်းချီဆိုလို့ သဲတွေနဲ့ ပုံသေပန်းချီကားတစ်ချပ် ရေးဆွဲတယ်မထင်လိုက်ပါနဲ့။ သဲပန်းချီနဲ့ ပုံပြင်တစ်ခုကို animation လိုမျိုး ပုံဖော်ပြီး ပြသသွားတာပဲဖြစ်ပါတယ်။ ပုံပြင်လေးတွေကို သဲနဲ့ရေးဆွဲကာ ဖော်ပြသွားတဲ့ ရုပ်ပြဝတ္ထုတိုလိုပုံစံလေးပါ။

America’s Got Talent
America’s Got Talent

ဒီတစ်ခေါက်မှာတော့ Kseniya ဟာ အရွယ်ရောက်ကြီးပြင်းသွားတဲ့အခါ မိဘတွေကို မေ့ထားတဲ့ခဲ့ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကိုပုံဖော်ပြသွားခဲ့တာပါ။ ဒီလိုအဖြစ်အပျက်မျိုးဟာ လူတိုင်းမှာ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ ငယ်စဉ်ဘဝက မိဘတွေက ကျွေးမွေးစောင့်ရှောက်ပြီး တယုတယမွေးခဲ့ကြပေမယ့် အရွယ်ရောက်ကြီးပြင်းလာတဲ့အခါ အလုပ်တွေ၊ အိပ်မက်တွေနောက်လိုက်ရင်း ကိုယ့်မိဘနှစ်ပါးကို မေ့နေတတ်ကြပါတယ်။

America’s Got Talent

မိဘတွေလူ့လောကထဲက ထွက်သွားကာမှ ယူကျုံးမရဖြစ်ကာ အတူမနေလိုက်ရတဲ့ အချိန်တွေကို တမ်းတရင်းနောင်တရတတ်ကြပါတယ်။ တကယ့်လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို ခြေခံရင်း ရုပ်ပြပုံပြင်ဖန်တီးခဲ့တဲ့ Kseniya ကတောာ့ MC ဖြစ်တဲ့ Terry Crew ရဲ့ အထူးလက်မှတ် Golden Buzzer ကို ရရှိကာ Final ကိုတက်သွားခဲ့ပါတယ်။

READ
မြောက်ကိုရီးယားမှာ ညစ်ညမ်းဇာတ်ကားကြည့်ပါက ထောင်ကျနိုင်
America’s Got Talent

ပုံမှန်ဆိုရင်တော့ ဒိုင်တွေသာ Golden Buzzer ကို နှိပ်ခွင့်ရှိတာဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ MC လုပ်သူက Golden Buzzer ကို နှိပ်တာဒါပထမဦးဆုံးလို့ဆိုရမှာပါ။

America’s Got Talent

Source: Daily Mail

Penny

 

 

SHARE